Author: Editor
-

စစ်ကောင်စီတပ် တိုက်လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် ပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံး
RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီးကြီးရွာမှာ ယနေ့ နံနက် (၈) နာရီဝန်းကျင်တွင် ပြည်သူလုံခြုံရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သည့်အတွက် ဒေသခံပြည်သူများ အစုလိုက်အပြုံလိုက်သေဆုံးသွားကြောင်း သိရသည်။” လူစုနေတဲ့အထဲ ဗုံးလေးလုံးကြဲသွားတယ်ပြောတယ်၊ သေတဲ့သူတွေ အတော်များပါတယ်၊အခု ၆၀ လောက်သေတယ်ပြောတယ်၊ ပျောက်နေတာတွေလည်း အများကြီးပဲ၊ အခုထိလည်း လေယာဉ်တွေက ဝဲနေတုန်းပဲ၊ ကယ်ထုတ်နေကြတုန်း စစ်ကြောင်း လာနေပြီပြောတယ်၊ အသိ ပကဖ တဦးလည်း ကျသွားတယ် ” ကန့်ဘလူ ပကဖ နှင့် နီးစပ်သူတဦးက ပြောသည်။ -

ပုသိမ် – မုံရွာ လမ်းမပေါ်ရှိ ကျောက်တိုင်ကျေးရွာရဲစခန်း တိုက်ခိုက်ခံရပြီး ရဲတပ်သား (၃) ဦးသေဆုံး
RNA_ဧပြီ(၁၁)၊၂၀၂၃ ခုနှစ်။မကွေးတိုင်း၊ မင်းတုန်းမြို့ မြောက်ဘက် (၁၀) မိုင်ခန့်အကွာ ပုသိမ်-မုံရွာလမ်းမကြီးပေါ်ရှိ ကျောက်တိုင်ကျေးရွာတွင် အခြေချတပ်စွဲထားသည့် ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဝင်ရောက်တိုက်ခိုက်သည့်အတွက် ရဲတပ်သား (၃) ဦးသေဆုံးကာ (၃) ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ကျောက်တိုင်ကျေးရွာ ရဲစခန်းအား ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ သရက်ခရိုင်တပ်ရင်း – ၄ (Eagle Force)၊ လွတ်မြောက်ရေးအင်အားစုစစ်သည်များတပ်ဖွဲ့ (W.O.L.F)နှင့် မဟာမိတ်ပူးပေါင်းပြီး ဧပြီလ (၁၀) ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒေသခံများ၏ ပြောပြချက်အရ ကျောက်တိုင်ရဲစခန်း တိုက်ခိုက်မှုအတွင်း ဧပြီလ ၁၀ ရက်နေ့မှာ ရဲတပ်သား ဇင်ဘိုဘို အသက် (၃၀) နှစ်၊ အမည်မသိရဲ (၁) ဦးသေဆုံးခဲ့ပြီး၊ ဧပြီလ ၁၁ ရက်နေ့မှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံတက်နေရသည့် ရဲတပ်ဖွဲ့ဝင် (၁) ဦးထပ်မံသေဆုံးကြောင်း သိရသည်။#RedNewsAgency -

ဗားရ်ကျေးရွာတိုက်ပွဲ စစ်ကောင်စီတပ်သား (၁၁) ဦးသေ (၁၄) ဦးအရှင်ဖမ်းမိ
RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နှင့် (၁၂) မိုင်ခန့်အကွာရှိ ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)က ယနေ့ နံနက် (၅) နာရီ (၃၀) မိနစ်ဝန်းကျင်မှစတင်တိုက်ခိုက်ရာ (၁) နာရီ (၃၀) မိနစ်ဝန်ကျင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၁) ဦးသေဆုံးကာ (၁၄) ဦးအရှင်ဖမ်းမိခဲ့ကြောင်း၊ လမ်းခု လတ်တွင် ဒဏ်ရာကြောင့် (၃) ဦးထပ်မံသေဆုံးကြောင်း CNO ကထုတ်ပြန်ထားသည်။

ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် စစ်ကောင်စီတပ်သား (၂၅) ဦးသာရှိကြောင်း၊ တိုက်ပွဲအပြီး MA1 – (၃)လက်၊ MA2-(၁)လက်၊ MA3-(၂)လက်၊ MA 4-(၁) လက်၊ G3-(၁၂)လက်၊ ကျည်ဘောက်-(၂၀)၊ ၆၀ မမ စိန်ပြောင်း – (၂)ခု၊ ၆၀ မမ ကျည်-(၅၈)ခု၊ အီနာဂါ – (၈)ခု၊ G3 ကျည်ဘောက် – (၃၇) ခု၊ တိုက်မိုင်း -(၁၀)ခု၊ ၄၀ မမ ကျည် -(၃၃)ခု၊ လက်ပစ်ဗုံး – (၁)လုံး၊ ရှေ့ထွက်မိုင်း – (၅၀)၊ နင်းမိုင်း – (၅၀၀)၊ MA ကျည် – (၁,၀၀၀) ကျော် နှင့် G3 ကျည် – (၂,၅၀၀)ကျော် သိမ်းဆည်းရမိပြီး၊ စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

-

စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲသည့်အတွက် အပစ်မဲ့ပြည်သူများ သေဆုံး
RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ စာသင်ကျောင်းအနီး စစ်ကောင်စီတပ် လေကြောင်းမှ ယနေ့နံနက် ( ၁၁) နာရီခန့်က ဗုံး (၂) ကြိမ် ကြဲချသည့်အတွက် နေရာတွင် ပြည်သူ (၇) ဦးသေဆုံးပြီး၊ ဒဏ်ရာရရှိသူများပြားကြောင်း၊ ဒဏ်ရာရရှိသူများထဲတွင်လည်း သေဆုံးမှုများ ရှိနိုင်သေးသည်ဟု ဒေသခံတချို့ထံမှ သိရသည်။
[embedyt] https://www.youtube.com/watch?v=4rF7PL9nzwA[/embedyt]
#RedNewsAgency
-

ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှု၊ သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးတင်ကြောင်း မဟာမိတ် (၈) ဖွဲ့ ပူးပေါင်းသဝဏ်လွှာပေးပို့
RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့် အခမ်းအနားသို့ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့်၊ အခြေစိုက် မဟာမိတ် (၈) ဖွဲ့၏ ပေးပို့သည့်သဝဏ်လွှာတွင် ရက္ခိုင့်တပ်တော်၏ ကူညီပံ့ပိုးပေးမှုနှင့် သင်ကြားပြသပေးခဲ့မှုများအတွက် ကျေးဇူးအထူးသိနေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။NUG ကာကွယ်ရေးဝန်ကြီးဌာနအပါအဝင် နွေဦးတော်လှန်ရေးအတွင်းပေါ်ပေါက်လာသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ မြောက်ပိုင်းညီနောင်မဟာမိတ်များ၊ နိုင်ငံရေးပါတီစသည့် အဖွဲ့အစည်းများက ရက္ခိုင့်တပ်တော်- AA (၁၄) နှစ်ပြည့်အတွက် သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။ -

တာဝန်အသီးသီးထမ်းဆောင်နေသည့် ရဲဘော်ရဲမေများကို လေးနက်စွာ ဂါရဝပြုသည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား
RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။ဒုက္ခသုက္ခတွေကြား ဘဝကိုရင်းပြီး ယုံကြည်ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်၊ တာဝန်အသီးသီးကို ထမ်းဆောင်နေသော ရဲဘော်ရဲမေများကို အလေးအနက် ဂါရဝပြုကြောင်း ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော် -AA (၁၄) နှစ်ပြည့်နေ့ မိန့်ခွန်းတွင် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။
၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ ကချင်ပြည်၊ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) နယ်မြေ အတွင်း ရက္ခိုင့်တပ်တော် (AA)ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့်အတွက် ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA)၏ (၁၄) နှစ်မြောက်နေ့ဖြစ်ကြောင်း၊ NUG အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း (၁၄) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့အတွက် သဝဏ်လွှာများ ပေးပို့ကြကြောင်း သိရသည်။ -

Cobra စစ်ကြောင်းထံ Venom စစ်ကြောင်းရှိ ရဲဘော်အားလုံး လာရောက်ပူးပေါင်း
RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။
ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်ကို ခုခံတိုက်အားကောင်းနေသည့် ဗိုလ်ဒါဘောဦးဆောင်သည့် Cobra စစ်ကြောင်းထံသို့ Venom စစ်ကြောင်းတစ်ကြောင်းလုံး ဧပြီလ ၆ ရက်နေ့က လာရောက်ပူးပေါင်းကြောင်း သိရသည်။
Venom စစ်ကြောင်းတစ်ကြောင်းလုံးသည် Cobra စစ်ကြောင်းထံသို့ လာရောက်ပူးပေါင်းခဲ့သည့်အတွက် ဗိုလ်ဒါဘောမှ ကော်ဘရာစစ်ဆင်ရေးမှူးအဖြစ် တာဝန်ယူကာ ကော်ဘရာစစ်ကြောင်း၏ ဖွဲ့စည်းပုံအား စစ်ကြောင်း (၁) နှင့် စစ်ကြောင်း (၂) ဟူ၍ ပြန်လည်ဖွဲ့စည်းထားသည်ဟု Cobra စစ်ကြောင်းမှ ယနေ့ ထုတ်ပြန်ထားသည်။
-

မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ
RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။
အိန္ဒိယနိုင်ငံ၊ မီဇိုရိမ်ပြည်နယ်သား (၃) ဦး ချင်းပြည်နယ်အတွင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဟု CDF – Mindat ကယနေ့ ထုတ်ပြန်ထားသည်။

မြန်မာ-အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်း ချင်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က မီဇိုရိမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။
-

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် ကျည်အနည်းငယ်သာ သိမ်းဆည်းရမိ
RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- မိုင်းလုံ ဆက်သွယ်ရေးလမ်းမပေါ်ရှိ (၁၈) မိုင် ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို KIA နှင့်ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသည့်အတွက် လက်နက်ကြီးကျည်အနည်းငယ်သာ သိမ်းဆည်းရမိကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=ROJAPMkG5M8[/embedyt]
မိုးကုတ်- မိုင်းလုံ ဆက်သွယ်ရေးလမ်းမပေါ်ရှိ (၁၈) မိုင်ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် တမ်မ (၈၈) လက်အောက်ခံများကို KIA၊ K- PDF (Kachin – Region )၊ PDF (NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F -ရှမ်းမြောက်ဒေသ)အပါအဝင် မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ရုပ်သံနှင့်တကွ မိုးမိတ်ခရိုင် KPDF တပ်ရင်းမှ ယနေ့ ထုတ်ပြန်ထားသည်။
#RedNewsAgency
