Author: Editor
-

ကော့ကရိတ် တိုက်ပွဲတွင် Justice Soldier -PDF မှ ရဲဘော် ဘယ်ကျော် ကျဆုံးခဲ့ရ
RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး တိုက်ပွဲတွင် ကျားဖြူတပ်ရင်းရုံးကာကွယ်ရေးတပ်ခွဲ၊ ကျားဖြူတပ်ခွဲ ၅ (Justice soldier -PDF) ရဲဘော် ဘယ်ကျော် ဧပြီလ (၆) ရက်နေ့ နံနက် (၇) နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ကျဆုံးခဲ့ရကြောင်း သိရသည်။ကော့ကရိတ်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့်လက်အောက်ခံများကို Justice Soldier -PDF နှင့် Southern Eagle PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့ကတည်းက ထိုးစစ်ဆင် တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီလက်အောက်ခံ (၄၀) ကျော်သေဆုံးခဲ့သည့်ကို Drone ဖြင့် ကြည့်ခဲ့သည့်အတွက် မြင်တွေ့ခဲ့ရကြောင်း Justice Soldier -PDF အဖွဲ့မှ တာဝန်ရှိသူတဦးကပြောသည်။ -

ရွှေကုက္ကိုဝန်းကျင် တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးဟု ထုတ်ပြန်
RNA_ဧပြီ(၇)၊၂၀၂၃ ခုနှစ်။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ရွှေကုက္ကို ဒေသတွင် စစ်ကောင်စီတပ်လက်အောက်ခံ BGF ကထိန်းချုပ်ထားရာ ဧပြီလ ၅ ရက်နေ့မှစတင်ကာ ပူးပေါင်းမဟာမိတ်အဖွဲ့များ တိုက်ခိုက်နေရာ စခန်းကုန်း (၅) ခုသိမ်းနိုင်ထားပြီး စစ်ကောင်စီလက်အောက်ခံ (၈၅) ဦးသေဆုံးကာ (၆၀) ကျော်ဒဏ်ရာရရှိထားကြောင်း Lion Battalion Commando Special Forces ဗျုဟာစစ်ကြောင်း မှ ယမန်နေ့က ထုတ်ပြန်ထားသည်။စစ်ကောင်စီလက်အောက်ခံ BGF ထိန်းချုပ်ထားသော ရွှေကုက္ကိုလ် ဒေသ ၊ ထီးဝါးပလော၊ ထီးကော်ထောကျေးရွာများအတွင်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် BGF များကို ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion ဗျုဟာစစ်ကြောင်းနှင့်တော်လှန်းရေးပူးပေါင်တပ်များမှဗျုဟာမြောက်ဝင်ရောက်စီးနင်းတိုက်ခိုက်ကြကြောင်း၊ စစ်ကောင်စီတပ်နှင့် BGF တို့ထံမှ လက်နက်မျိုးစုံ(၇၅) လက်ကျော် သိမ်းဆည်းရမိခဲ့ကြောင်း တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသေးကြောင်း သိရသည်။#RedNewsAgency -

အင်းစိန်စျေးရှေ့အထိ တန်းစီနေရသည့် ထောင်ဝင်စာတွေ့ ပြည်သူများ
RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။
ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်တွင် ယနေ့ အကျထောင်ဝင်စာရှိသည့်အတွက် ထောင်ဝင်စာလာတွေ့သည့် ပြည်သူများမှာ နံနက် (၆) နာရီကတည်းက စောင့်ဆိုင်းနေကြသော်လည်း အင်းစိန်စျေးရှေ့ထိ လူတန်းရှည်ကြီးဖြစ်ကာ နေပူထဲတွင် စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=tmUK8wBOPyk[/embedyt]
#RedNewsAgency
-

ပုလဲမြို့နယ်မှ M7 PDF စခန်း စီးနင်းခံရပြီး ရဲဘော် (၇) ဦးပျောက်ဆုံးနေ
RNA_ဧပြီ(၆)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ M7 People’s Defense Force – M7 PDF တပ်ဖွဲ့စခန်းတခုကို ယမန်နေ့ နံနက် ၁၀ နာရီအကျော်က စစ်ကောင်စီတပ်မှ လေကြောင်းအသုံးပြုပစ်ခတ် စီးနင်းခဲ့သည့်အတွက် စခန်းရှိရဲဘော် (၇) ဦးကျပျောက်ဆုံးနေပြီး (၄) ဦးကျဆုံးထားကြောင်း သိရသည်။
ဓာတ်ပုံ – M7 PDF ရဲဘော်များနှင့်မဟာမိတ်များ စစ်ရေးလှုပ်ရှားမှုမြင်ကွင်း။ “၁၀ နာရီဝန်းကျင်လောက်မှာ Mi 35 တစ်စီး အရင်တက်လာပြီးတော့ စခန်းကိုပစ်တယ်၊ ဗိုက်ပူ (Mi 17) နှစ်စီးက လူချတယ် နောက်တခါထပ်သွားသယ်ပြီးတော့ လူထပ်ချတယ် နှစ်စီး နှစ်ခေါက်ဆိုတော့ လေးစီးစာဖြစ်တာပေါ့။ စခန်းမှာလည်း ခွဲတစ်က လူအင်အား ၇၀ ခန့်နဲ့ ခွဲနှစ်မှာလည်း ၇၀ လောက်ရှိတယ်၊ ခွဲ ၂ ကိုလည်း ဗိုက်ပူတွေက စက်သေနတ်နဲ့ ရမ်းသွားသေးတယ်၊ ခွဲ ၂ ကတော့ သိပ်ပြီးအထိအခိုက်မရှိဘူး၊ ခွဲ ၁ မှာကတော့ Mi 35 ကလည်း ဆက်တိုက် ၄၅ မိနစ် ၁ နာရီခန့် လောက်ပစ်ပြီးတော့ လူချတာ ညာဘက်ထောင့်ကနေ တက်လာတော့ ကြားထဲမှာ ဒဏ်ရာရ ၄ ယောက်နဲ့ အစောင့်အရှောက် ၂ ယောက်က ပိတ်မိသွားတယ်။ ၁ ယောက်ကတော့ စခန်းရဲ့ အနောက်တောင်ကိုပြေးတယ် အခုချိန်ထိ အဲကလေးကတော့ ဆက်သွယ်လို့ မရသေးဘူး။ ၇ ယောက်ပျောက်နေတယ်ပေါ့ဗျာ” ဟု M7 PDF တာဝန်ရှိသူက ပြောကြားထားသည်။
ဓာတ်ပုံ – M7 PDF ရဲဘော်များနှင့်မဟာမိတ်များ စစ်ရေးလှုပ်ရှားမှုမြင်ကွင်း။ -

တပ်မမှူးအပြောင်းအလဲသတင်း ထွက်ပေါ်ပြီးနောက် ကျောက်တူးဖော်ရေးကုမ္ပဏီများနှင့် ဈေးနှုန်းအသစ်ညှိနှိုင်းနေ
RNA_ဖားကန့်၊ ဧပြီ (၆)၊၂၀၂၃ ခုနှစ်။
ကချင်ပြည်နယ်၊ ဖားကန့်၌ ယခုရက်သတ္တပတ်အတွင်း ရှေ့တန်းတပ်မ (၃၃)၏ တပ်မမှူး အပြောင်းအလဲရှိသည်ဟု သတင်းထွက်လာပြီးနောက် ကျောက်တူးဖော်နေသည့် ကုမ္ပဏီလုပ်ငန်းအချို့ ရပ်နားထားသည်ကိုတွေ့ရသည်။

ဧပြီ (၃)ရက်နေ့က စစ်ကောင်စီ၏ တပ်သား (၅၀)ခန့်ပါဝင်သည့် စစ်ကြောင်းက ကုမ္ပဏီအချို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာအပိုင်းရှိ ဒေသအခေါ် စိန်စိန်ကုမ္ပဏီလုပ်ကွက်အတွင်းမှ ဘက်ဟိုးနှင့် မြေသယ်ကား(၁၀)စီးနှင့် အထက် သိမ်းဆည်းသွားခဲ့ပြီး ပြန်ရွေးမည်ဆိုပါက တစ်စီးလျှင်ငွေကျပ် သိန်းတစ်ထောင့်နှစ်ရာနှင့် ပြန်ရွေးခိုင်းကြောင်း ကုမ္ပဏီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
-

ဖားကန့်မှ စစ်ဘေးရှောင်ရွှေ့ပြောင်းနေထိုင်သူများ ဖယ်ရှားရန် ဖိအားပေးခံနေသည့်အတွက် အခက်အခဲဖြစ်နေ
RNA_ဖားကန့် ၊ ဧပြီ (၅)၊ ၂၀၂၃ ခုနှစ်။ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ ရှရော်ခကျေးရွာရှိ မြန်မာနိုင်ငံအလယ်ပိုင်းမှ စစ်ဘေးရှောင်လာသော ပြည်သူများစုဖွဲ့နေထိုင်နေသည့် ရွှေ့ပြောင်းနေအိမ်များကို ရပ်မိ/ရပ်ဖ ဆိုသူများက ကျောက်တူးဖော်ရေးကုမ္ပဏီလုပ်ငန်းများဆောင်ရွက်နိုင်ရန် အကြိမ်ကြိမ် ဖယ်ရှားပေးရန် ဖိအားပေးခံနေရသည့်အတွက် ရွှေ့ပြောင်းနေထိုင်သည့်ပြည်သူများ နေစရာအခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။
“ကျွန်တော်တို့က မြေနေရာလေးတစ်ခုရဖို့ပါပဲ၊ အဓိက နေစရာရဖို့ပါပဲ၊ ဒီနေရာကရွှေ့ရရင် ဘယ်မှာနေရမလဲမသိဘူး၊ အတင်းရွှေ့ခိုင်းတဲ့နေရာက မိုးရွာတာနဲ့ပါမှာ၊ မျောချောင်းဘေးမှာ၊ ကျနော်တို့မြေနေရာရချင်တယ်လို့ ပထမတောင်းဆိုလို့ပေးတဲ့နေရာက ကချင်ရိုးရာက ပိုင်တာလို့ကြားရတယ်၊ ပြန်ရွှေ့ဆိုရင် ရွှေ့ရမှာ၊ သတ်သတ်မှတ်မှတ်မရှိဘူး”ဟု စစ်ဘေးရှောင် ရွှေ့ပြောင်းပြည်သူတစ်ဦးက ပြောသည်။ -

ကရင်နီပြည်နယ်၏ ၆၀ ရာခိုင်နှုန်းကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထား
RNA_ဧပြီ(၅)၊၂၀၂၃ ခုနှစ်။“စစ်ကောင်စီတပ်သားတွေက ရှေ့တန်းမှာ အသေခံပေးနေရတယ်လို့ ပြောလို့ရတယ်၊ သူတို့ကို အမိန့်ပေးတဲ့သူကတော့ ပေးနေတာ သူတို့ရဲ့ တပ်သားတွေက အတုန်းအရုန်းကို သေနေကြတာ၊ သေပေးနေရတာပေါ့နော် အဲ့တဖွဲ့တက်လာတယ် အဲတဖွဲ့သေသွားရင် နောက်တဖွဲ့တက်လာ ထပ်သေ အလောင်းတွေလည်း ပြန်မဆွဲဘူး ရတဲ့ သေနတ်လောက်ပဲ ပြန်ဆွဲသွားတယ်။ စစ်မြေပြင်မှာဆိုလို့ရှိရင်ဗျာ စစ်ကောင်စီတပ်သားတွေက ဆောက်တည်ရာမရတော့ဘူး ဦးတည်ရာပတ်ပြေးနေကြရတာ အဲသလိုအနေအထားမျိုးပေါ့” ဟု စစ်မြေပြင်နှင့်ပတ်သက်ပြီး KNDFဗဟို သတင်းပြန်ကြားရေးနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။[embedyt] https://www.youtube.com/watch?v=gn6JTynq88E[/embedyt]နွေဦးတော်လှန်ရေးအတွင်း ခုခံစစ်အားကောင်းသည့် ကရင်နီ (ကယား) ပြည်နယ်တွင် ၆၀ ရာခိုင်နှုန်လောက်ကို တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး၊ ကြားခံ စစ်မြေပြင်အဖြစ် ၂၀ ရာခိုင်နှုန်း၊ မြို့ပေါ်ထိန်းချုပ်မှု အနည်းငယ်သာရှိသည့် စစ်ကောင်စီတပ်က ၂၀ ရာခိုင်နှုန်းလောက်သာ ထိန်းချုပ်ထားနိုင်ကြောင်းနှင့် လတ်တလောက် တိုက်ပွဲအခြေအနေများ စသည်တို့ကို KNDF ဗဟို သတင်းပြန်ကြားရေးနှင့် ပြန်ကြားရေးတာဝန်ရှိသူက Red News Agency ကို ပြောကြားထားသည်။#RedNewsAgency -

မအူရဲစခန်းတိုက်ခိုက်ခံရပြီး စခန်းမှူးမြင့်ကျော်အပါအဝင် (၇)ဦးသေ၊ Anti Drone Gun (၁) လက်နှင့် လက်နက်ခဲယမ်းသိမ်းဆည်းရမိ
RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မအူရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် မဟာမိတ်တပ်ပေါင်းစုအဖွဲ့တို့က ယမန့်နေ့ နံနက် (၅) နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ကြရာ စခန်းမှူး မြင့်ကျော်အပါအဝင် (၇) ဦးသေဆုံးကာ၊ G-3 ၁ လက် ၊ Anti Drone Gun ၁ လက်၊ ဗုံးသီး ၁၀ လုံးနှင့် စခန်းမှူးတံဆိပ်တုန်းအပါအဝင် စာရွက်စာတမ်းများသိမ်းဆည်းရမိခဲ့ကြောင်း ယနေ့ မြိုင် ပကဖကထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=vU9WGeaMovY[/embedyt]
ဧပြီလ (၃) ရက်နေ့ နံနက် (၅) နာရီဝန်းကျင်မှစတင်ကာ တိုက်ခိုက်ခဲ့သည့် မအူရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက်စီးနင်းချိန် နံနက် (၈) နာရီဝန်းကျင်တွင် စခန်းအားဝင်ရောက်စီးနင်း မီးရှို့ရှာဖေချိန် စစ်ကောင်စီတပ် လေကြောင်းမှ Mi 35 ဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ မအူရဲစခန်း စီးနင်းသည့် စစ်ဆင်ရေးကို မြိုင် ပ.ကဖ တပ်ရင်း ( ၂)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပ.က.ဖ)၊ Salingyi Special Tesk Force (SSTF)၊ Myanmar Royal Dragon Army(MRDA) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Red News Agency
-

ရဲဘော်ဝဿန်ကို ဂုဏ်ပြုသောအားဖြင့် ပခုက္ကူစစ်ဒေသမှာ ဝမ်းနည်းခြင်းအထိမ်းအမှတ် ပြုလုပ်ခဲ့
RNA_ဧပြီ(၄)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရသည့် ပြည်သူ့တော်လှန်ရေးတပ်ဦး – PRF မှ ရဲဘော်ဝဿန်ကျဆုံးခဲ့ရသည့်အတွက် ယနေ့နံနက်ပိုင်းက မကွေးတိုင်း၊ ပခုက္ကူစစ်ဒေသတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြုခြင်းအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုတက္ကသိုလ်ဝင်ပေါက်မှာ တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီလ (၂) ရက်နေ့က ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်မှ (၆) ဦးသေဆုံးကြောင်း၊ အပြန်အလှန်ပစ်ခတ်မှုအတွင်း ရဲဘော်ဝဿန်နှင့် အခြားတပ်ဖွဲ့မှ ရဲဘော်တဦးတို့ကျဆုံးခဲ့ရသည်။ -

မတ်လအတွင်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် (၂၈၁) ဦးသေဆုံး (၈၀)ဦး ဒဏ်ရာရ
RNA_ဧပြီ(၃)၊၂၀၂၃ ခုနှစ်။
၂၀၂၃ခုနှစ်၊ မတ်လအတွင်း ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဘောလခဲမြို့နယ် နှင့် ဖားဆောင်း မြို့နယ် နှင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပင်လောင်း၊ ဖယ်ခုံမြို့နယ်များသို့ စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် (၅)ခု ဖွင့်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၂၈၁) ဦးသေဆုံးပြီး (၈၀) ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ စစ်မျက်နှာပြင် (၅) ခုဖွင့်ပြီး ထိုးစစ်ဆင်လာသည့်အပေါ် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းသို့ လွိုင်ကော်မြို့နယ်မှစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းအား KA၊ KNDF ဗျူဟာ(၆) မှတပ်ရင်း တစ်ခုဖြစ်သည့် KNDF/B09 နှင့် KNDF ဗျူဟာ (၄) မှ တပ်ရင်းများဖြစ်သော KNDF/B01၊ KNDF/B05၊ KNDF/B06၊ KNDF/B07 နှင့် KNDF-ETD နီးလားလဲ နှင့် ဒေါတငူးကျေးရွာအနီးတို့တွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း KNDF ကထုတ်ပြန်ထားသည်။

“မတ်လတစ်လတာအတွင်း ကရင်နီပြည်နယ် နှင့် ရှမ်းပြည် နယ်တောင်ပိုင်းတို့တွင် တိုက်ပွဲစုစုပေါင်း (၁၀၂) ကြိမ် ဖြစ်ပွားခဲ့ပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား (၂၈၁)ဦး သေဆုံးကာ၊ (၈၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်” ဟု KNDFမှ ထုတ်ပြန်ထားသည်။