Tag: နွေဦးတော်လှန်ရေး

  • နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

    နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

    RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် စခန်းဦးစီး ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် (၁၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

    ဗိုလ်ကြီး ပြုံးမောင်မောင်ဦးစီးသော တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ အင်အား (၁၄) ဦးအား ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နှင့် အင်းတော်မြို့နယ် ပကဖတို့ ပူးပေါင်းပြီး ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီမှ နံနက် ၁၀ နာရီထိ တိုက်ခိုက်ခဲ့ပြီးစခန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

    (more…)

  • “ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

    “ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

    “အာဏာသိမ်းပြီးတဲ့နောက် သမ္မတရူးရူးနေတဲ့ စစ်ခေါင်‌ဆောင်မင်းအောင်လှိုင်အဖြစ် ထင်ရှားသလို အခြားတဖက်မှာလည်း စစ်တပ်အဖွဲ့စည်းကြီးရဲ့ စစ်ခေါင်းဆောင်အုပ်စုတွင်းမှာ အာဏာလုတန်ခိုးထွားဖို့ နည်းလမ်းပေါင်းစုံ သုံးနေသူလည်းဖြစ်သည်”

    ရန်နိုင် – Wiper 

    စစ်အာဏာရှင်တွေဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်မတော် ထောက်ခံသူ၊ USDP ပါတီ ထောက်ခံသူ လူနည်းစုတွေရဲ့ ဆန္ဒကိုပုံကြီးချဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ လူပင်လယ်ကြီးကိုတော့ ကျည်အစစ်အသုံးပြုပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။ မဲစာရင်းအမှားဆိုတာ အာဏာသိမ်းချင်လို့ အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း ပြည်သူလူထု ကောင်းကောင်း သိကြပေမယ့်လည်း စစ်တပ်ကတော့ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်းကို အထ မြောက်ဖို့အတွက် မဖြစ်မနေရွေးကောက်ပွဲလုပ်ဖို့ ခြေလှမ်းတွေ သွက်နေတာကိုတွေ့နေရပါသည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတမ္မတရူးပြီး အာဏာသိမ်းတာကလည်း အကြောင်းပြချက်တစ်ခုအဖြစ် ခိုင်ခိုင်မာမာရှိခဲ့ပါသည်။ သို့ပေမယ့် ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံအရ စစ်တပ်က အခွင့်ထူးခံနေရာ ရနေပြီးသားဖြစ်သလို စစ်တပ်အတွင်းမှာလည်း ကိုယ်ပိုင်အုပ်ချုပ်စီမံပိုင်ခွင့်ကို အပြည့်အဝရထားပြီးဖြစ်သည်။ အရေးပါတဲ့ ဝန်ကြီးဌာန () ခုကိုပါ ထိန်းချုပ်ထားနိုင်ခြင်းတို့ကြောင့် စစ်တပ်က တနိုင်ငံလုံး ဒေသန္တရ အုပ်ချုပ်ရေးတည်ဆောက်ဖွဲ့စည်းပုံတွင်ပါ ကျယ်ကျယ်ပြန့်ပြန့်ဩဇာလွှမ်းမိုးထားနိုင်ခဲ့သည်။ NLD နှင့် လျှို့ဝှက်တွေ့ဆုံပွဲမှုများကြောင့် အတိတ်က စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်ဗိုလ်ချုပ်ကြီးတွ ေကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကိုပါ ကာကွယ်ပေးထားသလား ထင်ရလောက်အောင် စစ်တပ်အတွက် လုံခြုံခဲ့သည်။

    စီးပွားရေးအရလည်း စစ်တပ်ရဲ့အဓိက စီးပွားရေးလုပ်ငန်းကြီးတွေဖြစ်တဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း MEC နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL များမှ တရားဝင်အဖြစ်သော်လည်းကောင်း၊ ခရိုနီကုမ္ပဏီများနှင့် တရားမဝင်စစ်တပ်ပိုင် ပုဂ္ဂလိက စီးပွားရေးများမှတဆင့်ဖြစ်စေ စစ်တပ်ရဲ့ စီးပွားရေးအရ စစ်ခေါင်းဆောင်တွေအတွက် စီးပွားရေးပိုင်ဆိုင်မှုများစွာ ရှိနေခဲ့သည်။ အခြေခံဥပဒေကိုပြင်ဖို့ ဖိအားတဆထက်တဆ မြင့်တက်လာပေမယ့်လည်း မြန်မာ့နိုင်ငံရေးနဲ့ ဈေးကွက်စီးပွားရေးမှာ အခွင့်ထူးခံ နေရာရထားတဲ့ စစ်တပ်အနေနဲ့ထင်ရှားတဲ့ ခြိမ်းခြောက်မှုမျိုး ရှိမနေခဲ့ပေ။

    (more…)

  • လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်က အလှူခံမဏ္ဍပ်များ
     
    ခေတ်ငြိမ်းအေး
     
    “လက်ညိုးထိုးမလွှဲတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအသုံးစရိတ်နှင့် စခန်းစရိတ်တွေကို ပြည်တွင်းပြည်ပ အလှူရှင်များ အင်တိုက်အားတိုက် ကူညီနေကြပေမယ့် လုံလောက်တဲ့ အနေအထားမဟုတ်ပေ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း တပ်ရင်းဘယ်လောက် တပ်ဖွဲ့ ဘယ်လောက်လို့ ပြောပေမဲ့ အလုံးစုံ ပြည့်စုံအောင် ထောက်ပံ့မထားနိုင်တာ အားလုံးအသိဖြစ်ပါတယ်”
    [embedyt] https://www.youtube.com/watch?v=ksKJ2dtj40A[/embedyt]
    Red News Agency

  • ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ် အထိနာသည့်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်ခတ်

    ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ် အထိနာသည့်စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်ခတ်

    RNA_ဖားကန့်၊ ဇွန် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၌ ယနေ့မနက်ပိုင်းက စစ်ကောင်စီ၏ လှုပ်ရှားလာသည့် တပ်နှင့် နယ်မြေစိုးမိုးမှုယူထားသည့် KIA/KPDF ပူးပေါင်းတပ်တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာသည့် စစ်ကောင်စီက ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် အရပ်သားပြည်သူများကို ရည်ရွယ်ပစ်ခတ်ခဲ့ပြီး အရပ်သားပြည်သူများ သေဆုံးသူအချို့နှင့် ထိခိုက်ဒဏ်ရာရရှိသူအများအပြား ရှိခဲ့သည်။

    လက်ရှိနှစ်ဖက်စစ်ရေးတင်းမာနေသည့် ဆိပ်မူမြေပြင်အခြေအနေအရ အရပ်သား ပြည်သူများ၏ ထိခိုက်သေဆုံးမှုအတိအကျ မသိရှိရသေးသော်လည်း ဆိပ်မူ စိန်မြသုခကျောင်း အနောက်ဘက်တွင် တစ်လုံး၊ ဖူဆယ်ကွင်းဘေးတွင် တစ်လုံး၊ မှော်ရှန်ရပ်ကွက်လမ်းဘေးတွင် နှစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ(၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားပြီး ထိခိုက်လဲကျ သေဆုံးနေသူတစ်ဦးကိုလည်းတွေ့ရှိထားကြောင်း ဆိပ်မူဒေသခံအချို့ထံမှ သိရသည်။

    (more…)

  • ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

    ရှင်မကန်ပျူရွာတိုက်ခိုက်ခံရပြီီး စစ်ကောင်စီလက်အောက်ခံ (၁၀) ဦးသေဆုံး

    RNA_ဇွန်(၂၅)၊၂၀၂၄ ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဖလံအိုအုပ်စု၊ ရှင်မကန်ပျူရွာကို ဒေသတွင်း တော်လှန်ရေး မဟာမိတ်တပ်ဖွဲ့များက ယနေ့ နံနက် ၅ နာရီကျော်က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများနှင့် သုံ့ပန်းတဦး ဖမ်းဆီးရမိကြောင်း သိရသည်။

    ရှင်မကန် ပျူးစစ်စခန်းကို အဓိကဦးတည်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ ၁၀ ဦးသေဆုံးပြီး၊ ကာဘိုင်အမျိုးအစား သေနတ် ၄ လက်၊ ဘီအေ (63) အမျိုးအစား သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကာဘိုင်သေနတ်ပြောင်း ၂ ပြောင်း၊ လက်ပစ်ဗုံး ၂ လုံး၊လမ်းလျှောက်စကားပြောစက် ၁ လုံး ၊ ခဲယမ်းကျည်မျိုးစုံ ၅၀၀ ဝန်းကျင်နှင့် ရန်သူ့ဆက်စပ်ပစ္စည်းများနှင့်အတူ သုံးပန်းအရှင်တဦး ဖမ်းဆီးရမိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များထံမှ သိရသည်။

    (more…)

  • BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

    BNRA အပတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားပြုလုပ်

    RNA_ဇွန်(၂၄)၊၂၀၂၄ ခုနှစ်။

    ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အပတ်စဥ် – ၁ သင်တန်းဆင်းပွဲနှင့် လက်နက်တပ်ဆင်ခြင်းအခမ်းအနား ပြုလုပ်ခဲ့ပြီး BNRA စစ်ဦးစီးချုပ် ဗိုလ်နဂါး ၊BNRAအတွင်းရေးမှူး နှင့် စစ်ဆင်ရေးတာဝန်ခံတို့မှ မိန့်ခွန်းများပြောကြားပြိး လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။

    BNRA အပတ်စဉ် ၁ သင်တန်းတွင် အထူးကွန်မန်ဒို၊ အထူးချေးမှုန်းရေး၊ အထူးလက်ဖြောင့် ၊ စစ်ဆင်ရေးတွင် အဓိကကြသော စစ်ရေးလေ့ကျင့်မှုများ နှင့် စစ်သည်တော်ကျင့်ဝတ်များအား စာတွေ့ လက်တွေ့ ဖြင့်စနစ်တကျလေ့ကျင့် သင်ကြားမှုသင်တန်းဆင်းပွဲကို မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ယမန်နေ့က ထုတ်ပြန်ကြေညာထားသည်။

    #RedNewsAgency

  • တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

    တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်

    RNA_ဇွန်(၂၂)၊၂၀၂၄ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီအနေဖြင့် လူသစ်စုဆောင်းမှုများ၊ စစ်ကြောင်းထိုးမှုများ အဆက်မပြတ်လုပ်လာသည့်အတွက် တနိုင်ငံလုံးအတိုင်းအတာဖြင့် သိပ်မကြာခင် တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်လာတော့မည်ဟု ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် ဥက္ကဋ္ဌ ကိုလပြည့်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=L8_pzV4hZyY[/embedyt]

    #RedNewsAgency

  • လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်က အလှူခံမဏ္ဍပ်များ

    လမ်းမပေါ်တက် အလှူခံပြီး ရံပုံငွေရှာတာကို ဒုတိယအချက်အနေနဲ့ စဥ်းစားရမှာက စစ်ကောင်စီဂိတ်တွေနဲ့ နီးတဲ့အပြင် အထင်ကရလမ်းမကြီးပေါ်ဖြစ်တာကြောင့် မကြာခဏဆိုသလို အဲ့ဒီလမ်းပိုင်းပေါ်က တော်လှန်လူငယ်တွေက စစ်တပ်ရဲ့ စစ်ရေးပစ်မှတ်ဖြစ်နေရတယ်။ ဥပမာ စစ်သားတွေက စစ်ကိုင်းဖက်က ဂိတ်တခုကနေ ခရီးသွားယာဥ်ပေါ်တက်လိုက်လာတယ်။ အလှူခံနေတဲ့ ဂိတ်ရောက်မှ ကားမရပ်ခိုင်းဘဲ ကားပေါ်ကနေ သေနတ်နဲ့ပစ်သွားတယ်။ လူငယ်တွေမှာ ပြဆင်ဆင်ချိန်မရှိ ခုခံမှုမရှိ အသက်ပေးရတယ်”

    ခေတ်ငြိမ်းအေး

    ကျွန်မ  မန္တလေးကနေ မုံရွာကို ကားနဲ့သွားတဲ့နေ့က လမ်းမှာလည်း ကျွန်မက လှတပတဝတ်စားထားပြီး မုန့်တွေတမျိုးပြီးတမျိုးစားပြီး လိုက်လာတာပေါ့။ ကြည့်လိုက်တာနဲ့ ပိုက်ဆံသုံးနိုင်တဲ့သူမှန်း သိသာနေတာမျိုးပဲ။ ကျွန်မစီးလာတဲ့ ကားက မန္တလေးကနေ စစ်ကိုင်းမြို့ကိုဖြတ်ပြီး မန္တလေး မုံရွာလမ်းမကြီးပေါ်အတိုင်း မှန်မှန်မောင်းလာရင်း ကားကို PDF ရဲဘော်တွေက တားကြတယ်။ စစ်ဆေးရေးဂိတ်လားလို့ ထင်ပေမယ့် သူတို့ အလှူခံနေကြတာဖြစ်တယ်။ ဆယ်မိနစ်လောက်ကားစီးပြီးရင် တဖွဲ့ တခါ နောက်ဆယ်မိနစ်ကျော်လောက် ကားစီးပြီးရင် တဖွဲ့နဲ့ တော်လှန်ရေးအဖွဲ့တွေ အလှူခံနေကြတာ အဲ့လမ်းပိုင်းလေးမှာတင် ဆယ်ဖွဲ့ကျော်တယ်။ 

    အဲ့ဒီတော်လှန်ရေးသမားတွေ ထွက်အလှူခံတဲ့ လမ်းပိုင်းနာမည်က ချောင်းဦး မြင်းမူး စစ်ကိုင်း လမ်းပိုင်းဖြစ်ပြီး အဲ့ဒီလမ်းက မုံရွာကနေ မန္တလေးကို သွားတဲ့ လမ်းပိုင်း တခုဖြစ်တယ်။ အဲ့ဒီလမ်းက မုံရွာမြို့အပြင် မုံရွာမြို့နှင့် အနီးတဝိုက် မြို့နယ်များမှ ရန်ကုန် မန္တလေး အစရှိသော မြို့ကြီးတွေကို သွားလာနိုင်တဲ့ တခုတည်းသော လမ်းဖြစ်တယ်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာ စစ်ကိုင်းတိုင်းက ပုံစံမျိုးစုံနဲ့ နေရာပေါင်းစုံတွင် တက်အားသ၍ ပါဝင်နေသော နေရာတခုဖြစ်တယ်ဆိုတာ ထူးပြီးပြောပြနေစရာတော့ လိုမယ်မထင်ပါဘူး။ 

    စစ်ကိုင်းတိုင်းလို့ ပြောလိုက်တာနဲ့ လက်ညှိုးထိုးမလွှဲ တော်လှန်ရေးတပ်ဖွဲ့များ ကြင်လည်ကျက်စားနေတယ်ဆိုတာကို   တွေ့ရပါလိမ့်မယ်။ အလားတူ ချောင်းဦးမြို့နယ် မြင်းမူမြို့နယ်တို့ကလည်း တော်လှန်ရေးမှာ အားသွန်ခိုက်စွာ ပါဝင်လှုပ်ရှားနေကြတဲ့နေရာတွေဖြစ်သလို Local PdF၊ ရပ်ရွာကာကွယ်ရေးအဖွဲ့အပါအဝင် NUG – MOD ရဲ့ တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်လှုပ်ရှားနေကြတယ်။    

    အဲ့ဒီလက်ညိုးထိုးမလွှဲတဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးအသုံးစရိတ်နှင့် စခန်းစရိတ်တွေကို ပြည်တွင်းပြည်ပ အလှူရှင်များ အင်တိုက်အားတိုက် ကူညီနေကြပေမယ့် လုံလောက်တဲ့ အနေအထားမဟုတ်ပေ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ကလည်း တပ်ရင်းဘယ်လောက် တပ်ဖွဲ့ ဘယ်လောက်လို့ ပြောပေမဲ့ အလုံးစုံ ပြည့်စုံအောင် ထောက်ပံ့မထားနိုင်တာ အားလုံးအသိဖြစ်ပါတယ်။ ဒါကြောင့် ဒီဒေသက တော်လှန်ရေးတပ်ဖွဲ့တွေဟာ Online ကနေ အလှူခံတာ၊ သီးနှံတွေကို ကိုယ်တိုင်စိုက်ပျိုးတာ၊ ကိုယ့်အသိမိတ်ဆွေတွေဆီက အလှူခံတာအပြင် လမ်းပေါ်မှာ အလှူခံထွက်လာကြရတယ်။ 

    (more…)

  • အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

    အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

    အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ
     
    ခေတ်ငြိမ်းအေး
     
    “စစ်ကြောင်းက အရှေ့ကလာရင် အနောက်ကိုပြေးပြီး အနောက်ကလာရင် အရှေ့ကိုပြေးကြရတာပဲ ဖြစ်ပါတယ်။ စစ်ဘေးဒဏ်ကို ကိုယ်တိုင်ခံစားနေကြရတာမို့ ဆင်းရဲငတ်မွတ်နေကြသော်လည်း စစ်ဘေးရှောင်တွေကိုတော့ ဧည့်ဝတ်ကျေနိုင်အောင် ရှိထမင်း ရှိဟင်းနဲ့ ကြိုးစားဧည့်ခံနေကြတဲ့ အညာက စေတနာတွေကို ​မျက်လုံးနဲ့မြင်ရ၊ နှလုံးသားနဲ့ ခံစားသိရှိရပါတယ်။ ဒါ့ကြောင့်လဲ အညာက အညာဖြစ်နေတာပေါ့”
    [embedyt] https://www.youtube.com/watch?v=QMzY9l1je5Y[/embedyt]
     
    #RedNewsAgency

  • အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

    အညာသူ/အညာသားတွေ စစ်ဘေးကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်နေလဲ

    “ကျွန်မအရီးဆိုရင်ခြုံထဲတိုးလိုက် ပြေးလိုက်နဲ့ အတွင်းခံလက်ကြိုး ပါမလာတာကို ဘေးကင်းရာရောက်မှ သတိထားမိတော့တယ်။ တကယ်ပြေးနေရတာဆိုတော့ အတွင်းခံကြိုးရှိမရှိလည်း သတိမထားမိကြတော့ပါဘူး။ လေယာဥ်အသံငြိမ်တော့ ကျွန်မတို့နေရာနဲ့ တော်တော်ဝေးတဲ့ရွာကို ပြောင်းနေကြတယ်။ အဲ့ဒီရွာကိုရောက်လို့ အဖေ့ကိုရေချိုးခိုင်းတော့ အဖေက ပစ္စည်းထည့်ယူလာတယ်သာပြောတယ် အိင်္ကျီမပါဘဲ ပုဆိုးတွေပဲယူလာခဲ့တာမို့ ကျွန်မတို့မှာ ငိုရခက် ရယ်ရခက်ပါပဲ”

    ခေတ်ငြိမ်းအေး

    အညာလို့ပြောလိုက်ရင် တောင်ဆင်းတောင်တက်တွေနည်းပြီး ကွင်းပြင်ကြီးတွေ တမျှော်တခေါ်ရှိတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးက လယ်ကွင်းစိမ်းစိမ်းထဲဒေသကို မြင်ကြလိမ့်မယ်။ အညာဟာ မိုးခေါင်ရေရှားလို့ ပြောကြပေမယ့် ရာသီဥတုကို အံ့တုပြီး ဆန်၊ရေ၊စပါး ပေါများအောင် ကြိုးစားတတ်ကြတဲ့ စိတ်ဓာတ်မာကြောသူတွေ ရှိတဲ့အရပ်တခုလည်းဖြစ်တယ်။ ဒီလိုပဲ  အညာသူ အညာသားဆိုတာ အစောကတည်းကမှ မာရေကျောရေနဲ့ လက်ကြောတင်းကြသလို စိတ်ဓာတ်ဆိုတာလည်း တော်တော်လေး ခိုင်မာကြတာ အားလုံးအသိဖြစ်မှာပါ။ ဒီလိုလူတွေက မတရားတာကို မတရားမှန်းသိလေတော့ တော်လှန်လိုစိတ်အပြည့်နဲ့ ကျွန်မတို့ အညာသူ၊ အညာသာတွေလည်း ဆန္ဒဆိုတော့ ပြကြ၊ သပိတ်ဆိုတော့လည်း သပိတ်ကြ၊ လက်နက်ကိုင်တော်လှန်ရေးဆိုလည်း ကျွန်မတို့အညာ နောက်မကျခဲ့ပါဘူးရှင်။

    အညာက အဲ့သလိုပဲ ပြေးဆိုရင်လည်း ညီကြပြန်ပါရော။ ကျွန်မတို့ရွာရဲ့ အနောက်ဖက် နှစ်ရွာခြားမှာ စစ်သားတွေရောက်နေတော့ ကျွန်မတို့ရွာတွေက လူတွေက ထမင်းထုပ်ကိုယ်စီနဲ့ မိုးရေထဲ ရှောင်ကြတာပေါ့။ ကျွန်မကတော့ မရှောင်ပါဘူး။ ကြောက်စရာလို့လည်း မထင်ခဲ့ပါဘူး။ ဟန်ပါပါနဲ့ အရီးအိမ်မှာ ကလေးတွေ၊ အရီးတွေနဲ့ စကားလက်ဆုံကျနေတာပေါ့။ နေလေးနည်းနည်းစောင်းလာတော့ အဲ့ရွာဆီကနေ သေနတ်သံတွေလည်းကြားရော ကျွန်မ အိမ်ကနေ လည်ပင်းလောက်ထိရှိတဲ့ ရိုးကိုဖြတ်ပြီး စပါးခင်းတွေထဲ အပြေးသွားတာ ဆယ်မိနစ်တောင်ကြားရဲ့လား မသိဘူး။ 

    သေနတ်သံတွေကြောင့် အသွားသာ သေမှာကြောက်တဲ့စိတ်နဲ့မို့ ပြေးတာ အပြန်ကျ ရေခါးလာက်ရှိတဲ့ စပါးခင်းကို စမ်းတဝါးဝါးနဲ့ ဖြတ်ရင်း အရီးကငါ့တူမတော့ သူ့အဖေက ဖူးဖူးမှုတ်ထားလို့ အိမ်ကစပါးခင်း ဘယ်နားရှိမှန်းမသိရှာတာ၊ ခွေးသား မင်းအောင်လှိုင်နဲ့မှ ရေပေါင်းနှုတ်တဲ့သူတွေကို နားလည်တော့မယ်တဲ့။ အရီပြောတာလဲ ဟုတ်တယ်။ ကျွန်မကို အဖေက ဘာအလုပ်မှ မခိုင်းတာမို့ ကျွန်မက တောင်သူရဲ့သားသမီးဖြစ်ရတာ ဂုဏ်ယူရမယ့်စိတ်တောင်ပျောက်နေခဲ့တာကြာပြီ။ အဲ့ဒီစကားသံကြားမှ အညာသူက ဒီကာလတော့ အညာသူပီပီနေသင့်တာပဲလို့ စဥ်းစားမိတယ်။

    (more…)