RNA_စက်တင်ဘာ(၁၈)၊၂၀၂၆ခုနှစ်။
အစ္စရေးလူမျိုး (၃) ဦးအပါအဝင် နိုင်ငံခြားသား (၄) ဦးကို တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် ဂျူးသင်္ချိုင်း၌ မီးသင်္ဂြိုလ်မှုအပေါ် ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး ထိုင်းဥပဒေနှင့် ထိုင်းလူမှုအသိုင်းအဝိုင်းနှင့် ယဉ်ကျေးမှုကို လေးစားရန်လိုအပ်ကြောင်း အစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့သည်။
“ကိုယ်ပိုင်သင်္ချိုင်းတည်ဆောက်ဖို့ ခွင့်ပြုချက်တောင်းတယ်ဆိုတာ ကျွန်တော် အခုလေးတင်မှ သိလိုက်ရပါတယ်။ ဒါက စည်းမျဉ်းစည်းကမ်းတွေကို ကျော်လွန်သွားပါပြီ။ ဘာသာရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေကို တည်ဆောက်ဖို့ဆိုတာ ဒီလောက်မရိုးရှင်းပါဘူး”ဟု အနုထင်ချန်ဗီရာကူက စက်တင်ဘာ (၁၇) ရက် ပြည်ထဲရေးဝန်ကြီးဌာန အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းက ချာချိုင်ဆောင်ခရိုင်အတွင်း၌ ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် ဂျူးသင်္ချိုင်း၌ အစ္စရေးနိုင်ငံသား (၃) နှင့် အခြားနိုင်ငံခြားသား (၁) ဦးတို့ကို မီးသင်္ဂြိုလ်ခဲ့ပြီး မြှုပ်နှံခဲ့မှုအပေါ် ထိုင်းအာဏာပိုင်များက စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ ယင်းနောက် ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားသည့် သင်္ချိုင်း၌ မြှုပ်နှံထားသူ (၄) ဦးကိုလည်း ချွန်ဘူရီခရိုင်ရှိ တရားဝင်သင်္ချိုင်း၌ ပြောင်းရွှေ့မြှုပ်နှံပေးခဲ့ကြောင်း သိရသည်။
“ခင်ဗျားတို့အနေနဲ့ သေမယ်ဆိုရင် ကိုယ့်နိုင်ငံကိုပြန်ပြီးမှ သေဆုံးသင့်ပါတယ်။ ဒီမှာ သေဆုံးဖို့ မလိုပါဘူး။ ကျွန်တော်တို့အပေါ် ခေါင်းပုံဖြတ်အမြတ်ထုတ်ထားတာမျိုး မလုပ်ပါနဲ့။ ပြီးတော့ စားသောက်ဆိုင်ဖွင့်ဖို့ တရားဝင်ခွင့်ပြုချက်တွေရယူပြီးမှ ဝတ်ပြုရာနေရာမျိုးတွေ မလုပ်ကြပါနဲံ” ဟု ထိုင်းဥပဒေကို မလိုက်နာသည့် နိုင်ငံခြားသားများကို အနုထင်က ပြင်းပြင်းထန်ထန် ပြောကြားခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံသို့လာရောက်သည့် နိုင်ငံခြားသားများအားလုံးကို ကြိုဆိုကြောင်း၊ နှစ်ဦးနှစ်ဖက် ဆက်ဆံရေးနှင့်ပတ်သက်၍ လေးစားတန်ဖိုးထားရန် လိုကြောင်း၊ နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုကြောင့် နိုင်ငံ၏ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ်ရှိသည်ကို အလေးထားပါကြောင်း၊ သို့သော် တရားမဝင်လုပ်ဆောင်မှုများနှင့် ဥပဒေချိုးဖောက်မှုများကို ခွင့်ပြုမှာမဟုတ်ကြောင်း အနုထင်က ဖြည့်စွက်ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် အနုထင်က နိုင်ငံခြားသားများနှင့်ပတ်သက်၍ တင်းမာသည့် သဘောထားရှိသူတစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ် ၎င်း ကျန်းမာရေးဝန်ကြီး တာဝန်ထမ်းဆောင်ချိန် ကိုဗစ်ကာလကလည်း နိုင်ငံခြားသားများ နှာခေါင်းစည်း (Mask) မဝတ်ဆင်မှုအပေါ် ဝေဖန်ခဲ့ပြီး နိုင်ငံတွင်းမှ နှင်ထုတ်သင့်ကြောင်းနှင့် နိုင်ငံခြားသားများသည် အဝတ်အစား ညစ်ညစ်ပတ်ပတ် ဝတ်ဆင်လေ့ရှိကြကြောင်းနှင့် ရေမချိုးကြကြောင်း ၎င်း၏ လူမှုကွန်ရက်နှင့် ဆက်စပ်အကောင့်တို့၌ ရေးသားခဲ့ဖူးသော်လည်း ၎င်း ရေးသားခဲ့ခြင်းမဟုတ်ကြောင်း အနုထင်က ငြင်းဆိုထားသည်။
ထိုင်းနိုင်ငံတွင်း ခွင့်ပြုချက်မဲ့ ဂျူးသင်္ချိုင်းဆောက်လုပ်မှုအပေါ် အနုထင် ပြင်းပြင်းထန်ထန် ဝေဖန်