Author: Editor

  • ရခိုင်ပြည်နှင့်မကွေးတိုင်းထိစပ်‌နေရာ စေတုတ္တရာ၊ ငဖဲ နယ်ဘက်တွင် တိုက်ပွဲပြင်းထန်လာနိုင်

    ရခိုင်ပြည်နှင့်မကွေးတိုင်းထိစပ်‌နေရာ စေတုတ္တရာ၊ ငဖဲ နယ်ဘက်တွင် တိုက်ပွဲပြင်းထန်လာနိုင်

    RNA_ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် စေတုတ္တရာ၊ ငဖဲ နယ်ဘက်တွင် တိုက်ပွဲများပြင်းထန်လာနိုင်ပြီး ဇန်နဝါရီလ ၂၄ ရက်နေ့က စေတုတ္တရာနယ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

    မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း၊ချင်းပြည်နယ်အစပ်၊ ဂန့်ဂေါ၊ ယော၊ ဆော၊ ပခုက္ကူ၊ ပေါက်၊မြိုင်၊ ရေစကြိုနယ်ဘက်တွင် စစ်ကောင်စီတပ်အထိနာနေပြီး၊ ယခုအခါ ရခိုင်ပြည်နှင့် ထိစပ်နေသည့် ငဖဲ၊ ပဒါန်း၊စေတုတ္တရာနယ်ဘက်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သည်ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရသည်။ (more…)

  • “ချန်ဂင်တို့စခန်း” (၅)

    “ချန်ဂင်တို့စခန်း” (၅)

    “ငါတို့နိုင်ငံ စစ်တပ်မရှိရင် ဘာဖြစ်သွားမယ် ထင်သလဲ။” လို့ မေးလေ့ရှိတဲ့ ရူးသွပ်ပေါ့သွမ်း မှိုင်းမိနေသူတွေအတွက် “ငါတို့နိုင်ငံ အခုရှိနေတဲ့ စစ်တပ်ကြောင့် ဘာတွေဖြစ်ကုန်သလဲ။” ဆိုတာကို ရှင်းရှင်းနဲ့ဘွင်းဘွင်း မြင်ရအောင် ကိုယ့်မျက်စိရှေ့ တွေ့ခဲ့ကြုံခဲ့သမျှကို လိုင်းပေါ်စာရေးတင်တာပါ”

    ဒေါက်တာစိုးမင်း ( ဆရာဝန်တာ်လှန်ရေးသမား)

    “လူနာလေးတွေများလာပြီ။ စိတ်ချမ်းသာစရာကောင်းတယ်။” လို့ ပြောပြန်ရင်လည်း ဆရာဝန်ဆိုတာ သူများနေထိုင်မကောင်းရှိရင် ဝမ်းသာတတ်တဲ့အမျိုး လို့ ဆိုကြပါလိမ့်မယ်။ ဒါပေမယ့်လည်း သားဖွားဆရာမတောင် ရှာမရတဲ့အရပ်မှာ ဆရာဝန်တွေ ဆေးလာကုနေတာဆိုတော့ နာရေးဖျားရေးဆို သူတို့လည်း အားရဝမ်းသာ လာပြကြတာပဲလေ။ များများလာ များများကုပေးနိုင်တာ ဝမ်းသာရမှာပေါ့။ သို့သော် အလိုလိုနေရင်းတော့ မလာပါဘူးဗျ။ တရွာလုံး မျက်စိဒေါက်ထောက်ကြည့် အရိပ်အကဲခတ်ပြီးမှ လာတာ။ တစ်ယောက် နမူနာ လာပြကြည့်။ ကောင်းတယ်ဆိုမှ နောက်ထပ်အလားတူ လူနာတွေ အဖွဲ့လိုက်ရောက်လာတာ။ မန္တလေးမှာ ထိုးမုန့်ရောင်းသလိုပါပဲ။ အမြည်းအရင်စားကြည့်ပြီး ကြိုက်မှဝယ်မယ့်သဘော။ ဒါပေသိ ဒီက အလကားကျွေးနေတာပါကွယ်။ ပိုက်ဆံလည်း မယူရပါဘူး။ “အလှူငွေ ထည့်ချင်ထည့်သွားကြ။” ဆိုရင် တစ်ထောင်တန် အလိပ်ကလေး ပေးလာတယ်။ ကိုယ်ကတော့ သဘောကျပါတယ်။ ထိုင်းမှာ ဘတ် ၃၀ ဆေးရုံကလေးတွေလိုပေါ့။ ထောင်ပေးလို့ဆုတ် ရာပေးလို့ချုပ် ဒေါက်တာပေါက်ကျိုင်း ကလင်းနစ်ပဲ ထားပါတော့။ သတိုးနဂါးနိုင် ပေါက်ကျိုင်းပါဗျ။ သရေစည်သူဘွဲ့ မလိုချင်ဘူး။ အလကားကျော်စွာဘွဲ့ပဲ လိုချင်တာ။

    “ကျွန်တော်လည်း အလကားပဲ။ ခင်ဗျားလည်း အလကားပဲ။ အလကားလည်း အလကားပဲ။” ဆိုတဲ့ ကာတွန်းကလေး ဖတ်မိကြမလား မသိပါဘူး။ အလကားပေးတိုင်း အလကားရထားတွေ မဟုတ်ပါဘူး။ စကတည်းက ခွဲလူနာလွှဲရင် သိန်း ၂၀-၃၀ ပါမှ ဆေးရုံတက်လို့ရတယ်ဆိုလို့ မခံချင်စိတ်နဲ့ ဆေးရုံထောင်သော်ငြားလည်း အဲ့သလို ဆေးရုံထောင်ဖို့ရော စဉ်ဆက်မပြတ် ကုသဖို့ရာအတွက်ပါ ဘယ်အရာကမှ အလကားမရပါဘူး။ ကိုယ့်ပညာနဲ့ လုပ်အားကို အလကားပေးနိုင်တယ်ဆိုသော်ငြား ကျန်တာအားလုံး ပိုက်ဆံပေးဝယ်ရတာ မဟုတ်လား။ အဲ့ဒီတော့ အလကားကို နည်းနည်းလောက် ဈေးဆစ်ပြီး အလကားမတ်တင်း ကုနိုင်ဖို့ စေတနာထက်သန်သော ကိုယ့်အပေါ် ယုံကြည်မှုရှိသော အရင်းအမြစ်အားလုံးကို မှီခိုအားကိုးရပါတယ်။

    (more…)

  • “မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

    “မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”

    Photo: CJ

    “မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ”ဟုဆိုကာ ကိုဂျင်မီနှင့် ကိုဇေယျာသော်တို့ ဓာတ်ပုံများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ

    RNA_ဇန်နဝါရီ ၂၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွင် မုံရွာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းပြီ “မတရားတဲ့အမိန့်ဟူသမျှဆန့်ကျင်ကြ” “ငါတို့အားလုံးသည် ကိုဂျင်မီ ငါတို့အားလုံးသည် ဇေယျာသော်” ဟု ဆိုကာ ယနေ့ နံနက်ပိုင်းက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

    ” ကျွန်တော်တို့ပြည်သူလူထုအားလုံးဟာ ကိုဂျင်မီလိုစိတ်ဓာတ် ကိုဇယျာသော်လိုစိတ်ဓာတ် မျိုးကိုကိုင်စွဲပြီးရဲရဲဝံ့ဝံ့နဲ့ မတရားတဲ့အမိန့်ဟူသမျှကိုဖီဆန် ဆန့်ကျင်ပြီးစစ်အာဏာရှင်အမြစ်ပျက်ဖို့အရေးကိုဦးတည်၍ လူထုအားလုံးညီညာစွာ စစ်အာဏာရှင်ရဲ့လက်အောက်ခံထောက်တိုင်များကိုဖြိုဖျက်ဖို့အတွက် မတရားတဲ့အမိန်ဟူသမျှဖီဆန်ကြဖို့ တိုက်တွန်းနှိုးဆော်ချင်ပါတယ်” ဟု သပိတ်တွင် ပါဝင်သူတဦးက ပြည်သူများကို ပြောကြားခဲ့သည်။

    ဓာတ်ပုံ : ပေးပို့ CJ

    Red News Agency

  • စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

    စစ်ဘေးကြောင့် ကရင်နီပြည်မှာ ဆန်အစားထိုး ပြောင်း‌ကောက် စားနေရ 

    RNA_ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။

    တိုက်ပွဲပြင်းထန်နေသည့် ကရင်နီပြည် (ကယား)၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူးဆို မြို့နယ်ကြားက ကျေးရွာတွေမှာ ဆန်မရှိတော့သည့်အတွက် အရက်ချက်ရာတွင် အသုံးပြုသည့် ပြောင်းကောက်ကို ချက်စားနေရကြောင်း ဒေသခံတချို့ထံက သိရသည်။

    ဓာတ်ပုံ: ဒေသခံတစ်ဦး။ 

     

    ဆန်ပြတ်လတ်သည့် ကျေးရွာများမှာ စစ်ဘေးကြောင့် ရှောင်တိမ်းနေကြရသူများရှိပြီး ခရီးသွားလာရေးနှင့် စားနပ်ရိက္ခာဝယ်ယူရေး မလွယ်ကူတော့ကြောင်း၊ ဆေးဝါးနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း၊ ကရင်နီပြည်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဆေးဝါး၊ စားနပ်ရိက္ခာများ ဖြတ်ထားကြောင်း သိရသည်။

    ဓာတ်ပုံ: ဒေသခံတစ်ဦး။ 

    ဒီးမော့ဆို၊ လွိုင်ကော်၊ ဖရူးဆိုစသည့် မြို့နယ်များမှာ နေ့စဉ်နှင့်အမျှတိုက်ပွဲဖြစ်နေပြီး၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခတ်မှုများကြောင်း ‌စစ်ဘေးရှောင်နှင့် ပြည်သူများ သေဆုံးနေကြရကြောင်း၊ ဆေးဝါးနှင့်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေပြီး၊ တပြည်နယ်လုံးတွင် စစ်ဘေးရှောင် သိန်းချီရှိနေပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

    Red News Agency

  • သွေးသစ္စာသီချင်းသီဆိုဟစ်ကြွေးကာ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ” ပြုလုပ်

    သွေးသစ္စာသီချင်းသီဆိုဟစ်ကြွေးကာ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ” ပြုလုပ်

    RNA_ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်အာဏာရှင်ကျဆုံးပြီး တော်လှန်ရေးအင်အားစု ပြည်သုများလုံး ပြန်ဆုံနိုင်ရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး သွေးသစ္စာသီချင်း သီဆိုဟစ်ကြွေးကာ
    ကာ “ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ် ” ဆန္ဒပြပွဲကို ယနေ့ ညနေပိုင်းက ရန်ကုန်မြို့တနေရာ၌ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)မှဦးဆောင်ကာ လူငယ်များသမဂ္ဂ Revolution Force (RF)၊ တော်လှန်သွေးမကုန် တောင်ဒဂုံသပိတ်အင်အားစု၊LGBT Community Yangon၊ Youths Association of Thingangyun၊ Labour Alliance အဖွဲ့ဝင် CTUM ၊ တကသများနှင့် ပြည်သူတချို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့ကြောင်း သိရသည်။

     

    Red News Agency

  • ကိုဂျင်မီ နှင့် ကိုဇေယျာသော်တို့ကို အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချမှတ် 

    ကိုဂျင်မီ နှင့် ကိုဇေယျာသော်တို့ကို အာဏာသိမ်း စစ်ကောင်စီက သေဒဏ်ချမှတ် 

    RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးကျော်မင်းယု(ခ) ကိုဂျင်မီနှင့် NLD ပါတီက ဦးဖြိုးဇေယျာ်သော်တို့ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ -၂၁) တွင် သေဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။

    ကိုဂျင်မီနှင့်ကိုဇေယျာသော်တို့ကို အာဏာသိမ်း စစ်ကောင်စီတပ်က စစ်ခုံရုံးဖွဲ့စစ်ဆေးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၉ (က)၊ ၅၀(ဈ)နှင့် ၅၀(ည)တို့ဖြင့် ယနေ့ သေဒဏ်အမိန့် ချမှတ်လိုက်ကြောင်း သိရသည်။

    Red News Agency

  • သတင်းစာဆရာ ဦးတင်ရွှေ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရ

    သတင်းစာဆရာ ဦးတင်ရွှေ ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရ

    RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

    မကွေးပို့စ် သတင်းဌာနမှ သတင်းစာဆရာ ဦးတင်ရွှေ (မင်းဘူး) ကို အာဏာသိမ်း စစ်ကောင်စီလက်အောက် ခံ တရားရုံးက ၅၀၅ (ဂ) ဖြင့် ‌ယနေ့ နေ့လည်ပိုင်းက ထောင်ဒဏ် (၃) နှစ်ချမှတ်ခံလိုက်ရကြောင်း သိရသည်။

    စစ်ကောင်စီလက်အောက်ခံ မင်းဘူးတရားရုံးက သတင် းစာဆရာ ဦးတင်ရွှေ (မင်းဘူး) ကို တိုင်းရင်း သား လူမျိုးစုနှင့် ကိုးကွယ်ရာ ဘာသာမတူသူများအကြား ပြစ်မှုကျူးလွန်အောင် ကြံစည်လှုံ့ဆော်မှုများ ရှိခဲ့သည်ဟုဆိုကာ ၅၀၅ (ဂ) ဖြင့် တရားစွဲဆို ထောင်ချခဲ့ကြောင်း သိရသည်။

    ” မင်းဘူးကကောင်တွေကော မကွေးက ကောင်တွေကော ရဲတွေက အငြိုးအတေးနဲ့လုပ်တာပါ၊ မင်းဘူးမှာ ဆန္ဒပြပွဲတွေ သတင်းလိုက်တုန်းက ဦးတင်ရွှေက ဖမ်းခံရတဲ့သူတွေ သတင်းရေးခဲ့တာ်၊ ပြီးတော့ ဖမ်းခံရတဲ့သူတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့လူတွေနဲ့ စခန်းထဲထိလိုက်သွားတာ၊ ရဲတွေက လူသောင်းဂဏန်းလောက် ပြတာလို့ပြောတဲ့အချိန်မှာ ဦးတင်ရွှေက သိန်းကျော်တယ်ဆိုတာမျိုး ပြောပြစ်တာ၊ အဓိကတော့ ရဲတွေက အငြိုးအတေးနဲ့ လုပ်တာ” ဟု မကွေးတိုင်းအခြေစိုက် သတင်းထောက်တဦးက ပြောသည်။

    စစ်တပ်အာဏာသိမ်းပြီးနောက် မကွေးတိုင်းအခြေ စိုက် သတင်းဌာနများ ရပ်နားခဲ့ရပြီး သတင်းထောက်များ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း၊ သတင်းစာ ဆရာ ဦးတင်ရွှေ (မင်းဘူး) ကို အာဏာသိမ်း စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် မတ်လ ၂၆ ရက်နေ့က မင်းဘူးမြို့ နေအိမ်ကို လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

    Red News Agency

  • ရေဦးမြို့နယ် ယနေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၇ ဦးကျ 

    ရေဦးမြို့နယ် ယနေ့ တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၇ ဦးကျ 

    RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရွာမိဿကျေးရွာအနီး ယနေ့ နံနက်တွင် စစ်ကောင်စီတပ်၊ ပျူစောထီးများနှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ (၇) ဦးကျဆုံးခဲ့သည်ဟု သိရသည်။

    ” ယနေ့မနက်ပိုင်း ရေဦးမြို့နယ် ရွာမိဿရွာအနီး စစ်ခွေးများနှင့်ထိတွေ့မှုဖြစ်စဉ်တွင် စစ်ခွေးများလည်း မူးပေါင်ပေါ်မှဆွဲချရသည်အထိ ဖြစ်ခဲ့ပြီး ပြည်သူများ၏ ပကဖ/PDF များလည်း ကျဆုံးခဲ့ရသည့်အတွက်များစွာ ဝမ်းနည်းကြေကွဲရပါတယ်။ ရဲဘော်တို့ ဖက်ဒရယ်ဒီမိုကရေစီအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးဖြစ်သည့်အတွက် ငြိမ်းချမ်းစွာအနားယူပါတော့ ပြည်သူချစ်ရဲဘော်တို့ရယ်” ဟု ပကဖ(ရေဦး)/ PDF(YEU)က အသိပေးထားသည်။

    ယနေ့ ရေဦးမြို့နယ် တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ (၇) ဦးကျဆုံးခဲ့ပြီး၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများဘက်မှလည်း အကျအဆုံးရှိခဲ့ကြောင်း၊တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရွာက နေအိမ်တချို့ကို စစ်ကောင်စီတပ်က မီးရှို့မှုများရှိကြောင်း၊ ဇေယျဝတီကျေးရွာဘက်ကို စစ်ကောင်စီတပ်က လက်နက်ကြီးများနှင့် ပစ်ခတ်မှုများရှိပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေကြရကြောင်း ဒေသခံထံမှ သိရသည်။

    Red News Agency

  • စစ်ကိုင်းတိုင်းမှာ Mytel တာဝါတိုင်တွေ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြု

    စစ်ကိုင်းတိုင်းမှာ Mytel တာဝါတိုင်တွေ လက်နက်ထုတ်လုပ်ရာတွင် အသုံးပြု

    RNA_ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်၏ ပိတ်ပင်တားမြစ် ဖမ်းဆီးမှုများနှင့် လက်နက်မပြည့်စုံသည့် စစ်ကိုင်းတိုင်းအတွင်ူက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည့် Mytel တာဝါတိုင်များကို အသုံးပြုပြီး လက်နက်ထုတ်လုပ်ရေးများတွင် အသုံးချနေကြောင်း သိရသည်။

    ” မိုင်တဲ မိုက်တယ်မိုက်တယ်ဆိုတာ တကယ်မှန်သွားပါပြီ။ ဖောက်ခွဲပြီး ဖျက်ဆီးပစ်တာကို ရိုးမဖိုက်တာအားမပေးပါဘူး။ အသာယာလဲချပြီ လိုသလို တပ်ရင်းများအတွက် အသုံးချနိုင်ဖို့စမ်းသပ်နေပါတယ်” ဟု YOMA Fighter အဖွဲ့က ပြောကြားထားသည်။

    လက်လုပ်သေနတ်နှင့် လက်လုပ်မိုင်း၊ လက်နက်ကြီး စသည်တို့ကို ကိုယ်တိုင်ထုတ်လုပ် သုံးစွဲနိုင်သည့် အနေအထားရောက်နေသည့် စစ်ကိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကြောင့် စစ်ကောင်စီတပ် အထိနာနေပြီး လေကြောင်းပစ်ခတ်မှုများ၊ လက်နက်ကြီး ပစ်ကူနှင့် လေကြောင်းမှတပ်သားများကို သယ်ယူအသုံးပြနေကြရကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လက်လုပ်မိုင်းများကြောင့် စစ်ကောင်စီတပ်က အများအပြား သေဆုံးနေကြရကြောင်း သိရသည်။

    Red News Agency

  • စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာပေးရန် KNU၊ KNPP၊ CNF တို့ နိုင်ငံတကာကို တောင်းဆို 

    စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာပေးရန် KNU၊ KNPP၊ CNF တို့ နိုင်ငံတကာကို တောင်းဆို 

    RNA_ဇန်နဝါရီ ၂၀ ရက်၊ ၂၀၂၂ ခုနှစ်။

     

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အထူးသံကိုယ်စားလှယ်၏ အဆိုပြုချက်အပေါ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် KNU ၊ KNPP၊ CNF တို့က မြန်မာနိုင်ငံတွင် စစ်ရေးအရ လေယာဉ်မပျံသန်းရဇုန် ကြေညာ၍ လိုက်နာမှုရှိစေရန် နိုင်ငံတကာမှ တာဝန်ယူစောင့်ကြပ်ပေးရန် တောင်းဆို တိုက်တွန်းထားသည်။

    Red News Agency