RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။
ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသည့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောအား သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူပလယာခရိုင်၊ ကောကရိတ်မြို့နယ် အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ်နေရာ၌ ဇန်နဝါရီလ (၃၁) ရက်နေ့ကကျရောက်သည့် (၇၆) မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနားကျင်းပစဉ် ဗိုလ်ဒါဘောအား သူရဘွဲ့တံဆိပ်ချီးမြှင့်ခဲ့ခြင်းဖြစ်သည်ဟု KNU ကထုတ်ပြန်ထားသည်။
#RedNewsAgency #REDNEWS #RNA