အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။

အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူများက ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ပြောကြားထားကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။

စက်တင်ဘာကုန်၌ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းမှုသည် အီရတ်နိုင်ငံတွင်း ဆယ်စုနှစ် (၂) ခုကျော်ကြာ ရှိနေခဲ့သည့် ၎င်းတို့၏ စစ်ဆင်ရေးကို အဆုံးသတ်ခဲ့ခြင်းခဲ့ဖြစ်သည်။

အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုသည် ဘဂ္ဂဒက်နှင့် ဝါရှင်တန်ကြား ပြီးခဲ့သည့် (၂) နှစ်ကျော်ကတည်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း အီရန်နှင့် အမေရိကန်ကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခသည် အီရတ်နိုင်ငံတွင်းသို့ ကူးစက်မှုများလည်း ရှိနေခဲ့သည်။

အီရန်စစ်တပ် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များကလည်း အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများရှိနေပြီး အမေရိကန်ကလည်း ယင်းအဖွဲ့များ၏ အခြေစိုက်စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုများလည်း ရှိနေသည်။

အမေရိကန်တပ်ဖွဲ့များ အီရတ်နိုင်ငံတွင်းမှ ရုပ်သိမ်းသွားမှုသည် ၎င်းတို့အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် တည်ငြိမ်မှုကို ပိုမိုထိန်းချုပ်လာနိုင်ကြောင်းကို ပြသလိုက်ခြင်းပင်ဖြစ်ကြောင်း အီရတ်တာဝန်ရှိသူများက ပြောသည်။

စက်တင်ဘာကုန်ပိုင်း၌ အမေရိကန်တပ်များ အပြီးတိုင်းရုပ်သိမ်းမှုအပေါ် အီရန်အစိုးရ ကျောထောက်နောက်ခံ အဖွဲ့များ အောင်ပွဲခံနေကြသော်လည်း အီရတ်ပြည်သူအချို့က ၎င်းတို့၏ လုံခြုံရေးအတါက် စိုးရိမ်မှုများ ရှိနေဆဲဖြစ်သည်။

အီရတ်နိုင်ငံမြောက်ပိုင်း ကာဒစ်ဒေသ အီရာဘစ် (Irbit) ရှိ အမေရိကန်စစ်အခြေစိုက်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် စစ်ဘက်ဆိုင်ရာလက်နက်များကို စနစ်တကျဖြုတ်သိမ်းကာ တပ်များ ပြန်ရုပ်သိမ်းနေပြီဖြစ်ကြောင်း ပင်တဂွန်ပြောရေးဆိုခွင့်ရှိသူ Sean Parnell က ထုတ်ပြန်ပြောကြားထားသည်။

ယခုကဲ့သို့ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုသည် ၂၀၀၃ ခုနှစ်က စတင်ခဲ့သည့် အီရတ်နိုင်ငံအား စစ်ရေးအရ ကျူးကျော်ကာ ဆာဒမ်ဟူစိန်အစိုးရအား ဖြုတ်ခဲ့သည့် အမေရိကန်စစ်တပ်၏ (၂၃) နှစ်ကြာ စစ်ဆင်ရေး၏ အဆုံးသတ်တစ်ခုလည်း ဖြစ်ခဲ့သည်။

By RNA Editor