မဲချောင်းစခန်းကုန်နှင့် စစ်ဆေးရေးဂိတ် တိုက်ပွဲတွင် စကစတပ်သား (၅) ဦးထက်မနည်းသေဆုံးပြီး ရဲဘော် (၃) ဦးကျဆုံး

RNA_ဇန်နဝါရီ(၈)၊၂၀၂၄ခုနှစ်။
 
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၅) ဦးထက်မနည်းသေဆုံး​ လက်နက်ခဲယမ်းများနှင့် ဂိတ်ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း တော်လှန်ရေးရဲဘော် (၃) ဦးကျဆုံးခဲ့ကြောင်း သိရသည်။

မဲချောင်း (ရှစ်မိုင်) စခန်းကုန်းနှင့် စစ်ဆေးရေးဂိတ်ကို ဒူရက စစ်ကြောင်း ဦးဆောင်မှုဖြင့် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော်၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဖက်ဒရယ်ဒူဝံကြည်ဒရုန်းတပ်ဖွဲ့စသည်တို့ ပူးပေါင်းပြီး ဇန်နဝါရီလ (၂) ရက်နေ့ ညနေ (၂) ရီခန့်က တစ်နာရီကြာပစ်တိုက်တိုက်ခိုက်ခဲ့ကြကြောင်း၊ မဲချောင်း စစ်ဆေးရေးဂိတ်အား သိမ်းပိုက်နိုင်ခဲ့ပြီး MA ကျည်ဘောက် (၄)ခု၊ လက်ကိုင်ဖုန်း (၂) လုံး၊ စကားပြောစက် (၃) လုံး၊ ကျည် (၂၆၅) တောင့်နှင့် အီကွေးမန့် တစ်စုံတို့ သိမ်းဆည်းရမိသည်ဟု ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။

 
#RedNewsAgency #RedNews
By RNA Editor