RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။
Independent Journalism for Justice and Human Rights.

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ် အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ်အခြေစိုက်၊ ဆိပ်ဖြူဘာမထီ ပြည်သူ့ကာကွယ်ရေးတပ် နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF (ချောက် -ပြူးကြီး) တို့ပူးပေါင်းပြီးလွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁၀၈) နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ် တောတွင်းတနေရာတွင် ပြုလုပ်ခဲ့ကြသည်။


RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေးတွင် ပြည်သူများအတွက် အသက်ပေးခဲ့သည့် အာဇာနည်သူရဲကောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ကျရောက်သည့်မွေးနေ့တွင် PDF တပ်ဖွဲ့များကို အလှူငွေများနှင့် အစားအသောက်များ လှူဒါန်းခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဒေသအတွင်းရှိ PDF တပ်ဖွဲ့များ၊ အညာဒေသရှိ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များအပါအဝင် တော်လှန်ရေးလြပ်နေသည့် လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တချို့ကို ကိုဂျင်မီ၏ မိသားစုနှင့် ချစ်ခင်လေးစားရသည့် ရဲဘော်များက အလှူငွေနှင့် အစားအသောက်များ လှူဒါန်းခဲ့ကြသည်။


#RedNewsAgency

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ငွေသာကျေးရွာဘက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို ရှေ့ထွက်မိုင်းဆွဲတိုက်ခိုက်ရန်သွားစဉ် စောင့်ကြိုတိုက်ခိုက်ခံရသည့်အတွက် ဒေသခံပြည်သူ့ကာကွယ်ရေး ရဲဘော် (၇) ဦး ဖေဖော်ဝါရီ (၁၂) ရက်နေ့က ကျဆုံးခဲ့ရသည်။

Shwe Nyar Myae People Defense Force မှ ရဲဘော် (၄) ဦး၊ ညီနောင်သုံးဖော် အဖွဲ့မှ (၁) ဦး၊ Zarmani Blood Guerilla Army.Myaingအဖွဲ့မှ ရဲဘော် (၁)ဦး၊ ဒေသခံ ရဲဘော် (၁) ဦးတို့သည် စစ်ကောင်စီတပ်က ကင်းပုန်းစောင့်ပြီး တိုက်ခိုက်ခံရသည့်အတွက် ကျဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သက်ဆိုင်ရာတပ်ဖွဲ့များမှ ထုတ်ပြန်ထားသည်။

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။
မြန်မာဒုက္ခသည်အရေး ဖြေရှင်းပေးရန်အတွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့နှင့်မဲဆောက်မြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး – UNHCR ရုံးတို့ကို ယနေ့ နံနက်ပိုင်းက Maesot Refugee Voice အဖွဲ့ဝင်တချို့က ဆန္ဒပြခဲ့ကြောင်း သိရသည်။

“UNHCR က အခု ထိုင်းမှာ ဒုက္ခသည်အရေး မလုပ်ဘူးလို့တော့ ပြောမရဘူး လုပ်နေပါတယ် ဒါပေမဲ့ နာမည်ကြီးမှ ဆယ်လီဖြစ်မှ အရေးပေါ်ဖြစ်မှဆိုတာမျိုးကို ခွဲခြားလုပ်နေတာပါ။ CDM တွေ ပုံနေတာပဲ အခြား စစ်ဘေးရှောင်တွေလည်း အများကြီး၊ သွားရမယ်ဆိုပြီး ဟိုတယ်မှာ နေတဲ့သူတွေလည်း ရှိကြတယ်ရှင့်။ အဓိက လုပ်တာနှေးနေတာရယ် လူတွေကို တကယ်ဟုတ်မဟုတ် ရွေးတယ်ဆိုတာထက် နာမကြီးမှ အဖွဲ့အစည်းတချို့က ထောက်ခံမှ ဆိုတာမျိုးတွေက UNHCR အနေနဲ့ မလုပ်သင့်ပါဘူး” ဟု မဲဆောက်ရောက် CDM စစ်ဘေးရှောင်တဦးက ပြောသည်။

RNA_ဖေဖော်ဝါရီ(၁၃)၊၂၀၂၃ ခုနှစ်။
ပဲခူးတိုင်း အခြေစိုက် စစ်ကောင်စီတပ် အမှတ်(၃၀၇) ခြေမြန်တပ်ရင်း၌ အခြေခံ စစ်ပညာသင်ခဲ့သည့် ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဦး ယမန်နေ့က ရှင်းလင်းခံလိုက်ရကြောင်း သိရသည်။
“ကညင်ကျိုးရွာမှ ပျူစောထီးခေါင်းဆောင်ဖြစ်သည့်အပြင် အကြမ်းဖက်စစ်ကောင်စီထံ တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားသွားလာမှုများကို သတင်းပေးပို့ခြင်း၊ ကျေးရွာအတွင်း တော်လှန်သောပြည်သူများကို စစ်ကောင်စီမှ ဖမ်းဆီးရန် စေခိုင်းခြင်း၊ စစ်ကောင်စီကကျင်းပမည့် တရားမဝင်ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် တက်ကြွစွာပါဝင်ခြင်းများကို ဆောင်ရွက်လျက်ရှိသူဖြစ်သည်” ဟု ပဲခူး PDF ကထုတ်ပြန်ထားသည်။
![]()

RNA_ဖားကန့်၊ဖေဖော်ဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။
စစ်ကောင်စီလက်ထက် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းအား စက်ယန္တရားအင်အားအလွန်အကျွံအသုံးပြု တူးဖော်နေကြသည့် ဖားကန့်၌ ယမန်နေ့ ( ဖေဖော်ဝါရီ (၁၂) ရက်) ည ၁၀ နာရီ ၃၀ မိနစ်ခန့်က စွန့်ပစ်မြေစာပုံပြိုပြီး (၃) ဦးသေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာအနီးရှိ ယခင် အဲဗားဝင်းနားကုမ္ပဏီနေရာ၌ ကျောက်မျက်တူးဖော်စွန့်ပစ်သည့် မြေစာပုံပြိုကျပြီး ထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။
စွန့်ပစ်မြေစာပုံပျက်ကျ (ပြို့ကျ)သည့် ဖြစ်စဉ်တွင် (၁) နာရီကျော်ခန့် မြေစာများဖုံးအုပ်ပိမိနေခဲ့ရာမှ အသက်ရှင်လျက်ပြန်လည်ကယ်ထုတ်နိုင်ခဲ့သူတစ်ဦးရှိခဲ့ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=BPWehTVWPn4[/embedyt]

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။
“ခွင့်တူညီမျှသည့် ပြည်ထောင်စုဆီသို့” ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပြည်သူများနှင့်အတူ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များ ပူးပေါင်းခဲ့ကြောင်း သိရသည်။
#RedNewsAgency

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) လက်အောက်ခံ နဂါးနီစစ်ကြောင်း နှင့်ဘုရားသုံးဆူမြို့လူထုသပိတ်တို့ ပူးပေါင်းကာ ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ယနေ့ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြောင်း သိရသည်။




RNA_ဖေဖော်ဝါရီ( ၁၂)၊၂၀၂၃ ခုနှစ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ တပ်ရင်းတပ်ဖွဲ့များကို စစ်ကောင်စီတပ်မှ မြေပြင် ဝေဟင် ညှပ်တိုက်သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်(၂) ဦးကျဆုံးခဲ့ကြောင်း သိရသည်။
မြေပြင်တိုက်ပွဲများ ပြင်းထန်သည့်အပြင် Mi 35 တိုက် ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ ပြည်သူ့ကာကွယ် ရေးတပ်မတော် (မန္တလေး)မှ စစ်သည်များကို ဖေဖော်ဝါရီ (၁၀) ရက်နေ့ နံနက် (၆) နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်လာခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ကိုယ်ပိုင်အမှတ် (P1- 1202-085) ရဲဘော်စစ်နိုင် နှင့် ကိုယ်ပိုင်အမှတ် (P1- 1202-159) ရဲဘော် ဖိုးဝတို့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။