Tag: နွေဦးတော်လှန်ရေး

  • တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    တာမခံ ခမရ(၁၁၉) စခန်းသိမ်း တိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

    “ဗိုလ်လေးကို ထမ်းထုတ်ခဲ့တဲ့ ရဲဘော်သုံးယောက်အခုသူတို့ကိုပြန်ထမ်းထုတ်နေရပြီ။ ကျနော်တို့အကုန်မှိုင်တွေကုန်ကြတယ်၊ သွေးတွေကအိုင်လို့ အသားစတွေက ပြန့်ကျဲ နေရာတစ်ခုလုံးလုံးဝအနိဌာရုံတွေပါပဲ”

    တာမခန် ၁၂ ရက် (အပိုင်း – ၁)

    ၂၆ ၂ ၂၀၂၄ ။ နေ့လည် ၂ နာရီခန့် တပ်ပေါင်းစုစစ်ကြောင်းဟာ တာမခန်နဲ့မနီးမဝေးတစ်နေရာမှာ တပ်ဖျောက်ပြီးနားနေပါတယ်။ ဟန်းကောကိုယ်စီနဲ့ ထမင်းချက်စားတဲ့အဖွဲ့ကချက်စား စကားပြောတဲ့သူကပြောနဲ့ မကြာခင် တိုက်ပွဲဝင်ရတော့မယ်ဆိုတဲ့အသိက ကျနော်တို့အားလုံးကို တက်ကြွနေစေတယ်။

    ကျနော်တို့တပ်စိတ်ရဲ့ ကွန်မန်ဒါဖြစ်တဲ့ ဗိုလ်ကြီးက ခဲလုံးလေးတွေဟိုရွေ့သည်ရွေ့လုပ်ရင်း နေရာယူရမယ့်ပုံစံကိုရှင်းပြနေတယ်။

    “အဖွဲ့လေးဖွဲ့နဲ့ ဝိုင်းမယ် ငါတို့က ညာဖက်အစွန်ဆုံးက ကုန်းမှာနေရာယူမယ် ငါတို့ရဲ့ ဘယ်ဖက်မှာ လက်နက်ကြီးအဖွဲ့ရှိလိမ့်မယ်” မြေပုံတဖက်ကိုင်ထားပြီး ခဲလုံးလေးတွေတဖက်ကရွေ့ရင်း ဗိုလ်ကြီးကရှင်းပြတယ်။

    အတော်လေးကြာတဲ့အချိန်ကျမှ “ရွာသားတွေမရှိတော့ဘူး အကုန်ရှောင်သွားပြီ” ဆိုတဲ့သတင်းရောက်လာတယ်။ အဲ့နောက်မှ တပ်ပေါင်းစု စစ်ကြောင်းက ဆက်လက်ချီတက်ခဲ့တယ်။ ရန်သူက ပြင်ဆင်ပြီးစောင့်နေလောက်ရောပေါ့။

    (more…)

  • ဆိပ်မူတိုက်ပွဲတွင် KPDF ရဲဘော် စိုင်းအောင်အောင် ကျဆုံးခဲ့ရ

    ဆိပ်မူတိုက်ပွဲတွင် KPDF ရဲဘော် စိုင်းအောင်အောင် ကျဆုံးခဲ့ရ

    RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအတွင်း စက်တင်ဘာ (၁၂) ရက်နေ့ တိုက်ပွဲအတွင်း ဖားကန့် KPDF ရဲဘော် စိုင်းအောင်အောင် (အသက် ၂၁ နှစ်)သည် မြင့်မြတ်စွာကျဆုံးခဲ့ရသည်ဟု သိရသည်။

    #RedNewsAgency #RNA

  • စစ်ကောင်စီလက်အောက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၄၁ ဦး ဩဂုတ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

    စစ်ကောင်စီလက်အောက်မှ ဒုဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီးအပါအဝင် ၄၁ ဦး ဩဂုတ်လအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံ

    RNA_စက်တင်ဘာ(၁၂)၊၂၀၂၄ ခုနှစ်။

    အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် မနေနိုင်တော့သည့်အတွက် ဒုဗိုလ်မှူးကြီး (၃) ဦး၊ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၂) ဦး၊ ဗိုလ် (၃) ဦး အပါ အဝင် တပ်သားနှင့်ရဲ (၄၁) ဦးသည် ဩဂုတ်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့သည်ဟု သိရသည်။

    သြဂုတ်လအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၉) လက်နှင့် ခဲယမ်း မီးကျောက်များရရှိခဲ့ကြောင်း၊ လက်နက်ယူဆောင် လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

    #RedNewsAgency #RNA

  • အညာဒေသအတွင်းမှာ ကြိုးစားရုန်းကန်နေသော အမျိုးသမီးများ

    အညာဒေသအတွင်းမှာ ကြိုးစားရုန်းကန်နေသော အမျိုးသမီးများ

    RNA_စက်တင်ဘာ(၁)၊၂၀၂၄ ခုနှစ်။

    စစ်ကောင်စီ၏ ရက်စက်မှုအပေါင်း ခံနေရသော အညာဒေသအတွင်းရှိ အမျိုးသမီးများမှာ ယခင်ထက်သန်မာပြီး ကြိုးစားရုန်းနေရသော အခြေအနေများ၊ ဒေသတွင်း ဖြစ်ပျက်နေသော အခြေအနေများနှင့်ပတ်သက်ပြီး 96 Soldiers PDF – အညာတပ်ခွဲရဲ့ ဘဏ္ဍာရေးတာဝန်ခံ ရဲဘော် Phoo က ပြောပြထားသည်။

    [embedyt] https://www.youtube.com/watch?v=HxyQHKJJ_RE[/embedyt]

    Red News Agency

  • မန္တလေး PDF ရဲဘော်များ၏ ရှမ်းမြောက်ခရီးစဉ်အတွင်း ပြည်သူများ ဝမ်းသာအားရ နှုတ်ဆက်ကြိုဆို

    မန္တလေး PDF ရဲဘော်များ၏ ရှမ်းမြောက်ခရီးစဉ်အတွင်း ပြည်သူများ ဝမ်းသာအားရ နှုတ်ဆက်ကြိုဆို

    RNA_ဩဂုတ်(၂၈)၊၂၀၂၄ခုနှစ်။

    ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များ၏ မန္တလေးတိုင်းမှ ရှမ်းမြောက်သွားသည့် ခရီးစဉ်အတွင်း လမ်းတလျှောက်ရှိ ပြည်သူများက ဝမ်းသာအားရ နှုတ်ဆက်ကြိုဆိုသည့် ရုပ်သံကို ယနေ့ ထုတ်ပြန်ထားသည်။

    “မန္တလေး – ရှမ်းမြောက် ဖြစ်ပြီးရင် …… မန္တလေးမှသည် နေပြည်တော် ဆိုတာလည်း မဝေးတော့ဘူး ဆိုတာ အသေအချာပါဘဲ …မဝေးကွာတော့တဲ့ ခရီးစဉ်များအတွက် အသက်ပေးလှူသွားရသော စစ်သည် / စစ်မေများနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်လှူဒါန်းသွားသော စစ်သည် စစ်မေများကို ဦးညွှတ် ဂုဏ်ပြုလျက် …” ဟု ရုပ်သံထုတ်ပြန်ချက်တွင် ရေးသားထားသည်။

    [embedyt] https://www.youtube.com/watch?v=jNxaOEYJsLY[/embedyt]

    Red News Agency

  • သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်

    သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တပ်စခန်းကို မန္တလေး PDF သိမ်းပိုက်

    RNA_ဩဂုတ်(၂၆)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် ကွင်း(၅၀၀) တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ် စိုးထိုက်ကျော်ဦးစီးပြီး အင်အား ၄၀၀ ခန့်ဖြင့် အခြေပြုလှုပ်ရှားနေသော တပ်စခန်းကို ဩဂုတ်လ ၂၅ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နှင့် ပူးပေါင်းတပ်က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။

     

    စစ်ကောင်စီ၏ ကွင်း(၅၀၀)တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များက ဩဂုတ်လ ၅ ရက်နေ့မှ စတင်တိုက်ခိုက်ရာ ဩဂုတ်လ ၂၅ ရက်နေ့တွင် အပြီးသတ် သိမ်းပိုက်ရရှိကြောင်း၊ ရန်သူ့လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရရှိခဲ့ပြီး သုံ့ပန်းအချို့ ဖမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
     
    #RedNewsAgency #RNA

  • ယောနယ်ရဲ့ တော်လှန်ရေးကြောင့် ပြောင်းလဲမှုများ

    ယောနယ်ရဲ့ တော်လှန်ရေးကြောင့် ပြောင်းလဲမှုများ

    ခေတ်ငြိမ်းအေး
     
    “တဖက်တလမ်းကနေ တော်လှန်ရေးကို ကူညီနေကြသလို တခြားတဖက်မှာလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းလာကြတယ်”
    [embedyt] https://www.youtube.com/watch?v=oLmdxqoUuuA[/embedyt]
     
    #RedNewsAgency #RNA

  • ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

    ဒီပဲယင်းမြို့သိမ်းခံရပြီးနောက် စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ပြန်ဆင်နေ

    RNA_ဩဂုတ်(၁၈)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ကို ယနေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက တိုက်ခိူက်သိမ်းပိုက်နိုင်ခဲ့သော်လည်း ညနေပိုင်းတွင် စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ယနေ့ည မြန်မာစံတော်ချိန် (၆) နာရီ (၃၀) မိိစ်ခန့်အထိ တိုက်ပွဲပြင်းထန်နေကြောင်း Anyar Defense Force ထံမှ သိရသည်။

    ယမန်နေ့ နံနက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများက ဒီပဲရင်းမြို့ရှိ စစ်ကောင်စီတပ်စွဲထားသော ရဲစခန်း၊ ထွေအုပ်ရုံး၊ တရားရုံးနှင့် ဝန်ထမ်းအိမ်ယာစသည်တို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာနေသည့်အတိုက် မြို့မပျက်စီးရေးအတွက် တော်လှန်ရေးအင်အားများ ယာယီပြန်ဆုတ်ရနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေသည်ဟု တိုက်ပွဲဝင် ရဲဘော်တချို့ထံမှ သိရသည်။

    #RedNewsAgency #RNA

  • ကျောင်းသားလက်ရုံးတပ်တော်၏ အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

    ကျောင်းသားလက်ရုံးတပ်တော်၏ အပတ်စဉ် (၁၀) အခြေခံစစ်ပညာသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

    RNA_ဩဂုတ်(၁၈)၊၂၀၂၄ ခုနှစ်။

    စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲနေသော ကျောင်းသားလက်ရုံးတပ်တော်၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၀) သင်တန်းဆင်းပွဲအခမ်းအနားကို ဗဟို‌‌ဌာနချုပ် နယ်မြေ၌ သြဂုတ်လ ၁၆ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

    အခမ်းအနားတွင် သင်တန်းဆင်းစစ်ကြောင်းမှ ချီတက်စစ်ရေးပြခြင်း၊ စစ်ဦးစီးချုပ်၊ ဗဟိုကော်မတီဝင်နှင့် တာဝန်ရှိသူများမှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊ ထူးချွန်စစ်သည်များအား ဆု‌ချီးမြှင့်ခြင်းနှင့် ဧည့်ခံ‌ကျွေးမွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ကျောင်းသားလက်ရုံးတပ်တော်နှင့်အတူ စစ်ကောင်စီအား လက်တွဲတိုက်ပွဲဝင်မည့် စစ်သည်များကို လက်ခံခေါ်ယူလျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

    သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွား

    RNA_ဩဂုတ်(၁၅)၊၂၀၂၄ ခုနှစ်။
     
    မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း PDF စိုးမိုးနယ်မြေတချို့ကို စစ်ကောင်စီတပ်မှ သံချပ်ကာယာဉ်အသုံးပြု စစ်ကြောင်းထိုးမှုများရှိနေသော်လည်း တိုက်ခိုက်ခံရပြီး ပြန်ဆုတ်သွားသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မင်းဘူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုအညာသားက ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=MIjE4TdvkL8[/embedyt]
    #RedNewsAgency