RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၅ခုနှစ်။
ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနှင့် မွန်ပြည်နယ်စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်ကြမည့် အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က လွတ်မြောက်နယ်မြေတစ်နေရာတွင် သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။
NUG/MOD – PDF တောင်ပိုင်းစစ်ဒေသ၏ လက်ရုံးအထူးတပ်ဖွဲ့ဖြစ်သော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ အပတ်စဥ် (၇)၊ အထူးစစ်ဆင်ရေးသင်တန်းသား (၂၅၀) ဦးသည် KNLA နည်းပြများ၊ SOF သင်တန်းနည်းပြများနှင့် US မရိမ်းသင်တန်းဆရာဟောင်း (မြန်မာနိုင်ငံသား)များ၏ နည်းစနစ်များ၊ လမ်းညွှန်ကွပ်ကဲမှုများဖြင့် လက်တွေ့ပစ်ခတ်မှုအများဆုံးနှင့် အကောင်းဆုံး ၄လခွဲကြာ လေ့ကျင့်ခဲ့ကြသော အထူးတပ်ဖွဲ့ဝင်များအဖြစ် မွေးထုတ်ပေးခဲ့ခြင်းဖြစ်သည်ဟု SOF ကယနေ့ ထုတ်ပြန်ထားသည်။
၂၀၂၅ စစ်ရေးအရှိန်မြှင့်ဆောင်ရွက်ရန် အထူးစစ်ဆင်ရေးသင်တန်းဆင်းရဲဘော်များဖြင့် အထူးတပ်ဖွဲ့ (တပ်ရင်း)များ တိုးချဲ့ဖွဲ့စည်းသွားမည်ဖြစ်ပြီး အဆုံးသတ်တိုက်ပွဲအတွက် ပါဝင်လိုသော လူငယ်/လူရွယ်၊ အမျိုးသား/အမျိုးသမီးများအား အပတ်စဥ် (၈) အတွက် သင်တန်းသားများ လက်ခံနေပြီဖြစ်ကြောင်း SOF ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency #REDNEWS #RNA