Editor

1551 Posts
လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

လက်ပံတော ကျေးရွာ စကစတပ် ဝင်စီးစဉ် PDF ရဲဘော် မိသားစု (၄) ဦးပါအဝင် ပြည်သူ (၁၁) ဦးကိုသတ်ပြီး မီးရှို့သွား 

RNA_မတ်၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပံတောကျေးရွာကို မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဝင်စီးစဉ် PDF ရဲဘော် ကိုမိုးဝင်း၏ မိသားစုဝင် (၄) ဦး အပါအဝင် ပြည်သူ (၁၁) ဦးကို သတ်ပြီး မီးရှို့သွားကြောင်း Hero Tiger Force ထံမှ သိရသည်။ ယင်းမာပင်မြို့နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်သည့် Hero Tiger Force ရဲဘော် ကိုမိုးဝင်း၏ (၅) နှစ်သား၊ (၁၁) နှစ်သားနှင့် ဇနီးဖြစ်သူ ဇနီ၏အမေ ယောက္ခမ ဖြစ်သူတို့အပါအဝင် ကျေးရွာနေ ပြည်သူ(၁၁)ကို ယမန်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းရောက်ရှိလာသည့်အတွက် လက်ပံတော ဘုန်းကြီးကျောင်း ဝင်ခိုနေစဉ်…
Read More
အမျိုးသားနိုင်ငံတော်အယူအဆနှင့်ရက္ခိုင့်တော်လှန်ရေး

အမျိုးသားနိုင်ငံတော်အယူအဆနှင့်ရက္ခိုင့်တော်လှန်ရေး

ULA/AA ရဲ့ တော်လှန်ရေးဟာ နောက်ဆုံးပန်းတိုင်အဖြစ် ရက္ခိုင်ဒေသတစ်ခုလုံးကို နယ်မြေထိန်းချုပ်လို့ရပြီး အုပ်ချုပ်ရေးယန္တရားတည်ဆောက်မှု အပြည့်အဝလုပ်နိုင်ပြီဆိုတာနဲ့ အမျိုးသားနိုင်ငံအဖြစ် ကြေညာဖို့ ခြေလှမ်းစတော့မယ် ရက္ခိုင်ပြည်သူများနှင့် ULA/AAရဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို မြန်မာနိုင်ငံအဝန်းအဝိုင်းအတွင်း မရရှိပါက မိမိတို့လိုလားသော အမျိုးသားနိုင်ငံတော်အဆင့်ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့်လက်တွဲတည်ဆောက်သွားမယ်လို့ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောခဲ့ပါတယ်။ ခိုင်သုခ ခုလို အင်တာဗျူးမပေးခင်ကတည်းက ULA/AAရဲ့ ရက္ခိတလမ်းစဉ်ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ ရည်မှန်းချက်တွေကို ခေါင်းဆောင်ပိုင်းက မကြာခဏ ထုတ်ဖော်ပြောဆိုနေတာကို တွေ့ရပါတယ်။ ထိုအချိန်ကာလက ပြည်မနိုင်ငံရေးသမားတွေအပါအဝင် လေ့လာသုံးသပ်သူ အတော်များများက ရက္ခိတလမ်းစဉ်ရဲ့ အတိမ်အနက်ကို သေသေချာချာ ကွဲကွဲပြားပြား မသိနိုင်ကြသေးဘူးလို့ ယူဆရပါတယ်။အခုတော့ ရက္ခိုင့်ပြည်သူတွေရဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ အရင်ထုတ်ပြောနေကြ "ပြည်ထောင်"အဆင့်ကနေ "အမျိုးသားနိုင်ငံ"အဆင့်ကို…
Read More
စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

စစ်တပ်မှာ ခံဝန်ထိုးနေထိုင်သည့်  လွှတ်တော်ကိုယ်စား လှယ် ဖမ်းဆီးခံရ

RNA_မတ် ၇၊၂၀၂၂ခုနှစ်။ ပဲခူးတိုင်း၊ ကဝမြို့နယ်တွင် စစ်ကောင်စီတပ်မှာ နိုင်ငံရေးမလုပ်တော့ကြောင်း ခံဝန်ထိုးနေထိုင်သည့် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မင်းထွန်းကို စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ကဝမြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် (၃) ဦးတို့သည် စစ်တပ်မှာ ခံဝန်ထိုးနေသည့်အတွက် CRPH နှင့် NUG က NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုတော့ကြောင်း စုံစမ်း သိရှိရသည်။ (more…)
Read More
“ချန်ဂင်တို့စခန်း (၁၂)”

“ချန်ဂင်တို့စခန်း (၁၂)”

ဒီကလေးတွေကို စိတ်အားငယ်မသွားအောင်၊ စိတ်ဓါတ်ကျမသွားအောင် ဘယ်သူ့ကိုမှ အားမကိုးပဲ ကိုယ့်ခြေထောက်ပေါ်ကိုယ် မြဲမြဲမြံမြံ ရပ်တည်နိုင်ဖို့ နည်းပေးလမ်းပြချင်တဲ့ စေတနာနဲ့ ဒီစာကိုရေးပါတယ်။ ဒေါက်တာစိုးမင်း (CDM ဆရာဝန်) စစ်တပ်ကဖျက်စီးပစ်လိုက်တဲ့ အေငြိမ်းရဲ့ဆေးရုံကလေးကို သူဘယ်လောက်ကြာကြာ ကြိုးစားတည်ဆောက်ခဲ့ရသလဲ မသိပါဘူး။ ကိုယ့်ဆေးရုံကလေးကတော့ အတောင်အလက်စုံဖို့ နှစ်လကြာပါတယ်။ လူကိုယ်တိုင်လာမနေပဲ သွားလိုက်ပြန်လိုက် အလုပ်လုပ်နေရတာက အဲ့ဒီမတိုင်ခင် တစ်လလောက်ကြာတာပါ။ ကိုဗစ်စင်တာသိမ်းပြီး အိမ်ပြန်ပို့ဖို့ စီစဉ်ကြတဲ့အခါ ရွာကလူကြီးတွေက ကိုယ့်အပြန်လမ်းကို စိတ်မချပါဘူး။ ရွာမှာပဲ ဆေးခန်းလေးဖွင့်ပြီး ဆက်နေပါ။ နေရေးစားရေးသာမက လခလည်း ကောင်းကောင်းပေးပါ့မယ် ဆိုသည့်တိုင် ခွဲခန်းမပါတဲ့ ဆာဂျင်ဟာ ဆက်ရက်တောင်ပံကျိုးသက်သက်မျှသာပါပဲ။ အဲ့ဒါနဲ့ ဘယ်နေရာမှာ ဘယ်လိုလုပ်ရမလဲ အကြံထုတ်ရင်း ပစ္စည်းကိရိယာစုဆောင်းတာ အဲ့ဒီအချိန်ကတည်းကပေါ့။ အရာအားလုံးကို…
Read More
ဒီးမော့ဆိုမှာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က (၈၀) ဝန်းကျင် သေဆုံး

ဒီးမော့ဆိုမှာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က (၈၀) ဝန်းကျင် သေဆုံး

RNA_မတ်၇၊၂၀၂၂ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာ အုပ်စု၊ ဘုရားငုတ်တိုကျေးရွာ ကျောက်ဆည်ကန် တွင် ထိုးစစ်ဆင်လာခဲ့သော စစ်ကောင်စီတပ်ကို ဒေသခံကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ရာ (၂) ရက်အတွင်း စစ်ကောင်စီတပ်က (၈၀) ဝန်းကျင်သေဆုံးကာ (၂) ဦးဖမ်းခံခဲ့ရကြောင်း ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။ (more…)
Read More
မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ၂၄ နာရီ မီးဖြတ်မည့်နေရာ တော်တော်များရှိ

မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ ၂၄ နာရီ မီးဖြတ်မည့်နေရာ တော်တော်များရှိ

RNA_မတ် ၆၊၂၀၂၂ခုနှစ်။ မတ်လ ၁၂ ရက်မှ ၁၈ ရက်နေ့အထိ (၂၄) နာရီလုံး မီးဖြတ်မည့် နေရာတော်တော်များများ ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာက ယနေ့ ထုတ်ပြန်လိုက်သည်။ ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိသော တွင်းသစ်(၂)တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိပိုက်လိုင်းအတွင်းသို့ ထည့်သွင်းပို့လွှတ်နိုင်ရန်အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ် ခြင်းလုပ်ငန်းများကို မတ်လ ၁၂ ရက်မှ ၁၈ရက်အထိ ဆောင်ရွက်မည် ဖြစ်၍ ထိုကာလအတွင်း နေရာအချို့ကို မီးဖြတ်ထားမည်ဟု ကြေညာခဲ့သည်။ (more…)
Read More
အုပ်ချုပ်ရေးမှုးနှင့် ဒလန်အသတ်ခံရသည့်ကိစ္စ သဲဖြူကျေးရွာက လူငယ် (၃၀) ဝန်းကျင် ဖမ်းဆီးခံရ

အုပ်ချုပ်ရေးမှုးနှင့် ဒလန်အသတ်ခံရသည့်ကိစ္စ သဲဖြူကျေးရွာက လူငယ် (၃၀) ဝန်းကျင် ဖမ်းဆီးခံရ

RNA_မတ် ၅၊၂၀၂၂ခုနှစ်။ မကွေးတိုင်း၊ တောင်‌တွင်းကြီးမြို့နယ်၊ ချင်းသပြေပင်ကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့် နောက်လိုက်ဒလန် အသတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး သဲဖြူကျေးရွာက လူငယ် (၃၀) ဝန်းကျင်ကို ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ရွာထဲဝင်ပြီး ဖမ်းဆီးသွားကြောင်း သိရသည်။ " အခုက ရွာထဲမှာကျန်တဲ့ လူငယ်တွေ ဖမ်းခံလိုက်ရတာ တချို့က အလုပ်သွားနေကြတာ၊ ဟိုဘက်ရွာမှာ အသတ်ခံရတဲ့ကိစ္စ ဒီဘက်နဲ့မဆိုင်ဘူး၊ လုပ်တာက ဘယ်သုမှန်းမသိဘူး ဒါကို သဲဖြူရွာ အုပ်ချုပ်ရေးမှူးက စစပ်တပ်ခေါ်ပြီး ကိုယ့်ရွာက လူတွေကို ဖမ်းခိုင်းတာ၊ အတော်ဆိုးတယ်ဗျာ ဘာမှမဆိုင်ဘူး၊ အုပ်ချုပ်ရေးမှူးဆိုပြီး လုပ်ချင်တိုင်း လုပ်နေတာ ဒီလူငယ်တွေရ ရွာမှာ အေးဆေးနေကြတာ" ဟု ဒေသခံတဦးက ပြောသည်။…
Read More
ရှေ့တန်းမထွက်ရသည့် ရဲဘော်များ နောက်တန်းမှာ အပြင်းအထန်လေ့ကျင့်

ရှေ့တန်းမထွက်ရသည့် ရဲဘော်များ နောက်တန်းမှာ အပြင်းအထန်လေ့ကျင့်

RNA_မတ် ၃၊၂၀၂၂ခုနှစ်။ NUG ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ မြန်မာ့လွတ်လပ်ရေးတပ်ခွဲ (MIU-PDF) ရဲဘော်များအနေဖြင့် ရှေ့တန်းထွက်ရသူများရှိပြီး နောက်တန်းကျန် ရဲဘော်များ အပြင်းအထန်လေ့ကျင့်နေကြရကြောင်း ယနေ့ နံနက်ပိုင်းက အခက် အခဲအကြပ်အတည်းကို ခံနိုင်ရည်ရှိရန် ခန္ဓာကိုယ်ကြံ့ခိုင်မှု လေ့ကျင့်‌နေသည့် မြင်ကွင်းတချို့ကို ဖော်ပြလိုက်သည်။ Red News Agency
Read More
ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

ပြည်သူ (၇) ဦးကျဆုံးမှု တနှစ်ပြည့် စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေ 

RNA_မတ်၃၊၂၀၂၂ခုနှစ်။ ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီလက်အောက်ခံများက ပစ်ခတ်သတ်ဖြတ်သည့်အတွက် တရက်တည်း (၇) ဦး ကျဆုံးခဲ့ရပြီး ယနေ့အထိ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင်နေကြောင်း သိရသည်။  "ဒီနေ့က ရက်ရက်စက်စက် လူတောထဲကို စက်သေနတ်နဲ့ ပစ်ခံရတဲ့နေ့ပေါ့ တရက်တည်း (၇) ယောက်ကျတယ် ၊ ဒဏ်ရာရတဲ့သူတွေ နောက်ရက်မှာ ဆက်ကျတာရှိတယ်၊ သွေးကြွေးဆိုတဲ့အတိုင်း အခုထိ မြို့နယ်ထဲမှာ ပူးပေါင်းလုပ်ဆောင်နေတာတွေရှိတယ်၊ ပြည်သူတွေ ထိတ်လန့်သလို ပြည်ဟူကို သတ်ဖြတ်ခဲ့တဲ့ကောင်တွေ အားပေးနေတဲ့ ဒလန်တွေဟာ အမြဲထိတ်လန့်နေရမယ်၊ ပြည်သူတွေအောင်ပွဲနဲ့အတူ ပြည်သူ့တရားစီရင်ရေးမှာ သစ္စာဖောက်တွေအတွက် နေရာမရှိစေရဘူး၊ ဘာတွေလုပ်နေတယ်ဆိုတာတော့ ပြောလို့မရဘူး လုပ်နေတယ် မြို့နယ်နေ လူထုသိတယ် ဒီလောက်ပါပဲ" ဟု မြောက်ဥက္ကလာပမြို့နယ်…
Read More
ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

ဖမ်းဆီးခံလိုက်ရသည့် မိုးဗြဲPDF ရဲဘော် ကျဆုံးလျှက် တွေ့ရှိ 

RNA_‌မတ်၃၊၂၀၂၂ခုနှစ်။ မိုးဗြဲPDF လင်းယုန်တပ်ခွဲမှ ရဲဘော်မောင်ဘဲတို မတ်လ ၂ ရက်နေ့က စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်း ခံခဲ့ရပြီး ယနေ့တွင် ရင်ဘက် ဓားစိုက်ထားပြီး ညှင်းပန်းနှိပ်စက်ခံရကာ ကျဆုံးနေသည်ကို ရဲဘော်များ ပြန်တွေ့ရှိရကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် ပြည်သူအပါအဝင် ရဲဘော်များကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်နေပြီး၊ စစ်ကောင်စီတပ် ထိုးစစ်ဆင်သည့် ကျေးရွာနှင့် မြို့တို့ကို အလုံးစုံပျက်သုဉ်းရေးအတွက် မီးရှို့ခြင်း၊ မြင်မြင်သမျှ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။ Red News Agency
Read More