🔴 [EXCLUSIVE] ရခိုင်ပြည်အတွက် အသက်တမျှ အရေးကြီးတဲ့ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲ

Red News Agency ရဲ့ နိုင်ငံရေးနှင့် စစ်ရေး အထူးသုံးသပ်ချက် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီကနေ့မှာတော့ ရခိုင်ပြည်အတွက် အသက်တမျှ အရေးကြီးနေတဲ့ “ကျောက်ဖြူမြို့ ထိန်းချုပ်ရေးနှင့် အာရက္ခအနာဂတ်” ဆိုတဲ့ အကြောင်းအရာကို စစ်ရေး၊ နိုင်ငံရေး လေ့လာသူ “စစ်လွင်မင်းသိမ်း” ရဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။

🔴 ယနေ့ သုံးသပ်ချက် အနှစ်ချုပ် – အာရက္ခအိပ်မက်နှင့် ကျောက်ဖြူ၏ အရေးပါမှု – အာရက္ခတပ်တော် (AA) အနေဖြင့် ကျောက်ဖြူမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါက အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရ၏ အနာဂတ်အတွက် များစွာ လှပလာနိုင်မည်ဖြစ်ပြီး၊ အကယ်၍ မလွှမ်းမိုးနိုင်ခဲ့ပါက အာရက္ခအိပ်မက် ပြည့်ဝနိုင်ပါ့မလားဆိုသည့် အရေးကြီးသော မေးခွန်းများ။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၏ မဟာဗျူဟာ – နိုင်ငံတကာနှင့် ဒေသတွင်း ကုန်သွယ်ရေး၊ ပထဝီနိုင်ငံရေးအရ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းသည် မည်မျှအထိ အသက်တမျှ အရေးပါနေသလဲဆိုသည့် အချက်အလက်များ။ တရုတ်၏ ရပ်တည်ချက်နှင့် မင်းအောင်လှိုင်၏ တုံ့ပြန်မှု – မင်းအောင်လှိုင်ဦးဆောင်သည့် နေပြည်တော်တာဝန်ရှိသူများအနေဖြင့် တရုတ်၏ စကားကို နားထောင်မည်လား၊ တရုတ်နိုင်ငံအနေဖြင့်ရော ၎င်း၏ ဘီလီယံချီ ရင်းနှီးမြှုပ်နှံထားသော စီမံကိန်းများကို အထိအခိုက်ခံမည်လားဆိုသည့် စိတ်ဝင်စားဖွယ် နိုင်ငံရေး ကစားကွက်များ။ AA ၏ ရှေ့ဆက်မည့် ခြေလှမ်းများ – ယင်းကဲ့သို့ အကဲဆတ်လှသော နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများကြားတွင် အာရက္ခတပ်တော် (AA) အနေဖြင့် မည်သို့သော ဗျူဟာများဖြင့် ရှေ့ဆက်သင့်သည့် အခြေအနေများကို သုံးသပ်တင်ပြထားပါသည်။

Red News Agency, Red News, RNA

By Editor