သတိလစ်မော့မြောနေသော ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက လွတ်ငြိမ်းအမိန့်ဖတ်ပြ

RNA_အောက်တိုဘာ(၆)၊၂၀၂၄ခုနှစ်။

အာဏာသိမ်းစစ်ကောက်စီက အဓမ္မဖမ်းဆီးထားသော မန္တလေး တိုင်း၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီးတွင် သတိလစ်မေ့မြောနေသည့်အနေအထားတွင် စစ်ကောင်စီလက်အောက်ခံများက ယနေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ဖတ်ပြသွားသည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD ပါတီ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်သည် အောက်တိုဘာ (၅) ရက်နေ့က ကျန်းမာရေးဆိုးရွားလာသည့်အတွက် မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရာ ယနေ့ ညနေပိုင်းအထိ သတိလစ်မြောနေချိန် စစ်ကောင်စီလက်အောက်ခံများက လွတ်ငြိမ်းချမ်းသာခွင့် အမိန့်လာဖတ်ပြခဲ့သည်ဟု NLD ပါတီဝင် တချို့ထံမှ သိရသည်။

#RedNewsAgency #RNA

By Editor