ဖောင်းပြင်မြို့နယ်မှာ အုပ်ချုပ်ရေးလစ်ဟာနေသော ကျေးရွာများတွင် တာဝန်ခံ ရွေးချယ်မှုများ ဆက်တိုက်ပြုလုပ်

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၅ခုနှစ်။

စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ စိုးမိုးနယ်မြေအတွင်း အုပ်ချုပ်ရေးလစ်ဟာနေသော တိုက်နယ်များကို ချိတ်ဆက်ပြီး ရပ်ကျေးတာဝန်ခံများကို ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံရေးအဖွဲ့မှ ဆက်တိုက်ပြုလုပ်နေကြောင်း သိရသည်။


တာဝန်ခံရွေးချယ်မှုကို ဖောင်းပြန်မြို့နယ်တွင်းရှိ အမှတ်( ၃) တိုက်နယ်၊ အမှတ် (၄) တိုက်နယ်တို့တွင် ကျေးရွာ ၄ရွာဖြစ်ပြီး အုပ်စု တာဝန်ခံ ၁ အုပ်စုတို့ကို ဇန်နဝါရီ ၂၀ မှ ၂၂ ရက်နေ့အတွင်း ရွေးချယ်ပေးခဲ့ကြောင်း၊ ပထမကြိမ်မှာ တိုက်နယ် ၂ ကို စတင်ရွေးချယ်ခဲ့ကြောင်း၊ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး ရွေးချယ်မှုများတွင်လည်း မှုခင်းအသိပညာပေးများ ဟောပြောမှုများပြုလုပ်ပေးခဲ့ကြောင်း နွေဦး – ဖောင်းပြင်ထံမှ သိရသည်။

 

မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ တာဝန်ပေးအပ်မှူနှင့် ဖောင်းပြင်မြို့နယ်တောင်ပိုင်း ပေါင်းစပ်ညှိနှိုင်းစီမံရေးအဖွဲ့မှ ဒေသခံပြည်သူလူထုများအား ရပ်မိရပ်ဖများ ဖိတ်ကြား၍ လစ်ဟာနေသော ကျေးရွာ အုပ်စု တိုက်နယ်များတွင် တာဝန်များရွေးချယ်ပေးနေကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှူ မဟိုကော်မတီမှ အတည်ပြု ထုတ်ပြန်ထားသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ လုပ်ငန်းလမ်းညွှန်နှင့်အညီဆောင်ရွက်နေသည်ဟု နွေဦး-ဖောင်းပြင်ထံမှ သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor