Tag: နွေဦးတော်လှန်ရေး
-

တကောင်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၆၄) ဦးသေဆုံးပြီး (၂၀) ဦးအရှင်ဖမ်းခံရ
RNA_ဩဂုတ်(၁၄)၊၂၀၂၄ ခုနှစ်။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၆၄)ဦးသေဆုံးကာ (၂၀) ဦးအရှင်ဖမ်းဆီးခံခဲ့ရသည်ဟု အမှတ် (၁) စစ်ဒေသ (စစ်ကိုင်း) ထံမှ သိရသည်။တကောင်းမြို့ရှိ စစ်ကောင်စီလက်အောက်ခံများတပ်စွဲထားသော ထွေအုပ်ရုံး၊ ဆေးရုံ၊ ရဲစခန်းနှင့် လေးမျက်နှာဘုရားနေရာများကို ဩဂုတ်လ ၁၁ ရက်နေ့မှစတင်တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁၂ ရက်နေ့တွင်အပြီးသတ်သိမ်းပိုက်တိုက်ခိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိပြီးခဲ့ကြောင်း၊ တော်လှန်ရေးအင်အားစုများဘက်မှ ရဲဘော် (၂) ဦး ကျဆုံးခဲ့ရကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။ -

နာမည်ဆိုးဖြင့်ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း အသုဘ ယနေ့ ပြုလုပ်မည်
RNA_ဩဂုတ်(၁၃)၊၂၀၂၄ ခုနှစ်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများအပေါ် ရိုက်နှက် တိုက်ပိတ်ဖိနှိပ်ရာများတွင် စိတ်အားတက်ကြွစွာပါဝင်ပြီး အကျဉ်းသားများအကြား နာမည်ဆိုးဖြင့်ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း ထိန်လင်းဦး အသုဘ ယနေ့ နေ့လယ် ၁၂ နာရီတွင် ထိန်ပင်သုဿာန်၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
နာမည်ဆိုးဖြင့်ကျော်ကြားနေသော အင်းစိန်ထောင်ဝန်ထမ်း ထိန်လင်းဦးသည် လေဖြတ်ပြီး သတိပြန်လည်မရရှိတော့သည့် အခြေအနေဖြင့် ဩဂုတ်လ ၁၁ ရက်နေ့က ဝိတိုရိယဆေးရုံတွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
-

ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆) တပ်ရင်း တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ကျဆုံး
RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ၊ ရွှေဘိုခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၂၆)တပ်ရင်း (Myanmar Defense Force -Shwebo)မှ တပ်ခွဲမှူး ဗိုလ်တေ (ခ) ဟိန်းဇင်အောင် ဩဂုတ်လ (၉) ရက်နေ့က မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း သိရသည်။
-

သပိတ်ကျင်းမြို့နယ် ဇရပ်ကွင်း တပ်စခန်းကို မန္တလေး PDF အပြီးသတ် ထပ်မံသိမ်းပိုက်
RNA_ဩဂုတ်(၁၂)၊၂၀၂၄ ခုနှစ်။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ဇရပ်ကွင်း တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၁၁ ရက်နေ့တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် သပိတ်ကျင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်း (၉) ခုအထိ သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ သပိတ်ကျင်းမြို့နယ်အတွင်း သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း၊ ဖက်ရှည်ရွာ တပ်စခန်းနှင့် ဇရပ်ကွင်းတပ်စခန်းတို့ကို ဖြစ်သည်။ -

သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်
RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များက ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။#RedNewsAgency -

ဝက်ပုတ်ပျူစခန်းအား တော်လှန်ရေးအင်အာားစုများသိမ်းပိုက် စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေးဆုံး
RNA_ဩဂုတ်(၉)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာပျူစခန်းကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ (၈) ရက်နေ့က အပြီးသတ်သိမ်းပိုက်ခဲ့မှုအတွင်း စစ်ကောင်စီလက်အောက်ခံ (၁၀) ခန့်သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည်ဟု သိရသည်။ဝက်ပုတ်ပျူရွာစခန်းကို ဩဂုတ်လ ၅ ရက်နေ့မှစတင်ကာ ဒေသတွင်းတော်လှန်ရေးအင်အားစုများက စတင်ထိုးစစ်ဆင်ခဲ့ပြီးနောက် ဩဂုတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံများ စက်မှု (၂) စစ်စခန်းသို့ ဆုတ်သွားခဲ့ပြီး စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ MA4 (၁) လက်၊ ကာဘိုင် (၁) လက်၊ G3 (၂)လက်၊ G4 (၁) လက်၊ M16 (၁) လက်၊ 12 ဗို့ (၂) လက်၊ 79 ( ၁) လက်၊ 60 MM (၁) လက်၊ ဂျန်ပါစက်(၁) လုံး နှင့် လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့သည်ဟု မြိုင် ပကဖ သတင်းပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ -

ကိုင်းတောမရဲစခန်းနှင့် ကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများ သိမ်းပိုက်
RNA_ဩဂုတ်(၇)၊၂၀၂၄ ခုနှစ်။မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာအခြေစိုက် စစ်ကောင်စီ၏ ရဲစခန်းနှင့် ရဲကင်းစခန်းများ အားလုံးကို တော်လှန်ရေးအင်အားစုများက ယနေ့ (ဩဂုတ်လ ၇ ရက်) တွင် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။ကိုင်းတောမရဲစခန်းနှင့် ရဲကင်းစခန်းများအားလုံးကို တော်လှန်ရေးအင်အားစုများက ဩဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့များက စီးနင်းတိုက်ခိုက်ပြီး ပြန်ဆုတ်ပေးကာ ဩဂုတ်လ ၆ ရက်နေ့ ရိက္ခာပို့စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့သည့်အတွက် ယနေ့တွင် စစ်ကောင်စီလက်အောက်ခံများ ကိုင်းတော့မရှိစခန်းနှင့်ရဲကင်းများမှ ဆုတ်ခွါသွားပြီဖြစ်ပြီး ဆုတ်ခွါစဉ် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်ဟု ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ထံမှ သိရသည်။ -

တပ်ချစ်သူတွေအတွက် သမိုင်းမည်းပြီး သိက္ခာနည်းတဲ့ စစ်တပ်ကြီး ဖန်တီးပေးနေသူ
“စစ်တပ်ရဲ့သမိုင်းမှာ မကြုံဖူးတဲ့ စစ်တပ်စခန်းပေါင်းများစွာ၊ မြို့ပေါင်းများစွာကို ဆုတ်ခွာထွက်ပြေး တပ်ပြေးတွေနဲ့ အလံဖြူထောင် လက်နက်ချခြင်းဆိုတဲ့ ရုပ်ပျက်ဆင်းပျက် အခြေနေတွေပဲဖြစ်ပါတယ်”
ရန်နိုင် – Wiper
စစ်တပ်ရဲ့သမိုင်းတလျှောက် လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ကိုဦးဆောင်နိုင်မှုမှာ အညံ့ဆုံးဖြစ်ပြီး ပြည်ပရန်ကိုကာကွယ်ဖို့ တည်ထောင်ထားတဲ့ စစ်တပ်ရဲ့အင်အားတွေကို အလဟဿ ဖြုန်းတီးနေသူဖြစ်တယ်။ မင်းအောင်လှိုင် အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်ကတိုက်တိုင်းရှုံးပြီး စစ်တပ်ရဲ့တပ်ရင်းဌာနတွေ အစုလိုက်အပြုံလိုက် လက်နချ အလံဖြူထောင်နေတာတွေက ပုံမှန်ပြယုဂ်လို ဖြစ်လာခဲ့တယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာသိမ်းမှုနဲ့အတူ မြန်မာ့စစ်တပ်ကို လည်ပင်းကြိုးကွင်းစွပ်ပြီး ချောက်ထဲတွန်းချလိုက်ခြင်း ဖြစ်တယ်လို့ ဒေါက်တာ မီမီဝင်းဘက်ကလည်း ထိထိမိမိသုံးသပ်ထားခဲ့တယ်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်အာဏာကို စစ်တပ်အားကိုးနဲ့ သိမ်းယူခဲ့ပေမယ့်လည်း ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်တပ်ဆန့်ကျင်ရေးတိုက်ပွဲတွေ တဖြည်းဖြည်းနဲ့အားကောင်းလာပြီး စစ်တပ်မုန်းတီးသူ ပြည်သူတွေသာ သိသိသာသာများပြားလာခဲ့တယ်။ အာဏာသိမ်းပြီးနောက်မှာလည်း ပြည်သူတွေရဲ့ အမြင်မှာ စစ်တပ်နဲ့စစ်သားတွေကို “စစ်ခွေး”ဆိုတဲ့ အသုံးအနှုန်းနဲ့ ရွံ့စရာကောင်းတဲ့ လူမဆန်သူတွေအဖြစ် သတ်မှတ်လိုက်ကြတော့တယ်။ တိုင်းပြည်အတွက် ခေါင်းမော့၊ ရင်ကော့ပြီး တိုက်ပွဲဝင်မယ်လို့ ခံယူပြီး စစ်တပ်ထဲဝင်ခဲ့ကြတဲ့ စစ်သည်တွေကတော့ ပြည်သူတွေရဲ့ အကြည့်တွေကို ရင်မဆိုင်ရဲတော့လို့ CDM ဝင်ပြီး ပြည်သူတွေကို ရပ်တည်လာခဲ့ကြတယ်။
-

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (၃) နှစ်ပြည့်အခမ်းအနားကျင်းပ
RNA_ဇူလိုင်(၂၇)၊၂၀၂၄ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားနှင့် အပတ်စဉ် (၆) အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲတို့ကို တောင်ပိုင်းတိုင်း စစ်ဒေသတွင်း တနေရာတွင် ပြုလုပ်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။
အထူးစစ်ဆင်ရေးသင်တန်းဆင်းပွဲနှင့် တပ်ဖွဲ့တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနားအား ဇူလိုင် ၂၁ ရက်နေ့က ကျင်းပခဲ့ကြောင်း၊ အခမ်းအနားတွင် အလံတော်နှင့် ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာနမှပေးပို့သောသဝဏ်လွှာအား ဖတ်ကြားခြင်းနှင့် ကာကွယ်ရေးဝန်ကြီးဌာန J2C အဖွဲ့ဝင်လူကြီးများနှင့် တောင်ပိုင်းစစ်ဒေသ ဒုစစ်ဒေသမှူးရဲဘော်စောရှားမှ သင်တန်းဆင်း ဂုဏ်ပြုစကား ပြောကြားခြင်းစသည့် အစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ -

ကျောက်တန်းလေးကျေးရွာအနီး တိုက်ပွဲတွင် ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ မြင့်မြတ်စွာကျဆုံး
RNA_ဇူလိုင်(၂၇)၊ ၂၀၂၄ ခုနှစ်။
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ကျောက်တန်းလေးကျေးရွာအနီးတိုက်ပွဲတွင် ပူးပေါင်းမဟာမိတ်တပ်များထဲက ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ (၁) မှ ရဲဘော် လရောင်နှင့် ရဲဘော်သာဒင်တို့ ကျဆုံးခဲ့ရသည်ဟု ရန်ကုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ (၁) ထံမှ သိရသည်။
ကျောက်တန်းလေးကျေးရွာအနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – တပ်ဖွဲ့ (၁) တို့က ဇူလိုင် ၂၃ ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးထက်မနည်း သေဆုံးမှုရှိကြောင်း၊ တိုက်ပွဲကြာချိန် ၄၅ မိနစ်အတွင်း စစ်ကောင်စီ၏ သိမ်ဇရပ် ၂၀၇ လက်နက်ကြီးကုန်မှ ၁၂၀ မမဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည့်အတွက် အနီးအနား ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူများလည်း ထိခိုက်သေဆုံးမှုရှိသည်ဟု သိရသည်။
#RedNewsAgency


