Editor

1560 Posts
မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

မြိုင်မြို့နယ် လင်းကတော ရဲစခန်းကို PDF တွေတိုက်ခိုက် သိမ်းပိုက်

RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းအား မြိုင် PDF၊ ရေစကြို PDF၊ ဆားလင်းကြီး PDF၊ ရွှေဓားဗိုလ်တပ်ဖွဲ့တို့ ယနေ့ တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ ညနေ့ ( ၂) နာရီ ဝန်းကျင်ခန့်က မြိုင်မြို့နယ် လင်းကတော ရဲစခန်းအား ရေစကြိုမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ မြိုင်မြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ၊ဆားလင်းကြီးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ် ( ၃) မြို့နယ် ပူးပေါင်း၍( ၁) နာရီကြာ တိုက်ပွဲဆင်နွှဲခဲ့ပြီီး G-3 ( ၅ ) လက် နှင့် ကျည် (၄၀၀) ၊ အူစီ (၃…
Read More
ဖယ်ခုံတိုက်ပွဲမှာ စစ်ကောင်စီတပ် ခမရ (၄၂၁) တပ်ရင်း ဗိုလ်ကြီးစိုးနိုင် ပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး

ဖယ်ခုံတိုက်ပွဲမှာ စစ်ကောင်စီတပ် ခမရ (၄၂၁) တပ်ရင်း ဗိုလ်ကြီးစိုးနိုင် ပါအဝင် ၁၀ ဦးထက်မနည်း သေဆုံး

RNA_ဇန်နဝါရီ ၂၉ ရက်၊ ၂၀၂၂ ခုနှစ်။ ဖယ်ခုံမြို့နယ်၊ ကုန်းဆုံကျေးရွာအနီး ထိုင်တော်မူဘုရား အနီး စစ်ကောင်စီတပ် ကင်းစခန်းကို ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ် ( PK-PDF)က ယနေ့ နံနက် ၆ နာရီမှ ၉ နာရီဝန်းကျင်အထိ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ် ခမရ (၄၂၁) တပ်ရင်းမှ DSA အပတ်စဉ် (၄၉) မှ ဗိုလ်ကြီးစိုးနိုင် အပါအဝင် (၁၀) ဦးထက်မနည်း သေဆုံးသည်ဟု ဖယ်ခုံ PDF က ထုတ်ပြန်ထားသည်။ Red News Agency
Read More
ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာသူ သေနတ်ပစ်ခံရ

ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာသူ သေနတ်ပစ်ခံရ

အသံတိတ်သပိတ်နေ့မှာ ဆိုင်ပိတ်ပါက အရေးယူမည်ဟု ကြေညာနေသူ သေနတ်ပစ်ခံရပြီး သေဆုံး RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ပဲခူးတိုင်း၊ အနောက်ဘက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ တံခွန်တိုင်ရွာမှာ စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ လ ၁ ရက်နေ့တွင် အသံတိတ်သပိတ်တွင်ပါဝင်ပြီး ဆိုင်ပိတ်ပါက အရေးယူမည်ဟု ယနေ့ နံနက်က လိုက်လံကြေညာနေသည့် ဒလန်ဟုသတ်မှတ်ခံထားရသူ ကျော်မင်းသူ သေနတ် သုံးချက်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။ စစ်ကောင်စီသတင်းပေး၊ စစ်ကောင်စီတပ်သား၏ ဖခင်ဖြစ်သူ ကျော်မင်းသူကို နတ်တလင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဖြစ်သည့် နတ်စစ်သည် အဖွဲ့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ကြေညာထားသည်။ Red News Agency
Read More
တင့်ကားပါစစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၀) ဦးအနည်းဆုံးသေ

တင့်ကားပါစစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး (၁၀) ဦးအနည်းဆုံးသေ

RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်ပြည်နယ်၊ မိုးညှင်းမှ မိုးကောင်းဘက် တက်လာသည့် တင့်ကားပါ စစ်ကောင်စီတပ်ယာဉ်တန်းကို ယနေ့ ဟိုပင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( Kachin Region People Defense Force- KPDF_Hopin) က ငါးမိုင်နှင့် ကြာကြီးကွင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး၊ ဟိုပင် တိုးဂိတ်အနီးတွင်လည်း ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်က (၁၀) ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်း ရှိကြောင်း KPDF - Hopin ကထုတ်ပြန်ထားသည်။ Red News Agency
Read More
စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

စစ်ကောင်စီတပ် ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးနေရ 

RNA_ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကောင်စီတပ် ခလရ(၂၀၇)မှ လက်နက်ကြီးများ ကျေးရွာအတွင်းသို့ ပစ်ခတ်မှုကြောင့် KNU ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ၊ဆောထိမြို့နယ်အတွင်းရှိ ကော်ကပ်နှင့် ခမောက်ခွင် ကျေးရွာမှ ရွာသူ၊ ရွာသား ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ (more…)
Read More
၄ ရက်ကြာ တိုက်ပွဲအတွင်း PDF သူရဲကောင်း ၃ ဦးကျဆုံး

၄ ရက်ကြာ တိုက်ပွဲအတွင်း PDF သူရဲကောင်း ၃ ဦးကျဆုံး

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ မကွေးတိုင်း၊ ကျောက်ထုမြို့နယ်အတွင်း စစ်ကောင်စီတပ်ကို ဇန်နဝါရီလ ၂၂ ရက်မှ ၂၅ ရက်နေ့ထိ ၄ ကြာတိုက်ပွဲအတွင်း ကျောက်ထု PDF မှ သူရဲကောင်း ရဲဘော်ဗိုလ်စော၊ ရဲဘော်ဗိုလ်ရဲခေါင် နှင့် ရဲဘော်ဗိုလ်ပေတိုးတို့ ကျဆုံးခဲ့ရကြောင်း ကျောက်ထု PDF က ယနေ့ထုတ်ပြန်ထားသည်။ Red News Agency
Read More
ချင်းတွင်းတိုက်ပွဲက ပြန်လာသည့် ရဲဘော်များကို ဒေသခံပြည်သူများ ဆိုကြို

ချင်းတွင်းတိုက်ပွဲက ပြန်လာသည့် ရဲဘော်များကို ဒေသခံပြည်သူများ ဆိုကြို

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်စ၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီရေယာဉ်အုပ်ကို တိုက်ခိုက်ပြန်လာသည့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ရဲ‌ဘော်များကို ဒေသခံပြည်သူများက ယနေ့ ညပိုင်းတွင်း ကြိုဆိုခဲ့ကြကြောင်း သိရသည်။ တိုက်ပွဲပြန်ရဲဘော်များကို ပန်းများနှင့် အရေးတော်ပုံ အောင်ရမည်ဟု ကြွေးကြော်သံများဖြင့် ကြိုဆိုပြီး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပါ ပြုလုပ်ခဲ့ကြကြောင်း ဒေသခံများထံက သိရသည်။ ကနီမြို့နယ် ဘုမ္မဇင်းအရှေ့ရွာနှင့် ထောက်ကြံ့ကုန်းရွာအနီးမှ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တတ်လာသည့် စစ်ရေယာဥ်အုပ်စုကို ကနီမြို့နယ် PDF တပ်ရင်း (၁)၊ မဟူရာနဂါးတပ်ရင်း၊မဟူရာကျားရိုင်းတပ်ဖွဲ့ ၊ M&K The Boys ၊ KLG Kani PDF၊…
Read More
Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

Silence Strike ပြုလုပ်မည့်နေ့ ဆိုင်ပိတ်ပါက အရေးယူခံရမည်ဟု ချိန်းခြောက်

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ လူမှုကွန်ရက်များတွင် ပျံ့နှံ့နေသည့် Silence Strike အသံတိက်သပိတ်နှင့် အသံထွက်သပိတ် ပြုလုပ်မည့်ဖေဖော်ဝါရီ၁ ရက်နေ့တွင် ဆိုင်ပိတ်ပါက ဥပဒေအရ အရေးယူခြင်းခံရနိုင်ကြောင်း အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော ကော်မတီက ဗီနှိုင်း​ဖြင့် ချိတ်ဆွဲ ကြေညာကာ ခြိမ်းခြောက်ထားသည်။ CRPH၊ NUG နှင့် ယင်းတို့လက်အောက်ခံ အဖွဲ့ အစည်း များ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များ၏ Facebook Account များမှတစ်ဆင့် Silence Strike (အသံတိတ်သပိတ်)ပြုလုပ်ရန် လက်ခုပ်တီးခြင်း၊ သံပုံးတီးခြင်း၊ ကားဟွန်းတီးခြင်းများ စသည်ဖြင့် အသံထွက်သပိတ် )များ ပြုလုပ်ရန်လှုံ့ဆော်ခြင်း၊ ပြုလုပ်ထားကြောင်း ရန်ကုန်စည်ပင်ကော်မတီဟုဆိုသော…
Read More
စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

စစ်ကောင်စီတပ်က ပြည်သူ့စစ် (ပျူစောထီး) ဖွဲ့ဖို့ တရွာ (၂၀) ယောက် တောင်းနေ

RNA_ဇန်နဝါရီ ၂၇ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီး ပြည်သူ့ဘက်ပူးပေါင်းမှုနှင့် ထွက်ပြေးမှုများကြောင့် အင်အားနည်းနေသည့် စစ်ကောင်စီတပ်သည် ‌မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ကျေးရွာ (၁၀) ကျော်မှာ ပြည်သူ့စစ် ( ပျူစောထီး) ဖွဲ့ရန် တရွာ လူ (၂၀) ပေးရမည်ဆိုပြီး အတင်းအဓမ္မ လူတောင်း စုဆောင်းနေကြောင်း ဒေသခံများထံက သိရသည်။ ရခိုင်ပြည်နယ်နှင့် နယ်မြေထိစပ်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်မှာ စစ်ကောင်စီတပ် အင်အားနည်းနေပြီး ကျေးရွာတွေအပေါ် နိုင်ထက်စီးနင်း လူစုဆောင်းနေပြီး၊ နတ်ရေကန် တောင်ပေါ်က ရေကြောင်းရန် ကာကွယ်ရေးတပ်များနှင့် ထွေအုပ်များ ပူးပေါင်းအင်အား (၅၀) နီးပါးဖြင့် ကျေးရွာအတွင်းဝင်ကာ ဖုန်းများစစ်ဆေးခဲ့ပြီး၊ ကျေးရွာအတွင်းလူငယ်များ ပျောက်ဆုံးမှု ရှိ…
Read More
ရခိုင်ရိုးမအစပ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် မေတ္တာရပ်ခံ

ရခိုင်ရိုးမအစပ် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်ပြည်သူများ အထူးဂရုစိုက်နေထိုင်ကြရန် မေတ္တာရပ်ခံ

RNA_ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ရခိုင်ရိုးမအစပ် ရခိုင်ပြည်နှင့်မကွေးတိုင်း ထိစပ်ထားဟည့် စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်းက ပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် လူထုတော်လှန်ရေး မဟာမိတ် ( People's Revolution Alliance - PRA- Magway ) အဖွဲ့က မေတ္တာရပ်ခံထားသည်။ စေတုတ္တရာမြို့နယ်အတွင်း ဇန်နဝါရီလ ၂၄ ရက်နေ့က PRA- Magway၊ ကျောင်းသားလက်ရုံးတပ်တော် နှင့် နယ်မြေရှင်းလင်းရေး လုပ်နေသည့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က သေဆုံး ဒဏ်ရာရရှိခဲ့သူများရှိကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းများ ထပ်မံတိုးလာနိုင်ကြောင်း သိရသည်။ Red News Agency
Read More