Tag: နွေဦးတော်လှန်ရေး

  • စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

    စစ်ရာဇဝတ်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိပါက အပြစ်ပေးနိုင်ရေး အမြန်ဆုံးဆောင်ရွက်မည်ဟု NUG ထုတ်ပြန် 

    RNA_စက်တင်ဘာ(၂၇)၊၂၀၂၂ခုနှစ်။

    အကြမ်းဖက် ဖက်ဆစ်စစ်တပ်မှ စစ်ရာဇဝတ်မှု ကျူးလွန်သူများကို အမှုဖွင့်တရားစွဲဆိုခြင်း၊ ဝရမ်းထုတ်ခြင်း၊ လက်ရဖမ်းဆီးခြင်း၊ ဖမ်းဆီးရမိပါက တရားဥပဒေအရ တရားစီရင် အပြစ်ပေးခြင်းများကို မြန်ဆုံးဆောင်ရွက်နိုင်ရေး အဆောတလျင် ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ – NUGက ထုတ်ပြန်ထားသည်။

    လက်ယက်ကုန်းအပါအဝင် ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလ (၁) ရက် နေ့ရက်မှစပြီး ယနေ့ ( ၂၀၂၂ ခုနှစ် စက်တင် ဘာ ၂၆ ရက်) အချိန်အထိ အသက်(၁၈) နှစ်အောက် ကလေးသူငယ် (၂၃၄) ဦးကို သတ်ဖြတ်ခဲ့ပြီး၊ (၃၆၃) မှာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟုအမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ်ရေးရာဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

    (more…)

  • စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

    စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ နင်းမိုင်းထိပြီး ကျဆုံး 

    RNA_စက်တင်ဘာ (၂၅)၊၂၀၂၂ခုနှစ်။

    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ခေါက်ပလော့ကျေးရွာ၌ အကြမ်းဖက် စစ်ကောင်စီတပ်ထောင်ထားသည့် နင်းမိုင်းထိပြီး စက်တင်ဘာလ (၂၄) ရက်နေ့က ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ကြောင်း (၁) စစ်ကြောင်းမူး စောအယ်လ်ဘက်အဲလ်ပေါ ကျဆုံးခဲ့ရကြောင်း ၁၁၀၇ တပ်ရင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။

    ကယားပြည်နယ် ( ကရင်နီပြည်)၊ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (DMO-Local PDF)သည် အကြမ်းဖက်စစ်ကောင်စီ(စစ်အာဏာရှင်)တပ်ဖွဲ့နှင့် တိုက်ပွဲ(၁၅၆)ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားသည့်အချိန်မှစ၍ သြဂုတ်လအထိ ပြည်သူ့ကာကွယ်ရေးတပ်မှ ကျဆုံးသွားသော ရဲဘော် (၃၅)ဦးရှိကြောင်း၊ စက်တင်ဘာလ (၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ရဲဘော် (၄)ဦး ထပ်မံကျဆုံးခဲ့ရသည့်အတွက် ရဲဘော် (၃၉)ဦးထိ ကျဆုံးခဲ့ရကြောင်း DMO-Local PDFက ယနေ့ ထုတ်ပြန်ထားသည်။

    Red News Agency

  • အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

    အာဇာနည်ရဲဘော် ထက်ဝေအောင်၏ စျာပနအခမ်းအနားကို တော်လှန်ရေးအင်အားစုများ တက်ရောက်အလေးပြု

    RNA_စက်တင်ဘာ(၂၅)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် မြောင်ဗိုလ်တောက် ထွန်းအဖွဲ့ ( MyaungBoTaukTun(MBTT) Special Force မှ အာဇာနည်ရဲဘော် ထက်ဝေအောင်(ခ)ထက်ကြီး၏ စျာပနအခမ်းအနားကို ယမန်နေ့ (စက်တင် ဘာ၂၄ ရက်) က ပြုလုပ်ခဲ့ရာ အခက်အခဲများကြားမှ တော်လှန်ရေး အင်အားစုများတက်ရောက်အလေးပြုခဲ့ကြောင်း သိရသည်။

    Photo : CJ
    Photo : CJ
    Photo : CJ
    Photo : CJ

    (more…)

  • အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့

    အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်‌ငံ‌ရေးအကျဉ်းသား (၂၅၀) ယနေ့ နံနက်ပိုင်းက သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်ကြောင်း သိရသည်။

    “အင်းစိန်အကျဥ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၄ရက်နေ့ စ‌နေ‌နေ့ ယနေ့မနက်တွင် မယဥ်မြတ်နိုးဦး အပါအဝင် နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦးနှင့် အမျိုး သမီး ၅၀ဦး၊ စုစုပေါင်းအယောက် ၂၅၀ ကို သာယာဝတီထောင်သို့ ပြောင်းရွေ့လိုက်ကြောင်း သတင်းရရှိသည်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)က ယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

    စစ်တပ်မှ အာဏာသိမ်းရန် တိုက်တွန်းအကြံပေးခဲ့သူဆိုသည့် ဗိုလ်ချုပ်ဟောင်း အုန်းသွင် ရှင်းလင်းခံရ

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    စစ်တပ်ကို ဦးဆောင်နေသည့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများ NLD အစိုးရထံမှ အာဏာသိမ်းရန် အကြံပေးတိုက်တွန်းခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်အုန်းသွင်ကို မြို့ပြပြောက် ကျားတပ်ဖွဲ့က ယနေ့ နေ့လည် (၃) နာရီဝန်းကျင်က ရန်ကုန်မြို့ လှိုင်မြို့နယ် ( ၁၂) ရပ်ကွက်အတွင်းရှိ နေအိမ်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု သိရသည်။

    “အငြိမ်းစားယူထားသော်ငြားလည်း ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်များ လုပ်ကိုင်ရန် အား ပေးအားမြှောက်ပြုလုပ်သူ၊ စစ်အာဏာသိမ်းရန် တိုက် တွန်းအကြံပေးသူ၊ စစ်မိစ္ဆာများနှင့် ပူးပေါင်းပြီး အကျိုးမြတ်များ ရရှိနေသူ၊ တော်လှန်ရေးရဲဘော်များအား အ ကြမ်းဖက်နှိမ်နှင်းရန်​တိုက်တွန်း စေခိုင်းသူ အစရှိသူတို့အား ကျွန်ုပ်တို့ မေ့လျော့ထားမည်မဟုတ်ပါ။ နောက်ထပ် mission တွေလဲ ဆက်လက်ဖော်ဆောင်သွားဦးမှာပါ” Inya Urban Force အဖွဲ့က ပြောကြားထားသည်။

    Red News Agency

  • တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

    တန့်ဆည်မြို့နယ် တိုက်ပွဲမှာ TRF ရဲဘော် (၂) ဦး ကျဆုံး

    RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။

    စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေကုန်းရွာအဝင်တွင် စစ်ကောင်းစီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ စက်တင်ဘာလ (၂၃) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး ရွှေဘိုခရိုင်၊ တပ်ရင်း (၁၆) Taze Revolution Force – TRF မှ ရဲဘော် (၂) ဦးကျဆုံးခဲ့ကြောင်း တာဝန်ရှိသူ တဦးက ပြောထားသည်။

    [embedyt] https://www.youtube.com/watch?v=LCZg5GwClVg[/embedyt]

    စစ်ကောင်စီတပ်က ကျူးကျော်ဝင်ရောက်လာသည့် တိုက်ပွဲဖြစ်ပွားခဲ့ရပြီး၊ စစ်ကောင်စီတပ်၏ လူမဆန်သည့် လုပ်ရပ်များကြောင့် ဒေသခံသောင်းချီထွက်ပြေးနေရပြီး ကျေးရွာတချို့ မီးရှို့ခံနေရကြောင်း သိရသည်။

    Red News Agency

  • NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

    NUG,PDF ကို ထောက်ပံ့လှူဒါန်းရင် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း ဇော်မင်းထွန်း ခြိမ်းခြောက်

    RNA_စက်တင်ဘာ (၂၁)၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့(PDF) ၊ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) တို့ကို ထောက်ပံ့ လှူဒါန်းမယ်ဆိုရင် အကြမ်း ဖက်တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူမှာဖြစ်ပြီး၊ ထောင်ဒဏ် ၃ နှစ်၊ ၅နှစ် ၊ ၁၀ နှစ်မှသည် သေဒဏ် အထိ ချမှတ်နိုင်ကြောင်း စစ်ကော်စီ အလိုတော်ကျ သတင်းပြန်ကြားပေးနေသူ ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုထားသည်။

    နေပြည်တော်မှာ ယမန်နေ့( စက်တင်ဘာ ၂၀ )က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲမှာ Kpay အပါအဝင် Mobile Banking ငွေပေးချေမှု အကောင့်များကို Level (2 )အဆင့်တိုးမြှင်ရန်ထုတ်ပြန်ခဲ့သော စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ကြေညာချက်နဲ့ပတ်သက်ပြီး ရှင်းပြစဥ် ဇော်မင်းထွန်းက ခြိမ်းခြောက်ပြောဆိုခဲ့သည်။

    “လှူတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ငွေလွှဲပေးတဲ့သူတွေကိုယ်စားလှယ်တွေ အေးဂျင့်တွေနဲ့ ပတ်သက်လို့ ငွေလွှဲတဲ့သူကော Online ကနေ ငွေကြေး ထောက်ပံ့တာပဲဖြစ်ဖြစ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၃-ခ အရ ငြိစွန်းပါတယ်။ ၁၀၀ပဲလှူလှူ သိန်းနဲ့ချီပြီးပဲ လှူလှူ နောက်ဆုံး  ကူရုံပါပဲလို့ပဲ ပြောပြော အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၂ )အရ ထောင်ဒဏ်၃ နှစ်ကနေ ၇ နှစ်အထိ ချမှတ်နိုင်ပါတယ်။ထပ်ပြီးဆိုးတာက  ကိုယ်ကပို့လိုက်တဲ့ ပိုက်ဆံ ကိုယ်ကလှူလိုက်တဲ့ဟာက ဟိုက လက်ခံထားတဲ့သူက လူသတ်တာတွေ အကြမ်းဖက်တာတွေ ကျူးလွန်ခဲ့လို့ရှိရင် အပြင်း အထန်နာကျင်စေမှုတွေ ဖြစ်ခဲ့လို့ရှိရင် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ (၅၄) အရ ထောင်ဒဏ်အနည်းဆုံး (၁၀ နှစ်)ကနေ သေဒဏ်အထိ ချမှတ်နိုင်တာဖြစ်ပါတယ်” လို့ ပြောကြားခဲ့သည်။

    (more…)

  • အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

    အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် ရုရှားသွားပြီး အပြန် လူမြင်ကွင်းမှပျောက်နေ

    RNA_စက်တင်ဘာ ၁၉၊ ၂၀၂၂ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားသို့ သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံသို့ စက်တင်ဘာလ (၁၁) ရက်နေ့ညက ပြန်ရောက်လာပြီးနောက် လူမြင်ကွင်းမှ ပျောက်နေသည်ကို တွေ့ရသည်။

    အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ရုပ်သံများနှင့် သတင်းစာများတွင် မင်းအောင်လှိုင်နှင့်ပက်သက်ပြီး သ တင်းဖော်​ပြခြင်း မရှိသည်ကိုတွေ့ရသည်။

    ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ နှင့် ငြိမ်းချမ်းရေး တွေ့ဆုံနွေးမှုဟု ဆိုကာ ဟန်ပြလုပ်ဆောင်နေသည်။ ထို လက်နက် ကိုင် ၁၀ တွင်လည်း တိုက်ပွဲများ ဆင်နွှဲနေကြသည့်အဖွဲ့ အများစုပါနေသည်။

    (more…)

  • မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

    မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ် 

    RNA_စက်တင်ဘာ (၁၉)၊၂၀၂၂ခုနှစ်။

    မန္တလေးတိုင်း၊ မြစ်ငယ်မြို့ပေါ်မှ မီးရထားစက်ရုံတွင် အခြေအနေတစ်ခုကြောင့် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းတချို့ကို အရေးယူမည်မဟုတ်ကြောင်း မြစ်ငယ်မြို့ပြ အထူးပြောက်ကျားတပ်ဖွဲ့ – MNPDF က အရေးယူမည်မဟုတ်ကြောင်း သိရသည်။

    မြစ်ငယ်မြို့ပေါ်မှ မီးရထားဝန်ထမ်းများနှင့် ပတ်သက်ပြီး တော်လှန်ရေးပုံရိပ်ကို ဝေဝါးစေရန်အတွက် ပုံမှားရိုက်ပြီး ခြိမ်းခြောက်စာများ ပို့နေသူများရှိကြောင်း သိရသည်။

    (more…)

  • ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့

    ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ပြီး မြေမြှပ်ထားခဲ့

    RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

    ကရင်နီ (ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်းထိုးလာသည့် စစ်ကောင်စီတပ်က ဒေသခံပြည်သူ (၂) ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး အလောင်းမြေမြှပ်ထားခဲ့ရာ KNDF -BO 6 ရဲဘော်များက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

    ” စခတွေကို ဖထွေးတော်ချင်တဲ့သူတွေက စခကကောင်းပါတယ် ပြန်နေရင်ဘာမှ မဖြစ်ဘူး ငါတို့ကိုတောင် ကော်ဖီတိုက်သေးတယ် ပြောဆိုစည်းရုံးတော့ ရွာသားအနည်းစုက အဟုတ်ထင်ပြီးပြန်နေကြတယ်။ စက်တင်ဘာ ၁၄ ရက်က စခတွေ စစ်ကြောင်းထိုးတော့ KNDF တပ်ရင်းအမှတ်၆ နဲ့ တိုက်ပွဲ ၁နာရီ မိနစ် ၃၀ ကြာ ဖြစ်ပွားခဲ့တယ်။ စခဘက် အထိနာရှိတော့ ရွာအတွင်း မြေလှန်နင်းရှာဖွေရင်း ရွာတွင်းရှိ ပြည်သူနှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ ပြန်လည်တူးဖော်တွေ့ရှိချက်အတိုင်း ပြောရရင် လူမဆန်စွာ နှိပ်စက်ပြီး သတ်ဖြတ်ကြောင်း တွေ့ရတယ်။ စခတွေကောင်းကြောင်းပြောပြီး စခနှင့်အတူပြန်နေဖို့ ပြောတဲ့သူတွေ ဘယ်လိုတာဝန်ယူမလဲ” ဟု ဒေသခံ ရဲဘော်တဦးက ပြောကြားထားသည်။

    (more…)