မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရင်ကြားစေ့ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ကြရန် အားပေးသည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ပြော

RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောက်လှိုင်နှင့် တွေ့ဆုံးစဉ် မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းမှု ရရှိစေရန် နားလည်ခွင့်လွှတ်မှုတို့ဖြင့် ရင်ကြားစေ့ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် အထူးအားပေးကြောင်း ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုကပြောကြားခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက မင်းအောင်လှိုင်နှင့်အဖွဲ့သည် လုံခြုံရေး အထပ်ထပ်ချကာ စိန့်မေရီဘုရားကျောင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် မြန်မာပြည်၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။

” ခရစ်စမတ် အခါတော်ရက်မြတ်တွင် စုဝေး၍ မိတ်သ ဟာယပြုနေကြသော ကျွန်ုပ်တို့အားလုံးသည် မိမိတို့နှင့်ဆိုင်ရာ နယ်ပယ်အသီးသီးမှနေ၍ မြန်မာပြည်ကြီး အမြန်ဆုံးငြိမ်းချမ်းမှု၊ စည်းလုံးတိုက်တက်မှုများ ရရှိစေရေးအတွက် တစ်ဦးနှင့်တစ်ဦး နားလည်ခွင့်လွှတ်မှု၊ အပြန်အလှန်လေးစားမှု၊ အနာဂတ်လူငယ်မျိုးဆက်သစ်များအတွက် အခွင့်အရေးဖန်တီးပေးမှုများ၊ စစ်မှန်ရိုးသားသော တွေ့ဆုံဆွေးနွေးမှုများဖြင့် ရင်ကြားစေ့ရေး လုပ်ငန်းများကို စိတ်သစ်လူသစ်များဖြင့် ပြန်လည်ဆောင်ရွက်ကြရန် အထူးအားပေးပါသည်။ မေတ္တာရပ်ခံ ဖိတ်ခေါ်အပ်ပါသည်” ဟု ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့သည်။

မင်းအောင်လှိုင်နှင့်အဖွဲ့သည် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုနှင့် တွေ့ဆုံမှုအပြီး ညပိုင်းတွင် လေးလေ့ကော်ကို လေကြောင်းအသုံးပြီး ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းများ ပြုလုပ်လိုက်သည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *