Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

    လွတ်လပ်ရေး ကျောက်တိုင်‌ရှေ့အရောက် စကစ တပ်သား (၃)ဦး တိုက်ခိုက်ခံရပြီး (၂) ဦးသေ

    RNA_ဇန်နဝါရီ ၁ ၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှိ လွတ်လပ်ရေးကျောက် တိုင်ရှေ့အ‌ရောက် စစ်ကောင်စီတပ်သား (၃) ဦး ယနေ့ ( ဇန်နဝါရီ ၁ ရက်) နံနက် ၆ နာရီဝန်းကျင်က မိုင်းဆွဲတိုကိခိုက်ခံရပြီး (၂) ဦး သေဆုံးကြောင်း သည်ရသည်။

    စစ်ကောင်စီတပ်သား (၃)ဦးသည် မြင်းမူမြို့အထက် တန်းကျောင်းတွင် တပ်စွဲထားသောအဖွဲ့မှ အပြင်ထွက်လာစဉ် လွတ်လပ်ရေးကျောက်တိုင်ရှေ့အရောက် ပဒေသသာမိုင်း နှစ်လုံးဖြင့် Zeroပြောက်ကျား တပ်ဖွဲ့ (မြင်းခြံ)နှင့် Ture Fighter အဖွဲ့တို့က ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် နှစ်သစ်အကြို တိုက်ခိုက်ခြင်းဖြစ်သည်ဟု Zero ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)က ထုတ်ပြန်ထားသည်။

    #RedNewsAgency

  • “စစ်ခွေးနိဂုံး ၂၀၂၃ ” ဟု ဆိုကာ နှစ်သစ်ကိုကြိုဆိုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ် 

    “စစ်ခွေးနိဂုံး ၂၀၂၃ ” ဟု ဆိုကာ နှစ်သစ်ကိုကြိုဆိုရင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ် 

    RNA_ဇန်နဝါရီ ၁၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအတွင်း အခြေစိုက် အညာပစ်တိုင်း ထောင်လေးများအဖွဲ့က “စစ်ခွေးနိဂုံး ၂၀၂၃ ” ဟုစာတန်းပါသည့် LED မီးဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြီးခဲ့သည့် ညပိုင်းက လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

    (more…)

  • ပွင့်ဖြူမြို့နယ် နှင့် စလင်မြိ့နယ်မှာ ယနေ့ည တိုက်ပွဲဖြစ်ပွားနေ 

    ပွင့်ဖြူမြို့နယ် နှင့် စလင်မြိ့နယ်မှာ ယနေ့ည တိုက်ပွဲဖြစ်ပွားနေ 

    RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ မဲဇလီရှိ စစ်ကောင်စီတပ်စခန်းနှင့် စလင်းမြို့နယ် ကံပြားရှိ စစ်ကောင်စီတပ်စခန်းတို့ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    မဲဇလီရှိ စစ်ကောင်စီတပ်စခန်းအတွင်း ရှော့တိုက်ဒုံးများဖြင့် ပွင့်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြောင်း၊ ကံပြားရှိ စစ်ကောင်စီတပ်စခန်းကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

    မဲဇလီကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းမှာ သေဆုံးမှုများရှိကြောင်း၊ ကံပြားကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း အသေအဆုံးများ ရှိ မရှိအတိအပျ မသိရှိရသေးကြောင်း သိရသည်။

    #RedNewsAgency

  • ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

    ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

    RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်မှာ ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆိုရန် သိန်းချီသည့် နိုင်ငံတကာမှ ဧည့်သည်များသည် ယနေ့ည အစောပိုင်းကတည်းက စုဝေးရောက်ရှိနေကြသည်။

    [embedyt] https://www.youtube.com/watch?v=qsH8u9aO0Ds[/embedyt]

    ယနေ့ည နှစ်သစ်ကြိုဖို့ Central World ကုန်တိုက် Platinum ကုန်တိုက်နဲ့ Big  C ကုန်တိုက်ကြီးများရှိသော ရတ်ချာဒမရီလမ်းမကြီးတွင် လူဦးရေ သိန်းချီစုဝေးရောက်ရှိလိမ့်မည်ဟု ဒေသခံများက ခန့်မှန်းထားသည်။

    Covid -19 ကပ်ရောဂါကြောင့် ထိခိုက်သွားခဲ့သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားနိုင်ရန်အတွက် ထိုင်းအစိုးရက အထူးကြိုးစားနေပြီး ပြည်ပဧည့်သည်များဝင်ရောက်မှုကိုလည်း များစွာပြေလျော့ပေးထားသောကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံတကာခရီးသွားများဖြင့် စည်ကားလျှက်ရှိနေသည်။

    #RedNewsAgency

  • လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ တဦးသေ (၅) ဦးဒဏ်ရာရ 

    လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ တဦးသေ (၅) ဦးဒဏ်ရာရ 

    RNA_ဖားကန့်၊ ဒီဇင်ဘာ(၃၁)၊၂၀၂၂ ခုနှစ်။

    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်း စစ်ကောင်စီတပ် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲပြီး ဦးကွန်ဂျာနော် အသက် (၅၂) နှစ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။

    ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆန်ခါကျေးရွာရှိ ဖားကန့်အချုပ်ထောင်မှ စစ်ကောင်စီစစ်တပ်က ဒီဇင်ဘာလ (၃၀) ရက်နေ့က အရပ်လေးမျက်နှာကို လက်နက်ကြီး ရမ်းသန်းပစ်ခတ်သည့်အတွက် ဆန်ခါကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူ (၆) ဦးထိမှန်ခဲ့ရာ တဦးသေဆုံးသွားခြင်း ဖြစ်သည်။

    (more…)

  • ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၆ ဦး ဒဏ်ရာရ

    ဖားကန့်မြို့နယ်မှာ စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် (၂) ကြိမ်ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၆ ဦး ဒဏ်ရာရ

    RNA_ဖားကန့်၊ ဒီဇင်ဘာ(၃၀)၊၂၀၂၂ ခုနှစ်။
     
    ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအတွင်း ယနေ့ နေ့လည် ၂ နာရီခန့်က စစ်ကောင်စီ၏ လက်နက်ကြီးကျည် နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ၆ ဦး ထိမှန်ဒဏ်ရာများရခဲ့ကြောင်း သိရသည်။
     
    ပထမအကြိမ် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲစဉ်တွင် အမျိုးသမီး တစ်ဦး ခြေထောက်ထိမှန်ဒဏ်ရာရခဲ့ပြီး ဒုတိယအကြိမ် ကချင်ကတ်သောလစ်အသင်းတော် ဘုရားကျောင်းအနီး ကျရောက်ပေါက်ကွဲစဉ်တွင် ဘုရားကျောင်းမှ ဆရာမ နှစ်ဦး၊ ကလေးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ ဒဏ်ရာများရရှိခဲ့သည်။

    (more…)

  • လူငယ်သူရဲကောင်းတပ်(YRF) အနေဖြင့် ရိက္ခာ စပါး (၂၀၀) ဝန်းကျင်ရရှိ

    လူငယ်သူရဲကောင်းတပ်(YRF) အနေဖြင့် ရိက္ခာ စပါး (၂၀၀) ဝန်းကျင်ရရှိ

    RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၂ ခုနှစ်။
     
    ယင်းမာပင်ခရိုင်အခြေစိုက် စစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် လူငယ်သူရဲကောင်းတပ် – Young Rangers Force (YRF) အနေဖြင့် ယခု စပါးစိုက်ရာသီတွင် ရိက္ခာအနေဖြင့် တင်း (၂၀၀) ဝန်းကျင်ရရှိကြောင်း သိရသည်။
     
    ဒေသခံ လယ်သမားများက လယ်ကွက်များတွင် ပေးစိုက်သည့်အတွက် YRF တပ်ဖွဲ့ဝင်များက စိုက်ပျိုးခဲ့ကြောင်း၊ ဒီဇင်ဘာလအတွင်း စစ်ကိုင်းတိုင်းတွင် တိုက်ပွဲများပြင်းထန်ခဲ့သော်လည်း ရိတ်သိမ်းမှုများ ပြုလုပ်နိုင်ခဲ့သည်။

    (more…)

  • နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

    နိုင်ငံရေးအကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင် ထောက်ဒဏ် (၇) နှစ်ချမှတ်ခံရ 

    RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။

    အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက မတရားဖမ်းဆီးပြီး အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဥက္ကလာပမြို့နယ်မှ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုတင်ထွဋ်ပိုင်ကို အင်းစိန်ထောင် အထူးတရားရုံးမှ ယနေ့ ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

    ယနေ့ အင်းစိန်ထောင်အထူးတရားရုံးမှ ပေါက်ကွဲစေတတ်သော ဝတ္တုပစ္စည်းများအက်ဥပဒေပုဒ်မ ၅ ဖြင့် စွဲဆိုခံထားရသည့်အမှုအတွက် ထောင်ဒဏ် (၄) နှစ်ချမှတ်လိုက်သည့်အတွက် ယခင်က ချမှတ်ခံထားရသည့် ထောင်ဒဏ် (၃) နှစ်ရှိသည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၇) နှစ်ချမှတ်ခံထားရကြောင်း သိရသည်။

    (more…)

  • ဒဂုံတက္ကသိုလ်ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီ ဖမ်းဆီးခံရ

    ဒဂုံတက္ကသိုလ်ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီ ဖမ်းဆီးခံရ

    RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ ခုနှစ်။
     
    အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံများက ရန်ကုန်မြို့၊ ဒဂုံတက္ကသိုလ် မြန်မာစာ နောက်ဆုံးနှစ် ကျောင်းသူ မြသန္တာအောင်(ခ)မချယ်ရီကို ဖမ်းဆီးပြီး ဘုရင့်နောင်ရဲစခန်း စစ်ကြောရေးမှတဆင့် ပုဒ်မ ၅၀ (ည) နှင့် တရားစွဲဆိုကာ အင်းစိန်အကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
     
    နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဘက်မှ ဒဂုံတက္ကသိုလ်ကျောင်းသား သမဂ္ဂသည် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများအပါအဝင် လက်နက်ကိုင်တော်လှန်ရေးတွင်လည်း အင်းတိုက်အားတိုက်ပါဝင်နေကြောင်း၊ မြသန္တာအောင်(ခ)မချယ်ရီကို စစ်ကောင်စီလက်အောက်ခံများက နိုဝင်ဘာလ ၁၆ ရက်နေ့က နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ထုတ်ပြန်ထားသည်။

    (more…)

  • အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

    အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့က ဘာပြောထားလဲ

    မြောင်အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့က အမရာနှင့်ဟီရာတို့ပြောကြားထားမှု

    RNA_ဒီဇင်ဘာ(၂၉)၊ ၂၀၂၂ ခုနှစ်။

    ” အုံနဲ့ကျင်းနဲ့ တော်လှန်ရေးပွဲကြီးကို ဆင်နွှဲကြတဲ့အခါမှာ ကိုယ်ကျရာ အခန်းကဏ္ဍကနေမှ အင်တိုက်အားတိုက်နဲ့ ပူးပေါင်းပါဝင်ပေးကြဖို့ ပြည်သူ တစ်ယောက်ချင်းစီ တယောက်ချင်းစီတိုင်းကို မေတ္တာရပ်ခံချင်ပါတယ်” လို့ မြောင် အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့က အမရာ နှင့် ဟီရာတို့က ပြည်သူများကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=KaQqb1ZP2hw[/embedyt]

    #RedNewsAgency