စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

RNA_ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုထိုးသာ ကျေးရွာကို ယနေ့ နေ့လည်ပိုင်းက ဦးနှောက်ရွာ ဝင်စီးသလို လေယာဉ်သုံးပစ် စစ်ကောင်စီတပ်သားတွေ ရွာထဲ တပ်စွဲထားသည်ဟု သိရသည်။

” ဦးနှောက်ရွာ လုပ်သလိုပဲ၊ ရွာထဲကို လေယာဉ်နဲ့ ပစ် ခစတွေချ ပြီးရင်ရွာထဲမှာ တပ်စွဲ ရွာသူရွာသားတွေကို။သတ်ဖြတ် နှိပ်စက်တော့မှာ၊ ဘာလိုရွာမှာ တပ်စွဲလဲ မသိရသေးဘူး စာသင်ကျောင်စထဲမှာလို့ပြောတယ်၊ ဒေသခံတွေလဲ ပြေးရတယ်၊ ပိတ်ပိတဲ့သူကတော့ သေသလိုပဲ၊ ဦးနှောက်ရွာမှာ အတော်ခံနေကြရတယ်၊ ဘယ်လောက်သေလဲဆိုတာက သူတို့ရွာက ထွက်မှ ပျောက်တဲ့သူနဲ့ အလောင်းနဲ့ တွေ့တာကို စစ်ကြည့်ရတာ” ဟု ပုလဲမြို့နယ် ဒေသခံ တဦးက ပြောသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့က ဗိုလ်နဂါးကို ဖမ်းမည်ဟုဆိုကာ ဦးနှောက်ရွာကို စစ်ကောင်စီတပ်ကညလေယာဉ်များဖြင့် ဝိုင်းပစ်ကာ တပ်ချပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်ကြကြောင်း၊ ယနေ့အထိ ကျေးရွာအတွင်း တပ်ရှိနေပြီး ဖမ်းဆီးခံပြည်သူများကို မလွှတ်သေးကြောင်း၊ ကျေးရွာဝင်စီးစဉ် ဒေသခံတချို့ သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

လူမှုကွန်ယက်တွင် ပြန့်နှံ့နေသည့် ဦးနှောက်ရွာမှလွတ်လာသူတဦးက ” ကျနော်တို့ကတော့ အသက်50 ကျော်တွေဆိုတော့ သက်သာပါတယ် သက်သာတယ်ဆိုပေမဲ့လဲ ၊ကလေးတွေနဲ့စာရင်သက်သာတယ်လို့ပြောရတာပါ။ ကျနော့နားရွက်ကို ကပ်ကြေးနဲ့ ကိုက်တယ်၊ ဝမ်းလျားမှောက်ခိုင်းပြီးကျောပေါ်ကို အကြိမ်ရေ လေးဆယ်ကျော် တက်ပြီးခုံတယ်၊ ခြေတလုံးတွေနဲ့ ကျောတွေပေါ်ကို ဝါးစိမ်းတုတ်နဲ့ အချက်ပေါင်း ရေတွက်လို့မရအောင်ရိုက်တယ်၊ကျနော့ရဲ့ခန္ဓာကိုယ်ပေါ်ရဲ့နေရာတော်တော်များများကို သံတုတ်တချောင်းတင်ထောက်ထားပြီး အပေါ်ကတူနဲ့ထုတယ် ကျနော်သက်သာတယ်ဆိုတာတောင် မသေရုံတမယ်လေးပါ” ပြောသည်ဟု ပြန့်နှံ့‌နေသည်။

စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့နယ်၊ ကနီမြို့နယ်၊ ယင်းပာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ ဝက်လက်မြို့နယ်၊ ဒီပဲယင်းမြို့နယ် စသည့် မြို့နယ်အများအများကို စစ်ကောင်စီတပ်က လေကြောင်းအပါအဝင်လက်နက် ကြီးပစ်ခတ်မှူ စစ်ကြောင်းထိုးမှုများ အပြင်းအထန်လုပ်နေကြောင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကလည်း အင်တိုက်အားတိုက် တိုက်ခိုက်နေကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *