Tag: နွေဦးတော်လှန်ရေး

  • MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

    MDY PDF ၏ “တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်များအပါအဝင် (၇) ဦးဖမ်းဆီးရမိ

    RNA_အောက်တိုဘာ(၃၁)၊၂၀၂၃ ခုနှစ်။

    ညီနောင် မဟာမိတ်(၃)ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ မန္တလေး PDF ရဲဘော်များ ဆင်နွှဲနေသည့် တောင်သမန် စစ်ဆင်ရေး” အတွင်း စစ်ကောင်စီတပ်မှ နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးအဆင့် ၁ ဦး၊ ဗိုလ်ကြီး ၁ဦး၊ တပွင့်ဗိုလ် ၁ ဦးအပါအဝင် (၇) ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

    “၂၀၂၃ ခုနှစ် အောက်တိုဘာ (၂၆) ရက်နေ့ မှ အောက်တိုဘာ(၃၀) ရက်နေ့အတွင်း ဗိုလ်မှုးအဆင့်ရှိ နယ်ခြားစောင့် တပ်ဖွဲ့ဝင်(၁)ဦး၊ ဗိုလ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၁)ဦး၊ တစ်ပွင့်ဗိုလ်အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး၊ တပ်ကြပ်ကြီးအဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်(၂)ဦး၊ ပြည်သူ့စစ် (၂)ဦးနှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့သည်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။

    (more…)

  • စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

    စစ်မျက်နှာအသစ်ဖြစ်လာတဲ့ ရှမ်းမြောက်နဲ့ တော်လှန်ရေးအောင်ပွဲ

    “စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ”

    မောင်ဝိ

    မြန်မာ ပြည်သူတစ်ရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးကို ကိုးကန့် MNDAA ၊ ရခိုင်တပ်တော် AA နဲ့ တအာင်း TNLA မဟာမိတ် ၃ ဖွဲ့ တို့က ၁၀၂၇ စစ်ဆင်ရေး ဆင်နွှဲပြီဖြစ်ကြောင်း ကြေညာချက်နဲ့အတူ ဒီကနေ့ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်တော့တယ်။

    အောက်တိုဘာ ၂၇ ရက်​နေ့ မနက် ၅ နာရီလောက်ကစတင်ပြီး၊ ရှမ်းပြည် နယ်မြောက်ပိုင်း လားရှိုး၊ မူဆယ်၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ တာမိုးညဲ၊ သိန္နီ၊ လောက်ကိုင်၊ ကွမ်းလုံနှင့် ချင်းရွှေဟော်ဘက်များမှာ တိုက်ပွဲများဖြစ်ပွားနေပါတယ်။ စစ်ကောင်စီရဲ့ ဂိတ်စခန်းတွေ အသိမ်းခံနေရသလို ချင်းရွှေဟော်မြို့ကိုလည်း တော်လှန်ရေးအင်အားစုတွေက ထိန်းထားလိုက်ပြီလို့ ကြားနေရပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာအနှံ့မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီတပ်များအကြား တိုက်ပွဲပြင်းထန်နေပြီး၊ စစ်ကောင်စီရဲ့ စခန်းတွေနဲ့အတူသံချပ်ကာကားနှစ်စီး သိမ်းပိုက်နိုင်ခဲ့ကြောင်း လည်းမြေပြင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရတယ်။

    တိုက်ပွဲအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ချင်းရွှေဟော် ဖောင်ဆိပ် အကောက်ခွန်ဦးစီးဌာနစခန်းကို တော်လှန်ရေးတပ်ဖွဲ့ရဲဘော်များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ စစ်တပ်ဘက်က အများအပြား ရှင်းလင်းခံခဲ့ရပြီးတော့ အကောက်ခွန်ရုံးနှင့်စခန်းတစ်ခုလုံး ပြာကျသွားပြီလည်း ဖြစ်ပါတယ်။ ချင်းရွှေဟော်ရှိ ရော်ဘာတော စစ်တပ်ဗျူဟာကုန်း ၊ဖောင်ဆိပ်စခန်း၊ မြို့အဝင်တပ်ဂိတ် အပါအဝင် စစ်ကောင်စီစခန်းများအားလုံး ကျဆုံးသွားပြီး ချင်းရွှေဟော်မြို့ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။

    နောက်ထပ်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်နှင့် မူဆယ်မြို့နယ်ကြားမှာရှိတဲ့ ပြည်ထောင်စုလမ်းမကြီးအနီး က စစ်ကောင်စီရဲ့ “ရင်ကွဲတောင်” တပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ဘက်က အောက်တိုဘာ ၂၇ ရက်​​နေ့၊ မနက် ၁၀နာရီတွင် တိုက်ခိုက် သိမ်းပိုက်လိုက်ပါတယ်။ ရှမ်းမြောက်မှာရှိတဲ့ မန္တလေး PDF ကလည်း မြောက်ပိုင်းမဟာမိတ်တွေနဲ့အတူ တိုက်ပွဲဝင်မယ်လို့ ကြေညာထားပါသေးတယ်။

    (more…)

  • အရှိန်ပြင်းပြင်း စစ်ဆင်ရေးများနဲ့ နွေဦးတော်လှန်ရေး

    အရှိန်ပြင်းပြင်း စစ်ဆင်ရေးများနဲ့ နွေဦးတော်လှန်ရေး

    “ကနောင်စစ်ဆင်ရေးဟာ စစ်ကောင်စီရဲ့ ဒုတိယမြို့တော် လို့ သတ်မှတ်ထားတဲ့ မန္တလေးမြို့ကို ပထမဦးဆုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားစေတဲ့ စစ်ဆင်ရေးတစ်ခုဖြစ်ပါတယ်။ ၂ နှစ်ကျော်ကာလအတွင်းမှာပင် ယခုလို စစ်ကောင်စီ ရဲ့အားကောင်းလှတဲ့ မြို့တော်ကြီးတခုကို တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကောင်းကောင်းခြိမ်းခြောက်ထားနိုင်တာကိုကြည့်ရင် နွေဦးတော်လှန်ရေးဟာ ဘယ်လောက်အားကောင်းနေလဲဆိုတာ”

    ချမ်းမင်း

    တော်လှန်ရေးကာလ ၃ နှစ်နီးပါးရှိလာတောမဲ့ ဒီကနေ့ နွေဦးတော်လှန်ရေးဟာ အခြေအနေ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ နိုင်ငံအနှံ့က ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အင်အားအရေအတွက်၊ စွမ်းဆောင်ရည်ပြည့်ဝတဲ့ လက်နက်အမျိုးအစား ပိုင်ဆိုင်လာမှုရာခိုင်နှုန်းတွေနဲ့ နယ်မြေစိုးမိုးလာနိုင်မှုတွေဟာအရင်နှစ်ပိုင်းတွေကထက် သိသိသာသာ တိုးတက်လာနေတာကို တွေ့ရပါတယ်။ ပြည်သူတွေအနေနဲ့ကလည်း ဒီကနေ့အထိ တော်လှန်ရေးဘက်တော်သားတွေနဲ့အတူ ရှိနေသေးတာ အားလုံးအသိဖြစ်ပါတယ်။

    ပြည်သူ့ထောက်ခံမှုကြောင့်သာ ဒီကနေ့ ဒီအချိန်ထိ တော်လှန်ရေးက တောင့်ခံနေတာဖြစ်ပါတယ်။ တော်လှန်ရေးကာလအစောပိုင်းက ပစ်ပြေးအဆင့်တွေပါ ဂိမ်းထဲက PUBG လောက်ဆော့ပြီး စစ်တပ်ကိုအာခံချင်ကြတဲ့ လူငယ်တွေဆိုပြီး အထင်တသေးပြောဆိုခဲ့ကြတဲ့ ဝေဖန်သံတွေအားလုံးကို မှားယွင်းနေကြောင်း ယခုအချိန်မှာတော်လှန်လူငယ်တွေကကောင်းကောင်းကြီးသက်သေပြနိုင်ခဲ့ပြီလို့ဆိုရပါမယ်။

    (more…)

  • မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့် သေဆုံးနိုင်

    RNA_အောက်တိုဘာ(၂၁)၊၂၀၂၃ ခုနှစ်။

    ဒေါနစစ်ကြောင်၊ ရေးပြောက်ကျားတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ်၊ ABSDF တပ်ရင်း (၁) ရဲဘော်များ အောက်တိုဘာလ ၂၀ ရက်နေ့က ရေးမြို့နယ်အတွင်း ဖော်ဆောင်သည့် ပူးပေါင်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားသည်။

    မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များသည် စစ်ကောင်စီလက်အောက်ခံများရှိသည့် ရေးတံတားဂိတ်၊ ကျုံလောင်းရွာနှင့် ဝဲပေါင်ကျေးရွာကြား ကားလမ်းဘေး ရာညာခြံအတွင်းနှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လူနာသယ်ဆောင်လာသည့် ကားတို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခြင်းအပါအဝင် ယမန့်က တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီဝန်းကျင်ရှိကြောင်း သိရသည်။

    ယမန့်နေက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၄၀ ခန့်သေဆုံးနိုင်ပြီး ပူးပေါင်းမဟာမိတ်တပ်ဖွဲ့မှ ၁၂ ဦးဒဏ်ရာရရှိပြီး ၂ ဦးစိုးရိမ်ရကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။


    စစ်ကောင်စီတပ်မှ သေဆုံးသူများ၏ ပုံတချို့ကို ကြည့်လိုပါက >>>>> https://t.me/rednewsagency/4354

    #RedNewsAgency

  • စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

    စစ်ကောင်စီတပ်စစ်ကြောင်းကို PDF များ စောင့်ကြိုတိုက်ခိုက်

    RNA_အောက်တိုဘာ(၂၀)၊၂၀၂၃ ခုနှစ်။
     
    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှ ထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခဲပင်အင်းအရှေ့ဘက်အရောက်တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာမှ စတင်ကာ ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
     
    အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူမြို့ပြပြောက်ကျားအဖွဲ့နှင့် အခြားပူးပေါင်းတပ်ဖွဲ့များက အောက်တိုဘာလ ၁၇ ရက်နေ့က ခဲပင်အင်းအရှေ့ဘက်မှစတင်တိုက်ခိုက်ခဲ့ကြောင်း၊ ၁၈ ရက်နေ့တွင်လည်း ခဲအင်ပင်းရွာအတွင်း ဝင်ရောက်နေသည့် ယင်းစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊ ခဲပင်အင်းရွာမှထွက်သွားစဉ် ညောင်ရင်းရွာဘက်အရောက်တွင်လည်း ပစ်ခတ်ခဲ့ကြကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=IMlUVxz4wtY[/embedyt]
     
    ပေါက်မြို့နယ်၊ ဝက်ပုတ်ကျေးရွာမှထွက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် တလျှောက်လုံး ဒရုန်းဗုံးများ၊ မိုင်းပွိုင့်များအပါအဝင် လက်နက်ကြီး လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခံရပြီးနောက် ဇီးပြားရဲစခန်းဘက် ဆုတ်ခွါသွားခဲ့ကြောင်း၊ လမ်းလျှောက် စစ်ကောင်စီတပ်မှ သေဆုံးသူ ၈ ဦးဝန်းကျင်ရှိကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် ဇီးပြားရွာရဲစခန်းနှင့် သရော်ကိုင်းရွာမှပျူများ အသံချဲ့စက်များဖြင့် အနီးဝန်းကျင်မှ မီးရှို့မည်ဖြစ်ကြောင်း၊ ပစ်သတ်မည်ဖြစ်ကြောင်းအပါအဝင် အကြားဝံ့မနာသာ စကားလုံးများဖြင့် ဆဲဆိုနေကြသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
     
    #RedNewsAgency

  • ချင်းတိုင်းရင်းသားတို့ရဲ့ တော်လှန်ရေး မော်ကွန်း

    ချင်းတိုင်းရင်းသားတို့ရဲ့ တော်လှန်ရေး မော်ကွန်း

    “တူမီးနဲ့ အစပြုလို့ ရရာလက်နက်နဲ့ စစ်ကောင်စီကို ချင်းပြည်နယ်က တော်လှန်ခဲ့တာဟာဆိုရင် ၉၀ ရာခိုင်နှုန်းဝန်းကျင်အထိ နယ်မြေစိုးမိုးမှု ရနေပြီ”

    ကျော်ရဲစံ

    မြန်မာနိုင်ငံမှာ စတုရန်းမိုင် ၁၃၀၀၀ ဝန်းကျင်ရှိတဲ့ ဖွံ့ဖြိုးမှုနောက်အကျဆုံး ပြည်နယ်ကိုပြပါဆိုပါက ချင်းပြည်နယ်ကို ပြရမှာ ဖြစ်ပါတယ်။ မြို့နယ်ပေါင်း ၁၉ မြို့နယ်တည်ရှိပြီး သွားလာရခက်ခဲတာကြောင့် ဖွံ့ဖြိုးမှုနောက်ကျခဲ့တယ်လို့ ဆိုကြပါတယ်။ ဒီပြည်နယ်လေးကပဲ စစ်ကောင်စီကို တော်လှန်ရာမှာ ရှေ့ဆုံးကနေပါဝင်ခဲ့တယ်ဆိုတာ အားလုံအသိဖြစ်ပါတယ်။ မင်းတပ်၊ ထန်တလန်စတဲ့ မြို့ကြီးတွေကို ပြာကျအောင် စစ်ကောင်စီက စွမ်းဆောင်နိုင်ခဲ့ပေမဲ့ ဒီမြို့တွေရဲ့ တော်လှန်ရေးအင်အားကတော့ ပိုလို့သာ အားကောင်းခဲ့ပါတယ်။

    အနောက်တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မြောက်ဘက်မှာ အိန္ဒိယနိုင်ငံ မဏိပူရနယ်နဲ့ အနောက်ဘက်မှာ မီဇိုရမ်ပြည်နယ်တွေရှိနေပါလျက်နဲ့ စစ်ခေါင်းဆောင်အဆက်ဆက်ဟာ ချင်းပြည်နယ်ကို ဖွံ့ဖြိုးမှုအားကောင်းအောင် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိပါဘူး။ အရပ်သားအစိုးရလက်ထက်မှာ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်အောင် ဆောင်ရွက်နေပေမဲ့ မထိရောက်သေးတဲ့အချိန်မှာပဲ စစ်ခေါင်းဆောင်တွေက အာဏာသိမ်းခြင်းကို ခံလိုက်ရပါတယ်။

    ဒါပေမဲ့ ဒီပြည်နယ်က ပြည်သူတွေရဲ့ နိုင်ငံရေးအသိနဲ့ တော်လှန်စိတ်ဓာတ်ဟာ လျော့နည်းခြင်းမရှိ ရှေ့ဆုံးက ဦးဆောင်ခဲ့တာပါ။ ချင်းလူငယ်တွေဟာ ချင်းပြည်နယ်နဲ့ ထိစပ်နေတဲ့ စစ်ကိုင်းတိုင်းထဲက တာဟန်း ခံတပ်မှာ ပထမအဆုံးအကြိမ်တူမီးတွေနဲ့ တိုက်ပွဲဝင်ခဲ့ကြတာပါ။ ဒါ့အပြင် ထန်တလန်ကို တက်လာတဲ့ စစ်ကောင်စီယာဉ်တန်းတွေကိုလည်း ကျောက်ခဲနဲ့ ပေါက်ရသည်အထိ ရွံရွံချွံချွံတိုက်ပွဲဝင်ပြီး စစ်ကောင်စီကို အနိုင်ပိုင်းခဲ့တာပါ။ အမဲလိုက်တာကျွမ်းကျင်တဲ့ ချင်းလူမျိုးတွေဟာ နယ်မြေဒေသတောတောင် ကျွမ်းကျင်မှုကို ပိုင်ပိုင်နိုင်နိုင်အသုံးချပြီးတော့ မှ စစ်ကောင်စီတပ်သားတွေကို အမဲလိုက်နေကြတာပါ။ ချင်းအမျိုးသားတို့ရဲ့ သတ္တိသွေးကို တဖန်ပြခွင့်ရခဲ့ကြတာပါ။

    (more…)

  • စစ်ရေးမှာ သတင်းနဲ့ ထမင်းက အရေးကြီးဆုံးဆိုရင် ပြင်သင့်တာ ပြင်ဆင် 

    စစ်ရေးမှာ သတင်းနဲ့ ထမင်းက အရေးကြီးဆုံးဆိုရင် ပြင်သင့်တာ ပြင်ဆင် 

    “အစ္စရေးနဲ့ ဂါဇာအရေးကိုကြည့်ရင်သိနိုင်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း PDF တွေ အကျဆုံးများရင် မေးကြတဲ့ မေးခွန်းက သတင်းကြိုမရဘူးလား ဆိုတဲ့မေးခွန်းပဲ ဖြစ်ပါတယ်။ သတင်းတော့ကြိုရတယ် ရှောင်ချိန်မရလိုက်တာမျိုးတွေ ဆိုတာကြားရတာ ဒုနဲ့ဒေးပါပဲ”

    ကျော်ရဲစံ 

    စစ်ကောင်စီက မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကို စစ်ရေးအရ ဖိအားပေးလာတာဟာ နှစ်လကျော်ကြာမြင့်လာပြီဖြစ်ပါတယ်။ မကွေးတိုင်း ပခုက္ကူခရိုင်နဲ့ စစ်ကိုင်းတိုင်းက ယင်းမာပင်ခရိုင် အပါအဝင်နေရာတော်တော်များများကို စစ်ကြောင်းထိုးနေပါတယ်။ ဒီကာလအတွင်းမှာ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေဘက်က အထိခိုက်အကျဆုံးတွေလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ 

    စစ်ကိုင်းတိုင်း မြင်းမူမှာ PDF ရဲဘော်တွေ နှစ်ဆယ်ကျော်ကျဆုံးမှုနဲ့အတူ မကွေးတိုင်း ပခုက္ကူဘက်မှာလည်း စခန်းစီးနင်းခံရတာတွေ ခေါင်းဆောင်ပိုင်းလုပ်ကြံခံရတာတွေဖြစ်ပေါ်လာပါတယ်။ စစ်ကောင်စီလက်အောက်ခံ ဖြစ်နေပေမဲ့ ရုန်းမထွက်နိုင်သူတချို့ဟာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ဆက်သွယ်ပြီး ဖရဲသီးအဖြစ်ရှိနေကြပါတယ်။ 

    ဖရဲသီးတွေထံက စစ်ကြောင်းသတင်းတွေ၊ တပ်တည်တပ်လှုပ်တွေနဲ့ အထိခိုက်စာရင်းတွေ ကိုကာကွယ်ရေးအဖွဲ့တွေကရနေပါတယ်။ ဒါကြောင့်ပဲ စစ်ကောင်စီရဲ့ လျို့ဝှက်ဆိုတာတွေဟာ အမြဲပေါက်ကြားနေတာဖြစ်ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီထံက အရေးကြီးအချက်လက်တွေကို လုံလောက်အောင်သတင်းပြုစုနိုင်ခြင်းမရှိသေးတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် စစ်ဖက်အရပ်ဖက်ထောက်လှမ်း ရေးတွေ စိမ့်ဝင်နေတဲ့ ကိစ္စမျိုးတွေပါ။ 

    (more…)

  • 96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

    96 Soldiers – PDF (၂) နှစ်ပြည့် အခမ်းအနား ကျင်းပ

    RNA_အောက်တိုဘာ(၇)၊၂၀၂၃ ခုနှစ်။

    96 Soldiers – PDF ဖွဲ့စည်းခဲ့သည်မှာ အောက်တိုဘာလ ၇ ရက်နေ့ ယနေ့တွင်  (၂) နှစ်ပြည့်မြောက်ခဲ့ဖြစ်ဖြစ်သည့်အတွက် စစ်ကိုင်းတိုင်းအတွင်းတနေရာတွင် အညာဒေသတပ်ခွဲ ရဲဘော်များ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

    ၂ နှစ်အတွင်း 96 Soldiers – PDF သည် တောင်ပိုင်းတိုင်းအတွင်းရှိ တပ်ခွဲအနေဖြင့် NUG ၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တွင် စစ်ရေးလှုပ်ရှားမှုများကို ပါဝင်ဆောင်လျှက်ရှိပြီး၊ အညာဒေသအတွင်းရှိ တပ်ခွဲအနေဖြင့် စစ်ကိုင်းတိုင်းအတွင်းရှိသော နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ Local PDF များနဲ့အတူတကွ ပူပေါင်း၍ စစ်ရေးလှုပ်ရှားများကို လုပ်ဆောင်လျှက်ရှိသည်။

    (more…)

  • NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

    NUGက ၂ နှစ်အတွင်း PDF များကို အမေရိကန်ဒေါ်လာ (၁၅.၇) သန်း ထောက်ပံ့ခဲ့ 

    RNA_အောက်တိုဘာ(၃)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် ပြည်သူ့ခုခံတွန်းလှန်စစ် (၂) နှစ် အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်းများကို တပ်ရင်းထောက်ပံ့စရိတ်အဖြစ် (၁၆) ကြိမ် တိတိပေးပို့ခဲ့ရာ ငွေကြေးပမာဏအားဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁၅.၇)သန်းခန့်ဖြစ်ကြောင်း ယနေ့ ညတွင် ထုတ်ပြန်ထားသည်။

    နိုင်ငံနှင့်တဝှမ်းဖွဲ့စည်းထားရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း / စစ်ကြောင်း (၃၀၀) ခန့်ကို ပေးပို့ခဲ့‌ကြောင်း၊ ယခုနောက်ဆုံးပေးပို့သည့် (၁၆) ကြိမ်မြောက် တပ်ရင်းထောက်ပံ့စရိတ်အနေဖြင့် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၁) သန်းခန့်ရှိကြောင်း သိရသည်။

    (more…)

  • တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

    တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားနှင့် လိင်အမြတ်ထုတ်မှုများကိစ္စ ယာယီသမ္မတပြောကြား 

    RNA_အောက်တိုဘာ (၃)၊၂၀၂၃ ခုနှစ်။

    တော်လှန်ရေးကာလအတွင်း ကိုယ်ကျိုးစီးပွားအသုံးချမှုအပါအဝင် လုံခြုံရေးအခြေအနေကို အသုံးချပြီး လိင်အမြတ်ထုတ်မှုများ မရှိစေရေး၊ ယင်းကိစ္စများကို တရားမျှတမှုနှင့် ပွင့်လင်းမြင်သာမှုရှိစွာဆောင်ရွက်နိုင်ရေး အလေးထားရမည်ဟု NUG ယာယီသမ္မတက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=od0fekQwzCw[/embedyt]

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယနေ့ပြုလုပ်သည့် အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားသည့် မိန့်ခွန်းမှ လိင်အမြတ်ထုတ်မှု၊ အကြမ်ဖက်ခံရမှု၊ တော်လှန်ရေးတွင် ပါဝင်နေမှု စသည်တို့နှင့် ပတ်သက်ပြီး ကောက်နုတ်တင်ပြလိုက်ပါသည်။

    #RedNewsAgency