ဂန့်ဂေါမြို့မှာ ညကင်းလှည့်သည့် စစ်ကောင်စီကား တိုက်ခိုက်ခံရ

ဂန့်ဂေါ၊ စက်တင်ဘာ ၈ ရက်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့တွင် ပုမှန်နီးပါး ကင်းလှည့်နေသည့် စစ်ကောင်စီ လက်နက်ကိုင် ယာဉ်တန်းကို စက်တင်ဘာလ ၇ ရက်နေ့ည ၉ နာရီဝန်းကျင်က YDF က ကြားဖြတ် ပစ်ခတ်ရာတွင် စစ်ကောင်စီလက်နက်ကိုင် ၉ ဦးဝန်းကျင်သေဆုံးပြီး ဒဏ်ရာရရှိသူများပါရှိခဲ့ကြောင်း ယောဒေသကာကွယ်ရေး တပ်ဖွဲ့ ( YDF ) ယနေ့ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က ရွေးကောက်ခံ အစိုးရခံမှ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့ စပ်တပ်လက်အောက်ခံ လက်နက်ကိုင် ( ရဲ နှင့် စစ်သား) များ ‌တိုင်းရင်းသားဒေသ တိုက်ပွဲများနှင့် မြို့ပြ ပြောက်ကျားအဖွဲ့များ၏ ပစ်ခတ်မှုကြောင့် သေဆုံးသူ များပြားနေပြီဖြစ်ကြောင်း၊ ပြည်သူ့ရင်ခွင်ခိုလှုံသွားသည့် ရဲနှင့်စစ်သား ၂၀၀ဝ ဝန်းကျင်ရှိနေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစပြီး နွေဦးတော်လှန်ရေး ကာလ စက်တင်ဘာလ ၈ ရက်နေ့အထိ အာဏာသိမ်းစစ်တပ် လက်နက်ကိုင်အဖွဲ့များ၏ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရသူ ( ၁၀၅၄ ) ဦးရှိပြီး၊ ဖမ်းဆီးခံရသူ (၆၃၂၄) ဦးရှိကြောင်း ယနေ့တွင် AAPP က ထုတ်ပြန်ထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *