Editor

1551 Posts
ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

ကျေးရွာ ၁၈ ရွာကို ပြန်လည်တည်ဆောက်မှုကိစ္စများ ဆွေးနွေးလုပ်ဆောင်

RNA_ဒီဇင်ဘာ(၂၉)၊၂၀၂၂ခုနှစ်။ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်း KNU ထိန်းချုပ်နယ်မြေအတွင်းရှိ ကျေးရွာ (၁၈) ရွာမှ ဒေသခံပြည်သူများထံသွားရောက်ပြီး ပုလော PDF တာဝန်ရှိသူများက တော်လှန်ရေးနှင့်ပတ်သက်သည့်ကိစ္စများ၊ ပြန်လည်တည်ဆောက်ရေးကိစ္စ စသည်တို့ကို ဆွေးနွေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (more…)
Read More
မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။ မြေပြင်တိုက်ပွဲဝင်နေသည့် စစ်ကိုင်းတိုင်းက တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က တပ်ဖွဲ့အတွက် မိခင်ကိုအိမ်ဆောက်ပေးမည့် မြေကွက်ရောင်းပြီး သေနတ်တလက်ဝယ်ယူခဲ့ကြောင်း သိရသည်။ မြေကွက်ရောင်းပြီး သိန်း ၂၂၀ တန် M4 သေနတ် တလက်ဝယ်ယူခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်‌မတော် တပ်ရင်း (၄)၊ ယင်းမာပင်ခရိုင် အမှတ်-၂၈ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။ #RedNewsAgency
Read More
တက္ကသိုလ် ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးတို့ကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်

တက္ကသိုလ် ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးတို့ကို စစ်ကောင်စီက အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်ထိ ချမှတ်

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။   ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကျောင်းသား (၅)ဦးအပါအဝင် လူငယ် ၆ ဦးကို စစ်ကောင်စီလက်အောက်ခံ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံး ထောင်ဒဏ် ၂၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။   ကျောင်းသား (၅) ဦးနှင့် လူငယ်တဦးကို စစ်ကောင်စီလက်အောက်ခံ အရှေ့ပိုင်းခရိုင် တရားရုံးမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀-က (စျ)၊ ၅၁ - ဂ၊ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးဥပဒေပုဒ်မ ၆-၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇-၃၄၊ ၃၃၂-၃၃ တို့ဖြင့် ဒီဇင်လာလ ၂၆ ရက်နေ့က ထောင်ဒဏ် ၂၆ နှစ်စီချက်မှတ်လိုက်သည်ဟု East Yangon University Students' Union - EYUSU…
Read More
ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

ကျောက်ပန်းတောင်းမြို့နယ် ပန်းကြိုင်ရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး

RNA_ဒီဇင်ဘာ(၂၇)၊၂၀၂၂ ခုနှစ်။   မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ တလင်းကုန်းအုပ်စု၊ ပန်းကြိုင်ရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး မြသိန်း သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။   စစ်ကောင်စီခန်ပ ပန်းကြိုင်ရွာ အုပ်ချုပ်ရေးမှူးကို နတ်မောက် ဒေါင်းစစ်သည်ပြောက်ကျားတပ်နှင့် Magway Guerrilla Warfare တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့က နေအိမ်ဝန်းအတွင်း ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန် ကြီးချုပ်တက်ရောက်ပြီး သေနတ် အလက် (၅၀) ပေးအပ်

ကော်ဘရာစစ်ကြောင်း သင်တန်းဆင်းပွဲ NUG ဝန် ကြီးချုပ်တက်ရောက်ပြီး သေနတ် အလက် (၅၀) ပေးအပ်

RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၂ ခုနှစ်။   ကရင်မျိုးသားအစည်းအရုံး တပ်မဟာ (၆) နယ်မြေ အတွင်းပြုလုပ်သည့် ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၅ ရက်နေ့ကပြုလုပ်ခဲ့ရာ အမျိုး သားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထောင်စုဝန်ကြီး ချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့ပြီး တောင်ပိုင်းစစ်ဒေသသို့ပေးအပ်မည့် လက်နက်များထဲမှ အလက်၅၀ အား ကော်ဘရာစစ်ကြောင်း ဒုစစ်ကြောင်းမှူးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။   NUGအစိုးရ၏ တနှစ်စီမံချက်အကောင်အထည် ဖော်ဆောင်ရွက်နေမှု၊ တိုင်းရင်းသား မဟာမိတ်အဖွဲ့များနှင့် ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်နေမှု၊ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံများနှှင့် သံခင်းတမန်ခင်း ကောင်းမွန်စွာချိတ်ဆက်ထားနိုင်မှု၊ တစ်ပြည်လုံးအတိုင်းအတာနှင့် တိုင်းရင်းသားမဟာမိတ်တပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မ တော်ပူးပေါင်းပြီး စစ်ဆင်ရေးအသာစီးရယူဆောင်ရွက်ထားနိုင်မှုစသည့် အကြောင်းအရာများကိုပြည်ထောင်စု ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြည်သူ့ကာကွယ်ရေးတပ်မ တော် ရဲဘော်များကို ရှင်းလင်းပြောကြားခဲ့သည်ဟု PVTV…
Read More
ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

ဗကသများအဖွဲ့ချုပ် အဖွဲ့ဝင် (၃) ဦးကို စစ်ကောင်စီက ထောင်ဒဏ် (၂၂) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ခုနှစ်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုအမှုဆောင်အဖွဲ့ဝင် ဘဏ္ဌာရေးမှူး မသီရိရတနာ၊ မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဌ ကိုအောင်မျိုးကိုနှင့် မန္တလေးပညာရေးကောလိပ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)အမှုဆောင်ဟောင်း ကိုကျော်ဇင်လတ်တို့ကို စစ်ကောင်စီလက်အောက်ခံ အိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ်(၂၂)နှစ်စီ ယနေ့ ချမှတ်ခဲ့ကြောင်း သိရသည်။   (more…)
Read More
၈၈ မျိုးဆက်( ငြိမ်း/ပွင့်) မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်

၈၈ မျိုးဆက်( ငြိမ်း/ပွင့်) မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။   ၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကျိုက်မရောထောင်တွင်းတရားရုံးမှ ယနေ့ ထောင်ဒဏ် (၁၅) နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။   ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ တောင်သူ လယ်သမားရေးရာဌာနမှ မနုနုအောင်၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ မခက်ခက်အောင်နှင့် မခက်ခက်အောင်၏ သားဖြစ်သူ ကိုမြတ်သူတို့ကို ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁ (ဂ) ဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်းထောင်ဒဏ် (၁၅) နှစ်ချမှတ်ခံခဲ့ခြင်း ဖြစ်သည်။ (more…)
Read More
ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဝင်ရောက်လာသည့် စစ်ကြောင်းကို Southern YSO PDF အပါအဝင် ရေစကြိုမြို့နယ်တွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ မြိုင်မြို့နယ်မှ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။ #RedNewsAgency
Read More
တိုက်ပွဲဝင်နေသည့် Justice-PDF (JPDF) တပ်ဖွဲ့​၏ လှူပ်ရှားမှု ပုံရိပ်များ

တိုက်ပွဲဝင်နေသည့် Justice-PDF (JPDF) တပ်ဖွဲ့​၏ လှူပ်ရှားမှု ပုံရိပ်များ

RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။ ကရင်နီပြည်တွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစု K.R.U ညီနောင် တပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ပွဲဝင်နေသည့် Justice-PDF (JPDF)၏ လှုပ်ရှားမှု ဓာတ်ပုံများကို ယနေ့ ဖော်ပြထားသည်။ Justice-PDF (JPDF) အနေဖြင့် သေနတ်၇လက် ရရှိရေး Justice Gun ရက်၂၀ Campaign အတွက် မိဘပြည်သူများ၏ ထောက်ပို့တပ်ဖွဲ့များ အလှူရှင်များ https://www.facebook.com/tvoy21  Page သို့ လာရောက်လှူဒါန်းပေးကြရန် ဖိတ်ခေါ်ထားသည်။ #RedNewsAgency
Read More
ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု

ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု

ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု RNA_ဒီဇင်ဘာ ၂၂၊ ၂၀၂၂ ခုနှစ် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်၊ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ပေးရန် စသည့်အချက်များပါဝင်သော မြန်မာ့အရေးဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီကို လက်ရှိကျုးလွန်နေ​သောအကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေး​ရေး၊လူ့အခွင့်အရေးလေးစားရန် တောင်းဆိုချက်များပါဝင်သော ဆုံးဖြတ် ချက်တစ်ခုကို လူ့အခွင့်အရေးလုံခြုံရေးကောင်စီက ချမှတ်လိုက်ခြင်း ဖြစ်သည်။ " အခုဆုံးဖြတ်ချက်က ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်တဲ့…
Read More