လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ် မချုပ်ငြိမ်းသေးသမျှ တော်လှန်ရေးခရီးကြမ်းကို ဆက်လှမ်းနေမည်

RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

တအာင်းအမျိုးသားများနှင့် ဘဝတူတိုင်းရင်းသားများ မြန်မာနိုင်ငံမှာ လူမျိုးကြီး ဝါဒနှင့် စစ်အာဏာရှင် စနစ် မချုပ်ငြိမ်းသမျှ တော်လှန် ရေးခရီးကြမ်းကို ဆက်လှမ်းနေရမည်ဟု TNLA ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက (၅၉) နှစ်ပြည့် တအာင်း အမျိုးသားတော်လှန်ရေးနေ့မှာ ပြောကြားခဲ့သည်။

တအာင်းအမျိုးသားများသည် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ လူ့အခွင့်အရေး တန်းတူရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် မလွှဲမရှောင်သာ လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲခဲ့သည်မှာ ၁၉၆၃ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့က တည်းက ယနေ့အချိန်ထိ (၅၉) နှစ် ပြည့်ပြီဖြစ် ကြောင်း၊ ပလောင်ပြည်နယ် ရရှိရေးနှင့် လူမျိုး၊ ဘာသာစကား၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ် အလာ၊ မိမိဒေသ နယ်မြေများ ထပ်မံမဆုံးရှုံးရအောင် ပလောင်လွတ်မြောက်ရေးတပ်ဦး P. S. L.F နှင့် ဒေသခံ မိဘပြည်သူများ ခိုင်ခိုင်မာမာလက်တွဲပြီး ကာကွယ်စောင့်ရှောက် နေရခြင်းဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောကြားထားသည်။

(၅၉) နှစ်ပြည့် တအာင်း အမျိုးသားတော်လှန်ရေးနေ့ကို ဇန်နဝါရီလ ၁၂ ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာတွင် စစ်ရေးပြအခမ်းအနားဖြင့် ကျင်းပခဲ့ပြီး၊ မဟာမိတ်အဖွဲ့များ၊ NUG ကာကွယ်ရေး ဝန်ကြီးဌာနတို့က သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။

Video: (၅၉) နှစ်ပြည့် တအာင်း အမျိုးသား တော်လှန်ရေး အခမ်းအနား စစ်ရေးပြမြင်ကွင်း ဒေသခံတဦး ရိုက်ကူးထားသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *