RNA_မတ်(၁၈)၊၂၀၂၅ခုနှစ်။
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အခြေစိုက်၊ ပခုက္ကူခရိုင်အမှတ် ၆ တပ်ရင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည် အားလုံး ပါဝင်သော တပ်ရင်းစုဖွဲ့မှုနှင့် လေ့ကျင့်မှု သင်တန်းဆင်းပွဲကျင်းပနိုင်ခဲ့သည်။
ပခုက္ကူခရိုင် အမှတ် -၆ တပ်ရင်း- Myaing Villages Revolution Front (MVRF) အနေဖြင့် ဒေသတွင်းမဟာမိတ်များဖြင့် တိုက်ပွဲဝင်ခဲ့မှုအတွင်း စစ်ကောင်စီတပ်သား (၁၆၆) ဦးသေဆုံးခဲ့ပြီး အရှင်ဖမ်းဆီးရမိသူ (၆) ဦးရှိကြောင်း၊ တိုက်ပွဲများအတွင်းမှ G3 ၅ လက်၊ G4 ၁ လက်၊ Ma4 ၃ လက်၊ Ma 1 ၇ လက်၊ Ma5 ၁ လက်၊ ကာဘိုင် ၃ လက်၊ Ma2 ၃ လက်၊ Ma3 ၅ လက်၊ Ma 11 ၁ လက်၊ 79 mm ၁ လက်၊ Ba 100 ၆၀ mm ၁ လက်၊ ပြောင်းရှည် ၁ လက်၊ M16 ၂ လက် ဒုတိယ ကမ္ဘာစစ်သုံး ခါချိုး ၂ လက်တို့ကို သိမ်းဆည်းရမိကာ၊ ရိက္ခာကား ၂ စီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြီး ၁၂ ဘီးကား ၂ စီးသိမ်းဆည်းနိုင်ခဲ့သည်ဟု MVRF က ယနေ့ ထုတ်ပြန်ထားသည်။
Myaing Villages Revolution Front (MVRF) ဆေးဌာနမှ ဆေးကုသပေးနိုင်ခဲ့သော လူနာပေါင်း ၇၅၀၀ ခန့်ရှိခဲ့ကြောင်း၊ တပ်ရင်းမှ ကျဆုံးအာဇာနည်ရဲဘော် ၁၀ ဦးရှိပြီး ယင်းအထဲမှ (၃) ဦးသည် မဟာမိတ် EAO များနှင့် လက်တွဲတိုက်ပွဲဝင်ခဲ့ရသော အကြမ်းဖက်စစ်ကောင်စီ၏ တိုင်းစစ်ဌာချုပ်သိမ်း တိုက်ပွဲများအတွင်း မြင့်မြတ်စွာ တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ရခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရ ရဲဘော် ၃၀ ဦးရှိကြောင်း သိရသည်။
#RedNewsAgency #REDNEWS #RNA