ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၄ခုနှစ်။

ကရင်ပြည်နယ်၊ ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းနှင့် တောင်သုံးလုံးတပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၇)ရက် နှင့် (၁၁) ရက်နေ့များတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

 

ဆင်စွယ်တပ်စခန်းကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ KNLA၊ PDF၊ BPLA နှင့် FFD (ဒရုန်းတပ်ဖွဲ့) တို့က ပူးပေါင်းပြီး ဒီဇင်ဘာ (၇) ရက်နေ့က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ တောင်သုံးလုံးတပ်စခန်းကိုလည်း ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် မဟာမိတ် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် ထပ်မံတိုက်ခိုက်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်ဟု အမှတ်(၂)စစ်ဒေသခွဲ၊တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားသည်။

#RedNewsAgency #RNA #REDNEWS

By RNA Editor