စစ်ဘေးရှောင်စခန်း လေကြောင်းတိုက်ခိုက်ခံရပြီး သံဃာတော်များနှင့် ကလေးငယ်များအပါအဝင် ၁၂ ဦးသေဆုံး

RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ဝေါစုကျေးရွာရှိ စစ်ဘေးရှောင်စခန်းအား ယနေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီ ၃၀ မိနစ်ဝန်းကျင်က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် သံဃာတော်များ၊ ကလေးငယ်များအပါအဝင် (၁၂) ဦးခန့် သေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။

ဝေါစုကျေးရွာရှိ စစ်ရှောင်စခန်းအား ပြုလုပ်ခဲ့သော အကြမ်း ဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် စစ်ဆင်ရေးနှင့်လုံးဝမသက်ဆိုင်သော လုပ်ရပ်တစ်ခုဖြစ်ပြီး ဂုဏ်သိက္ခာအကင်းမဲ့ဆုံးသော စစ်ရာဇဝတ်မှုကို ပြောင်‌ပြောင်တင်းတင်း ကျူးလွန်နေခြင်းပင်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #RNA

By Editor