Tag: နွေဦးတော်လှန်ရေး
-

ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး
RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတားပတ်ဝန်းကျင်တွင် ယာယီတပ်စွဲ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး (၁၆) ဦးမနည်းသေဆုံးပြီး လက်နက် (၁၆) နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။[embedyt] https://www.youtube.com/watch?v=4_DgMYRivCA[/embedyt]တံတားယာယီတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ဗိုလ်ပိုင်ချဲ ( ကန့်ဘလူခရိုင် အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) စသည့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်၊ ပြောင်းချော သေနတ် ၁ လက်၊ G3 သေနတ် ၃လက်၊ MA1 သေနတ် ၁ လက်စသည်တို့ကို သိမ်းဆည်းရမိပြီး ကင်းတဲ့စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပကဖ အဖွဲ့ဝင်တဦးထံမှ သိရသည်။စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုပါဝင်သည့် ရုပ်သံ အပြည့်အစုံကြည့်ရန် >>> https://t.me/rednewsagency/7190#RedNewsAgency -

မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ
RNA_ဇူလိုင်(၂၀)၊၂၀၂၄ ခုနှစ်။မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် ဇူလိုင် (၁၇) ရက်နေ့ကတည်းက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ပြည်သူများကို အသိပေးထားသည်။“ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်” ဟု မန္တလေး PDF ကထုတ်ပြန်ထားသည်။ -

အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ
RNA_ဖားကန့် ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဖားကန့်မှော်လှည့်သပိတ် ပြည်သူများက မှော်ကျေးရွာ အချို့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေဖြင့်နင်းကာ “လူထုအားဖြင့် အာဏာရှင်စနစ် အဆုံးသတ်ရမည်” ၊ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ” စသည့် စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကျဆုံးရေး ယနေ့နံနက်ပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြသည်။
ယနေ့ နံနက် ဆန္ဒပြပွဲတွင် ကျဆုံးခဲ့လေသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးသမိုင်းတစ်လျောက် ကျဆုံးခဲ့ရသော အာဇာနည်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ -

စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်
“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်”ရန်နိုင် – Wiperမင်းအောင်လှိုင်က လူတတ်ကြီးလုပ်ပြီး မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ ခုချိန်မှာ အဖက်ဖက်က ထိုးနှက်ချက်တွေနဲ့ ကိုယ့်အမြှီးကိုယ်ပြန်မျိုနေတဲ့ မြွေလိုပဲ အချိန်ကြာလေ ပျက်စီးလေ ဖြစ်နေပြီ။ ပြည်သူတွေကတော့ အခက်ခဲကြားက အားကောင်း မောင်းသန်နဲ့ အကြမ်းဖက်စစ်တပ်ကို အဖက်ဖက်က ထိုးနှက်နိုင်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးဟာ အရှိန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန်ဖြစ်လာတာကို အားလုံးတွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။နွေဦးတော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းဆန့်ကျင်သူ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့ပေမယ့် တော်လှန်ရေးက နောက်ဆုတ်မသွားပဲ ပိုမိုအားကောင်းလာခဲ့တယ်။ တော်လှန်ရေးကြောင့် ပြည်တွင်းစစ်ရဲ့ တရားခံက အကြမ်းဖက်စစ်တပ်ပဲဆိုတာ ပြည်သူတွေ ထင်ထင်ရှားရှား သိလာကြတယ်။ အကြမ်းဖက်စစ်တပ်က မြန်မာ့နိုင်ငံရေးမှာ အမှိုက်တခုလို ဖြစ်နေပြီ ဆိုတာကို ရှင်းရှင်းလင်း သိလိုက်ကြရတယ်။ သမိုင်းတလျှောက် နိုင်ငံကိုဖျက်ဆီးနေတဲ့ စစ်အာဏာရှင်တွေ လုံးဝကင်းစင်သွားဖို့ လိုအပ်နေပြီဆိုတာကို တနိုင်ငံလုံးက လက်ခံလိုက်ကြပြီ။“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်” လို့ မြန်မာ့နိုင်ငံအရေး စစ်ရေးအနေအထား တွေကို တစိုက်မတ်မတ်အကြံပြုရေးသားနေတဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ အီဂေါဗလာဇီဗစ်က ဒီဗီဘီ သတင်းဌာနမှာ ဆွေးနွေးဖော်ပြထားခဲ့တယ်။ မင်းအောင်လှိုင် အပါအဝင် စစ်ခေါင်းဆောင်တစ်စုရဲ့ မြန်မာ နိုင်ငံရေးမှာ အမှိုက်တခုဖြစ်နေပြီဆိုတာကို နိုင်ငံရေးလေ့လာသူတွေတင်မဟုတ်ပဲ ပြည်သူတွေအားလုံးပါ သိနေကြပြီ။ စစ်တပ်မရှိဖို့အတွက် နည်းလမ်းပေါင်းစုံနဲ့တော်လှန်နေတာကြောင့် အချိန်ကြာလေ စစ်တပ်အတွက် လုံးပါးပါးလာတဲ့ အခြေနေတခုကိုရောက်နေရပြီ။ -

စဉ့်ကူးမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်း (၅) သိမ်းပိုက်နိုင်မှုတွင် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင်ကို အရှင်ဖမ်းဆီးရမိ
RNA_ဇူလိုင်(၉)၊၂၀၂၄ ခုနှစ်။
မန္တလေးတိုင်း၊ စဉ့်ကူမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ရွှေပြည် ရဲစခန်း၊ လက်ပန်လှ ရဲစခန်း၊ ကျည်တောက်ပေါက် တပ်စခန်း၊ ကန်တောင် တပ်စခန်း နှင့် ပင်လယ်ကြီး တပ်စခန်းတို့ကို သိမ်းပိုက်နိုင်ပြီး ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦးကို အရှင်ဖမ်းဆီးရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။
စဉ့်ကူးစစ်ဆင်ရေးများအတွင်း စစ်ကောင်စီတပ်မှ သပိတ်ကျင်းမြို့နယ် ဒုတပ်မှုး ဒုတိယဗိုလ်မှူးကြီး လှိုင်းထွန်းအောင် အပါအဝင် (၁၅)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်ချအလင်းဝင်သော ပသစ (ပျူ) တပ်ဖွဲ့များလည်းရှိကြောင်း၊ စစ်ကောင်စီတပ် လေကြောင်းမှ ချပေးသည့် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိထားသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကထုတ်ပြန်ထားသည်။
-

မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်
“ကနောင် ဆိုတဲ့အမည်နာမဟာ ကုန်းဘောင်ခေတ် မန္တလေးနဲ့နိုင်ငံအတွက် ရဲစွမ်းသတ္တိပြည့်စွာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ အမည်ကို အစွဲပြုကာ သတ်မှတ်ခဲ့တဲ့စစ်ဆင်ရေးတစ်ခုဖြစ်ပြီး အဆိုပါ အမည်နာမကိုအသုံးပြုခဲ့တဲ့ မန္တလေး PDF အနေဖြင့် ဘယ်လောက်ထိ ကိုယ့်မြို့ကိုယ့်ရွာကိုချစ်လဲဆိုတာကို သိသာစေပါတယ်”
ချမ်းမင်း – Wiper
ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေနဲ့အတူ ပြည်သူတွေကြား ရေပန်းစားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရှိပါတယ်။ အဲ့တပ်ဖွဲ့ကတော့ မန္တလေးPDF ပါ။ မန္တလေးPDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြားသော PDF တပ်ဖွဲ့တွေကဲ့သို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထံ စစ်ပညာသင်ကြားပြီးဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တော်လှန်ရေးအစောပိုင်းကာလတစ်လျှောက်လုံးမှာ ခြေသံလုံလုံ၊သတင်းလုံလုံနဲ့ ပြင်ဆင်မှုတွေများစွာပြုလုပ်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလို့ဆိုနိုင်ပါတယ်။
တော်လှန်ရေး အစောပိုင်းကာလက တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီကလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ၊ ချင်းပြည်နယ်က တူမီးနဲ့စခဲ့တဲ့ တိုင်းရင်းသားညီကိုတွေရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုတွေ၊ ခုခံမှုတွေကို တောက်လျှောက်မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေဟာ ရှမ်းမြောက်က မန္တလေး PDF ဆိုတဲ့တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်အလယ်ပိုင်းလောက်မှာသာ စတင်သတိပြုမိတယ်လို့ဆိုနိုင်ပါတယ်။ ထိုစဥ်က NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက် မန္တလေး PDF ရဲ့ သင်တန်းဆင်းပွဲဆိုတဲ့ video file တစ်ခုတက်လာပြီး တကယ့်စစ်ပုံကျတဲ့ စစ်ရေးပြတွေ၊ ရဲဘော်တိုင်းမှာ လက်နက်ကိုယ်စီနဲ့ ညီညာစွာ စစ်ရေးပြသွားတာတွေကို အခုထိမှတ်မိနေဆဲပါ..။
အဲ့ဒီ Video file လူမူကွန်ယက်ပေါ်ပျံ့နှံ့လာပြီးနောက်ပိုင်းကစလို့ မန္တလေးPDF ဟာ မဟာမိတ်ညီနောင်တပ်ဖွဲ့တွေ နဲ့ပူးပေါင်းပြီး ခပ်စိပ်စိပ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာကိုလည်း သတိထားမိခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ ဩဂုတ်လ၃၀ ရက်နေ့အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ မန္တလေး PDF တပ်ဖွဲ့ကြား ထိတွေ့မှုတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီးနဲ့ အလွန်အကျွံအသုံးပြုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ကြားမှ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
-

ချတဲ့သူက ချနေချိန်မှာ ရလာတဲ့လက်နက်တွေက ဘာလုပ်ဖို့လဲ..
“အဖက်ဖက်က စိတ်ဓါတ်အရ အသာစီးရယူထားနိုင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ယှဉ်ပြိုင်တိုက်ပြီး အနိုင်ယူနိုင်ဖို့မဖြစ်နိုင်တော့ဘူးဆိုတာ တသွေးတသံတမိန့် နဲ့ “တုံးဆိုတိုက်၊ ကျားဆိုကိုက်” တဲ့ စစ်သားဟောင်းတွေသိနေပြီး လက်နက်ချနေရချိန်မှာ ရက်ပိုင်းလေး သင်တန်းတက်ပြီး လူသစ်လေးတွေ ဖြစ်တဲ့ စစ်မှုထမ်းတပ်သားသစ်တွေက မိုက်မိုက်မဲမဲ တိုက်ပွဲဝင်ရတော့မယ်”
ရန်နိုင် – Wiper
အာဏာသိမ်းပြီးတဲ့နောက်မှာ အဖက်ဖက်ကရှုံးနေတဲ့ စစ်ကောင်စီအတွက် လက်နက်ခဲယမ်း ဆုံးရှုံးခြင်းထက် စစ်သည်အင်အားတွေ ဆုံးရှုံးနေရတာကိုတော့ ဖာထေးဖို့မလွယ်ကူပေ။ နှစ်ပေါင်းများစွာ ဦးနှောက် ဆေးထားတဲ့ စစ်သည်အရာရှိတွေ အသစ်ထပ်ရဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေနေတခုဖြစ်နေတယ်။ သို့ပေမယ့် အရည်အချင်းထက် အရည်အတွက်နဲ့ အသာရနိုင်ဖို့ ပြည်သူတွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်း နေတယ်။ စစ်မှုထမ်းခေါ်စဉ်ကတော့ ကိုယ့်မြို့ရွာတွေမှာပဲ လုံခြုံရေးယူရမယ် ဆိုတဲ့ တရားဝင်မဟုတ်တဲ့ ကတိတွေပေးပြီး ခေါ်ခဲ့ပေမယ့် စစ်သင်တန်းအပတ်စဉ် (၁)သင်တန်း ပြီးကတည်းက မိသားစုနဲ့ အဆက် အသွယ် မရတော့ပဲ ရှေ့တန်းစစ်မြေပြင်တွေကို ပို့လိုက်ကြောင်း သတင်းတွေမှာ ဖော်ပြနေကြတယ်။
၁၀၂၇ ဒုတိယလှိုင်းလို့ သတ်မှတ်ထားတဲ့ တောင်ပေါ်ဒေသကနေ မြေပြန့်ထိ အရှိန်အဟုန်နဲ့ ထိုးစစ်တွေ ဆင်းလာတဲ့အခါ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချ၊ အညံ့ခံမှုတွေက မြင်မကောင်းလောက်အောင်ပါပဲ။ ခုလို ပြတ်ပြတ်သားသား လက်နက်ချဖို့အတွက် တော်လှန်ရေးတပ်ဖွဲ့တွေကို လာတိုက်ဖို့ မျှော်လင့်နေသလားလို့ တွေးထင်မိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတွက် စစ်ပွဲထဲကိုရောက်နေတာက ရန်သူဖြစ်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း ကြောက်ရသလို စစ်ခေါင်းဆောင်တွေရဲ့ မသေမချင်း တိုက်ပွဲဝင်ခိုင်းနေတဲ့ ဖိအားတွေကိုလည်း ကြောက်နေကြရတယ်။ ဒါ့ကြောင့်လည်း လက်နက်ချရင် အသက်ရှင်မယ်၊ စိတ်အေး လက်အေး နေရမယ်ဆိုတဲ့ ယုံကြည်ချက်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အားလုံးမှာရှိနေကြတယ်။
-

ရှမ်း-မန်းစစ်ဆင်ရေးမှာ မြင်တွေ့ရတဲ့ တော်လှန်ရေး သင်္ခန်းစာ
“NLA နဲ့ မန္တလေး PDF တပ်တွေ ကျောက်မဲ၊ နောင်ချို၊ မတ္တရာ၊ မိုးကုတ် မှာတိုက်ပွဲဝင်နေကြတယ်။ ကျန်နေတဲ့ တိုင်းစစ်ဌာနချုပ်လားရှိုးကို MNDAA စတဲ့ မဟာမိတ်တပ်တွေက စစ်ကူပေးမရအောင် ဝင်ထိန်းလိုက်တယ်။ ရလဒ်ကအောင်မြင်မှုတွေဆိုတာ မျက်မြင်ပဲ ဖြစ်တယ်”
မောင်ဝိ – Wiper
၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေကစပြီး TNLA နဲ့ မန္တလေး PDF ဦးဆောင်တဲ့ တပ်တွေက ရှမ်း-မန်း စစ်ဆင်ရေးဆင်နွှဲခဲ့တယ်။ ရှမ်းပြည်နယ်ထဲက ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မတ္တရာ၊ စဉ့်ကူးစတဲ့ မြို့တွေကို အဓိက ထိုးစစ်ဆင်တိုက်ခိုက်နေတာတွေ့ရတယ်။ ၁၀၂၇ တကျော့ပြန်တိုက်ပွဲက အဖွင့်လှတယ်ပြောရမယ်။ နောင်ချိုမြို့နယ်ထဲက ခမရ ၁၁၅ လက်နက်ချတယ်၊ ခမရ ၁၁၄ ကိုသိမ်းပိုက်တယ်။လက်ကျန် ဒုံးတပ် ၆၀၆ ကိုအပြီး သတ်ချေမှုန်းနေတာတွေ့တယ်။
အခုလို တပ်ရင်းတွေကို ရက်ပိုင်းအတွင်းတိုက်ပြီး၊ တပ်ရင်းတွေကို ခနအတွင်း သိမ်းနိုင်တယ်ဆိုတာ မဟာမိတ်တပ်တွေရဲ့အကူအညီများစွာပါတယ်ဆိုတာ သိစေလိုပါတယ်။ တိုက်ခိုက်တဲ့ တပ်ဖွဲ့တွေကိုကြည့်ရင်လည်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နဲ့ အလယ်ပိုင်းက လူငယ်တွေဖြစ်တဲ့ မန္တလေး PDF တပ်တွေ ဖြစ်တာတွေ့ရတယ်။ နောက်ထပ်လည်း မဟာမိတ် တပ်တွေရှိပါသေးတယ်။ အခုလို မဟာမိတ်တပ်တွေ ပေါင်းစပ်လုပ်ကိုင်တဲ့အတွက် စစ်ရေးကအရှိန်အဟုန်နဲ့ တိုးတက်တာ မြင်တွေ့ရတယ်။
ပေါင်းစပ်ညှိနှိုင်းခြင်းကြောင့် မဟာဗျူဟာကို ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ပြီး တိုက်ပွဲတွင် အားသာချက်ရရှိနိုင်ခြင်း၊ အတူတကွရည်ရွယ်ချက်ဖြင့် တိုက်ပွဲဝင်သောကြောင့် ကူညီမည့်စိတ်ရှိမှုနဲ့ ယုံကြည်မှုကို တိုးတက်စေခြင်း၊ စုပေါင်းညီညာသောအဖွဲ့သည် ချက်ချင်းပြန်လည်တုံ့ပြန်နိုင်ပြီး တိုက်ပွဲရဲ့ အခြေအနေများကို အရှိန်မြန်စွာ ပြောင်းလဲနိုင်ခြင်း၊ အဖွဲ့ဝင်များရဲ့ အပြန်အလှန်ဆက်ဆံရေးကောင်းမွန်မှုကြောင့် အကြံဉာဏ်များကောင်းမွန်ပြီး အရေးပေါ်အခြေအနေများကို အမြန်ဆုံးဖြေရှင်းနိုင်ခြင်းစတဲ့ အကျိုး ကျေးဇူးတွေရလာတာကို မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ မန္တလေးPDF ရဲ့ လက်ရှိအခြေအနေကိုကြည့်ရင်သိနိုင်တယ်။
-

မြေပြန့်ဒေသရဲ့ မဟာဗျူဟာထိုးစစ်နဲ့ မန္တလေးသားတို့ရဲ့ စစ်ရေးအားကောင်းလာမှု
“နောင်ချိုမြို့ဟာ စစ်ရှုံးကောင်စီရဲ့ စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင်မြို့နဲ့ ဆိုရင် ကားလမ်းခရီး တစ်နာရီခန့်စာလောက်သာ အကွာအဝေးရှိတော့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန္တလေး PDF အပါအဝင် ဒေသခံ PDF တပ်ရင်း၊ ဗျူဟာတွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုတွေဟာလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အားကောင်းစွာ တွေ့မြင်နေရပြန်ပါတယ်”
ကေဂျီ – Wiper
တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ပြည်နယ်အသီးသီးက အားကောင်းတဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုတွေဟာ ကျွန်တော်တို့လို တော်လှန်ပြည်သူအားလုံးကို များစွာကျေနပ်အားရစေမှာ ဖြစ်ပါတယ်။ ဒီလို အားရကျေနပ်မှုတွေထဲမှာမှ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းမှာ အရှိန်အဟုန်အပြင်းပြင်းနဲ့ ပါဝင်လာခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် – MDY PDFနဲ့ မဟာမိတ်တပ်တွေရဲ့ မန္တလေးတိုင်းအတွင်း ဖော်ဆောင်လာတဲ့ စစ်ဆင်ရေးတွေကြောင့် တော်လှန်ရေးကာလအတွင်း မြေပြန့် တိုင်းဒေသတစ်ခုရဲ့ တော်လှန်အောင်မြင်မှုကို တွေ့မြင်လာပြီမို့လွန်စွာ ကျေနပ်အားရ ဖြစ်နေရပါတယ်။
အခု စစ်ဆင်ရေး အားကောင်းလာမှုတွေကတော့ မေလ ၁၄ ရက်နေ့က မကွေးတိုင်း ကွပ်ကဲရေးရုံးဦးစီး ကျင်းပတဲ့ အကြပ်သင်တန်းဆင်းပွဲ အပတ်စဉ် ၂ မှာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ မြေပြန့်ဒေသမဟာဗျူဟာ ထိုးစစ်ဟာ မကြာခင် စတင်လာတော့မယ်ဆိုတာရဲ့ အစခြေလှမ်းတွေများ ဖြစ်နိုင်လားလို့လည်း တွေးမိနေပါတယ်။
-

ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်
“ရုရှားပညာရှင်၊ တရုတ်ပညာရှင်တွေနဲ့ ဒရုန်းနည်းပညာကို သင်ယူနေကြောင်း ဖော်ပြခဲ့ကြတယ်။ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ပြီးတဲ့နောက်မှာလည်း တိုက်ပွဲတွေမှာ ယခင်ထက် ပိုသုံးလာခဲ့တာတွေ ရှိလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယအကြိမ် တိုက်ပွဲတွေမှာစစ်တပ်ရဲ့ ဒရုန်းတပ်ဆိုတာကလည်း အမည်ခံသက်သက်မှန်း သိလိုက်ရတယ်။ ပညာမဲ့တွေ စုစည်းထားပြီး နည်းပညာကို သေသေ ချာချာ နားမလည်တဲ့ သူတွေကို အဆင့်မြင့်ဒရုန်းနည်းပညာသင်ပေးတယ်ဆိုတာ နွားကို ပလာတာကျွေးသလို ရီစရာ အခြေနေတခုသာဖြစ်ပါတယ်”
ရန်နိုင် – Wiper
ခေတ်သစ်စစ်ပွဲတွေမှာ လက်နက်နဲ့နည်းပညာတွေ ဘယ်လိုပဲပြောင်းလဲလာပေမယ့် စစ်ပွဲနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်ပိုင်းအတွက်တော့ တရုတ်စစ်ပညာရှင် ဆွန်ဇူးရဲ့အတွေးအခေါ်တွေက လက်တွေ့ကျ ပြည့်စုံနေတုန်းပါပဲ။ တပ်မှူးကောင်းတစ်ယောက်အတွက် စစ်တိုက်ဖို့ဆိုရင် မိမိရဲ့အခြေနေကို အမှန်အတိုင်း သိဖို့ လိုသလို ရန်သူရဲ့အခြေနေကိုလည်း အမှန်အတိုင်းသိဖို့အလွန်အရေးကြီးလှပါတယ်။ မိမိရဲ့အခြေနေသာ သိပြီး ရန်သူ့အခြေနေကို မသိခြင်းက စစ်ပွဲနိုင်ဖို့ မဖြစ်နိုင်သလို၊ ရန်သူ့အခြေနေကိုသာ သိပြီး မိမိအခြေနေကို မသိရင်လည်း စစ်ပွဲနိုင်ဖို့မဖြစ်ဘူးလို့ ဖော်ပြထားတယ်။ ဆွန်ဇုရဲ့အတွေးခေါ်တွေ ခုချိန်ထိ မှန်ကန်နေဆဲ ဆိုတာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရှုံးပွဲတွေကိုကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။
မိမိကိုယ်ကိုအထင်ကြီးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်နဲ့အတူ တနိုင်ငံလုံးကို စစ်တိုက်ဖို့ စိန်ခေါ်လိုက်တယ်။ လက်နက်မဲ့တဲ့ ပြည်သူတွေကို စစ်အင်အားအပြည့်အစုံရှိနေတဲ့ သူရဲ့စစ်တပ်က အနိုင်ရမှာပဲလို့ အပိုင်တွက်ခဲ့တယ်။ အာဏာသိမ်းမယ်၊ အကြမ်းဖက်သတ်ဖြတ်ပြလိုက်မယ် အချိန်တန်တောခိုသွားရင် အုပ်စုခွဲ၊ သွေးခွဲပြီး အချိန်ဆွဲတိုက်လိုက်ရင် တော်လှန်သူတွေရှုံးသွားမှာပဲလို့ တွက်ခဲ့တယ်။ မင်းအောင်လှိုင်ရင်ဆိုင်ရမည့်ရန်သူဖြစ်တဲ့ တော်လှန်ပြည်သူတွေကို လျှော့တွက်ခဲ့တယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်ပြီး နည်းပညာတွေတိုးတက်နေချိန်မှာ ပညာတတ်လူငယ်တွေရဲ့ အရည်အချင်းကို လျှော့တွက်ခဲ့ ခြင်းလဲဖြစ်တယ်။ ဒါတွေက စစ်ပွဲဖန်တီးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်သူ့အကြောင်းကို သေသေချာချာမသိဘူးဆိုတဲ့ အမှားကြီးတခုပဲ၊ ဒီအမှားကြောင့် မင်းအောင်လှိုင်အတွက် တနိုင်ငံလုံးမှာစစ်ရှုံး နေရတာပဲ။