ရဲစခန်းအား မတိုက်ခင် စခန်းမှူးနှင့်ရဲတပ်သား ၂ ဦး CDM ပြုလုပ်

RNA – စက်တင်ဘာ ၉ ရက်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအား စက်တင်ဘာလ ၈ ရက်နေ့က စတင်မတိုက်ခိုက်မှီ စခန်းမှူးနှင့် ရဲတပ်သား ၂ ဦး CDM ပြုလုပ်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေး အထူးတပ်ဖွဲ့ ( MSPDF) က ယနေ့တွင် ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်တွင် MSPDF နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များက အာဏာသိမ်း စစ်ကောင်စီလက်နက်ကိုင်များကို စက်တင်ဘာလ ၈ ရက်နေ့က မြို့နယ်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ကျောက်ရစ် ရဲစခန်းအား ဝင်တိုက်ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း၊ နဘတ် ရဲစခန်းအား ဝင်ရောက်မီးရှို့ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *