ကျောက်ကြီးမြို့နယ်အတွင်း ယနေ့တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၂၂) ဦးကို ဖမ်းဆီးရမိ

RNA_ဇွန်(၂၆)၊၂၀၂၅ခုနှစ်။

ပဲခူးတိုင်းစစ်ဌာန ၊ ဗျူဟာ(၂၅)တပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်ရင်း(၈)၊ တပ်ရင်း(၉)တို့ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးအဖြစ် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များကို ယနေ့ (ဇွန်လ ၂၆ ရက်) တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်အောက်ခံ (၂၂) ဦးကိုအရှင်ဖမ်းဆီးရမိသည်ဟု တောင်ပိုင်းစစ်ဒေသ အမှတ် -၂ စစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

 

အမှတ်(၂) စစ်ဒေသခွဲ(JOC)၏ ကွပ်ကဲမှုဖြင့် PDF နှင့် KNLA တို့ပူးပေါင်းပြီး စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး ယနေ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၇) ဦးထက်မနည်းသေဆုံးပြီး ကစဉ့်ကလျားဆုတ်ခွါထွက်ပြေးကြကြောင်း၊ တိုက်ပွဲအတွင်း လက်နက်မျိုးစုံ (၂၈)လက်နှင့်ခဲယမ်းများ၊ အခြားစစ်သုံးပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor