နွေဦးတော်လှန်ရေး

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်

RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်း တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း (၉) ခုအထိ သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။   ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သပိတ်ကျင်းမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်းနှင့် ဇရပ်ကွင်းတပ်စခန်းတို့ကို ဖြစ်သည်။ (more…)
Read More
သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များက ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။   သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   #RedNewsAgency
Read More
ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး

RNA_ဩဂုတ်(၉)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာပျူစခန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ (၈) ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။   ဝက်ပုတ်ပျူရွာစခန်းကို ဩဂုတ်လ ၅ ရက်နေ့မှစတင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများ စက်မှု (၂) စစ်စခန်းသို့ ဆုတ်သွားခဲ့ပြီး စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MA4 (၁) လက်၊ ကာဘိုင် (၁) လက်၊ G3 (၂)လက်၊ G4 (၁) လက်၊ M16 (၁) လက်၊ 12 ဗို့…
Read More
ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်

RNA_ဩဂုတ်(၇)၊၂၀၂၄ ခုနှစ်။   မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအခြေစိုက် စစ်ကောင်စီ၏ ရဲစခန်းနှင့် ရဲကင်းစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများက ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။   ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များက စီးနင်းတိုက်ခိုက်ပြီး ပြန်ဆုတ်ပေးကာ ဩဂုတ်လ ၆ ရက်နေ့ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများ ကိုင်းတော့မရှိစခန်းနှင့်ရဲကင်းများမှ ဆုတ်ခွါသွားပြီဖြစ်ပြီး ဆုတ်ခွါစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ထံမှ သိရသည်။ (more…)
Read More
တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ

"စစ်တပ်ရဲ့သမိုင်းမှာ မကြုံဖူးတဲ့ စစ်တပ်စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ဆုတ်ခွာထွက်ပြေး တပ်ပြေးတွေနဲ့ အလံဖြူထောင် လက်နက်ချခြင်းဆိုတဲ့ ရုပ်ပျက်ဆင်းပျက် အခြေနေတွေပဲဖြစ်ပါတယ်" ရန်နိုင် - Wiper  စစ်တပ်ရဲ့သမိုင်းတလျှောက် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ကိုဦးဆောင်နိုင်မှုမှာ အညံ့ဆုံးဖြစ်ပြီး ပြည်ပရန်ကိုကာကွယ်ဖို့ တည်ထောင်ထားတဲ့ စစ်တပ်ရဲ့အင်အားတွေကို အလဟဿ ဖြုန်းတီးနေသူဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ကတိုက်တိုင်းရှုံးပြီး စစ်တပ်ရဲ့တပ်ရင်းဌာနတွေ အစုလိုက်အပြုံလိုက် လက်နချ အလံဖြူထောင်နေတာတွေက ပုံမှန်ပြယုဂ်လို ဖြစ်လာခဲ့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုနဲ့အတူ မြန်မာ့စစ်တပ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ချောက်ထဲတွန်းချလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘက်ကလည်း ထိထိမိမိသုံးသပ်ထားခဲ့တယ်။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းယူခဲ့ပေမယ့်လည်း ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဆန့်ကျင်ရေးတိုက်ပွဲတွေ တဖြည်းဖြည်းနဲ့အားကောင်းလာပြီး…
Read More
အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ

RNA_ဇူလိုင်(၂၇)၊၂၀၂၄ ခုနှစ်။   အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - SOF ၏ တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဉ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲတို့ကို တောင်ပိုင်းတိုင်း စစ်ဒေသတွင်း တနေရာတွင် ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။   အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားအား ဇူလိုင် ၂၁ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် အလံတော်နှင့် ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကား ပြောကြားခြင်းစသည့် အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၂၇)၊ ၂၀၂၄ ခုနှစ်။ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီးတိုက်ပွဲတွင် ပူးပေါင်းမဟာမိတ်တပ်များထဲက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ ကျဆုံးခဲ့ရသည်ဟု ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) ထံမှ သိရသည်။ ကျောက်တန်းလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - တပ်ဖွဲ့ (၁) တို့က ဇူလိုင် ၂၃ ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်း သေဆုံးမှုရှိကြောင်း၊ တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီ၏ သိမ်ဇရပ် ၂၀၇ လက်နက်ကြီးကုန်မှ ၁၂၀…
Read More
ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

ကျီကုန်းကျေးရွာတံတား တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၁၆) ဦးခန့်သေဆုံး

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျီကုန်းကျေးရွာ တံတားပတ်ဝန်းကျင်တွင် ယာယီတပ်စွဲ ကင်းစောင့်နေသော စစ်ကောင်စီလက်အောက်ခံများ ယမန်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်က တိုက်ခိုက်ခံရပြီး (၁၆) ဦးမနည်းသေဆုံးပြီး လက်နက် (၁၆) နှင့်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။   တံတားယာယီတပ်စွဲထားသော စစ်ကောင်စီလက်အောက်ခံများကို ဗိုလ်ပိုင်ချဲ ( ကန့်ဘလူခရိုင် အထူးလှုပ်ရှားတပ်ရင်း) နှင့် JH (KU) စသည့် ပူးပေါင်းတပ်ဖွဲ့ရဲဘော်များက တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်းမှ ကာဘိုင်အမျိုးအစား သေနတ် ၁၀ လက်၊ 79 မမ ၁ လက်၊ ပြောင်းချော သေနတ် ၁ လက်၊…
Read More
မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ

မန္တလေးတိုင်းအတွင်း ပထမဆုံး စဉ့်ကူးမြို့ကို သိမ်းနိုင်ခဲ့ပြီဟု မန္တလေး PDF ကြေညာ

RNA_ဇူလိုင်(၂၀)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်းအတွင်းမှ စဉ့်ကူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်ပြီး စစ်ကောင်စီကင်းစင်သည့် ပထမဆုံးမြို့အဖြစ် ဇူလိုင် (၁၇) ရက်နေ့ကတည်းက အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကယနေ့ ပြည်သူများကို အသိပေးထားသည်။   "ယခုအခါ စဉ့်ကူးမြို့နယ်သည် စစ်ကောင်စီ ကင်းစင်သော မြို့နယ်တစ်ခုဖြစ်လာပြီး စဉ့်ကူးမြို့သည်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ မန္တလေးတိုင်းအတွင်း ပထမဆုံးသိမ်းယူသော မြို့အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်သည်" ဟု မန္တလေး PDF ကထုတ်ပြန်ထားသည်။ (more…)
Read More
အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

အာဇာနည်နေ့ အထိမ်းအမှတ် အကြမ်းဖက် စစ်ခေါင်းဆောင်၏ ပုံကို ခြေဖြင့်နင်းပြီး ဆန္ဒပြ

RNA_ဖားကန့် ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ ဖားကန့်မှော်လှည့်သပိတ် ပြည်သူများက မှော်ကျေးရွာ အချို့တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ ပုံကို ခြေဖြင့်နင်းကာ “လူထုအားဖြင့် အာဏာရှင်စနစ် အဆုံးသတ်ရမည်” ၊ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်သွေးနဲ့ ရေးထိုးကြ” စသည့် စာသားများ ကိုင်ဆောင်ကာ စစ်အာဏာရှင်ကျဆုံးရေး ယနေ့နံနက်ပိုင်းက လှည့်လည်ဆန္ဒပြခဲ့ကြသည်။   ယနေ့ နံနက် ဆန္ဒပြပွဲတွင် ကျဆုံးခဲ့လေသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နွေဦးတော်လှန်ရေးနှင့် တော်လှန်ရေးသမိုင်းတစ်လျောက် ကျဆုံးခဲ့ရသော အာဇာနည်များအား အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ (more…)
Read More