Author: Editor

  • မင်းအောင်လှိုင် လိုက်ပါသည့်ကားတန်း ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားမောင်းသမား အရေးယူခံရ

    မင်းအောင်လှိုင် လိုက်ပါသည့်ကားတန်း ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားမောင်းသမား အရေးယူခံရ

    RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။

    နေပြည်တော်တွင် မင်းအောင်လှိုင် လိုက်ပါလာတဲ့ ကားတန်းကို ရထားဝင်တိုက်လု နီးပါးဖြစ်ခဲ့သည့်အတွက် ရထားသံလမ်းပြေးယာဉ်မောင်း အရေးယူခံထားရကြောင်း သိရသည်။

    တိုင်းအမှတ်(၅)နယ်မြေ၊ ပျဉ်းမနားဘူတာကြား မိုင်တိုင်အမှတ်၊၂၂၆/ ၁၆-၁၇ ရှိ GE ဂိတ်(တရားဝင်မြို့ပြဂိတ်)မှာ အောက်တိုဘာလ (၁၉) ရက်နေ့က မင်းအောင်လှိုင် စီးနင်းလိုက်ပါလာသည့် ယာဉ်တန်းဖြတ်သန်းစဉ် ့ရထားယာဉ်မောင်း ဖိုးလပြည့်၊ လုပ်သားမောင်းနှင်လာသည့် ပလက်တွဲ (၁)တွဲပါရှိသည့် 68-RGC သံလမ်းပြေးယာဉ်ဖြတ်သန်းခဲ့လို့ ယာဉ်တန်းရပ်တန့်မှုဖြစ်ပွားခဲ့သည်။

    (more…)

  • “တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

    “တော်လှန်ရေးက အောင်ကိုယ်အောင်မှာပါ”

    ပြည်သူ PDF NUG လက်တွဲညီညီလှုပ်ရှားနေသည့်အတွက် တော်လှန်ရေးက အောင်ကိုယ် အောင်မည်
    RNA_နိုဝင်ဘာ(၅)၊၂၀၂၂ ခုနှစ်။
     
    “ တော်လှန်ရေးက အောင်ကိုအောင်မှာပါ၊ ဘာလို့လည်းဆိုတော့ အခုချိန်ထိ ပြည်သူတွေနဲ့ PDF တွေ NUG တို့ဟာ အားလုံးက လက်တွဲညီညီ လှုပ်ရှားနေတာဖြစ်တဲ့အတွက် တနေ့တလံ ပုဂံဘယ်ရွေ့မလဲဗျာ၊ ဘယ်လိုပဲနေနေ အောင်မြင်မှုကတော့ ရကိုယ်ရမှာဖြစ်ပါတယ်၊ အဲဒီ ဖက်ဒရယ်ဒီမိုကရေစီ အောင်မြင်မှုကြီးရသည့်တိုင်အောင် အားလုံး ယုံကြည်ချက်မပျက်ပဲနဲ့ လက်တွဲမှုဖြုတ်ဘဲနဲ့ ဆက်လက်ယုံကြည်ပြီးတော့ လုပ်ဆောင်ပေးဖို့လည်း လိုအပ်ပါတယ်”ဟု လူငယ်သူရဲကောင်းတပ် – YRF မှရဲဘော် ဖီးနစ်က ပြောကြားထားသည်။
    [embedyt] https://www.youtube.com/watch?v=fUM59zMPhD4[/embedyt]
     
    စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် လူငယ်သူရဲကောင်းတပ်မှ ရဲဘော်ဖီးနစ်ကစစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်က တော်လှန်ရေးအခြေအနေများ၊ လက်တလောကြုံတွေ့နေရသည့်အခက်အခဲနှင့် စစ်ရေးအခြေအနေများကို ပြောပြထားသည်။
     
    Red News Agency

  • ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ်တက်ရောက်

    ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ်တက်ရောက်

    RNA_အောက်တိုဘာ(၃)၊၂၀၂၂ခုနှစ်။

    တောင်ပိုင်းစစ်ဒေသအတွင်းရှိ ကွန်မန်ဒိုသင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တောင်ပိုင်းစစ်ဒေသတာဝန်ခံ ဦးလွင်ကိုလတ် တက်ရောက်ခဲ့သည်။

    တော်လှန်ရေးနယ်မြေတစ်ခုတွင် (၆)လကြာ ကွန်မန်ဒိုသင်တန်းဆင်းပွဲကို ယမန်နေ့ ( နိုဝင်ဘာ ၂ ရက်) ကကျင်းပခဲ့ကြောင်း၊ ဦးလွင်ကိုလတ်တက်ရောက်ပြီး အမှာစကားပြောကြားကာ ရဲဘော်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်ဟု တောင်ပိုင်းစစ်ဒေသသတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • အစာဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့တင်ထားရ

    အစာဆိပ်သင့်မှုဖြစ်ပွားသဖြင့် ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့တင်ထားရ

    RNA  ၊ နိုဝင်ဘာ၂ ၊ ၂၀၂၂ ခုနှစ် ။

    ရန်ကုန်တိုင်း သာကေတမြို့နယ်ရှိ အ.မ.က အမှတ် ၂၉ နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် ၆၇ ရပ်ကွက်တို့တွင် အစာဆိပ်သင့်မှု ဖြစ်ပွားသဖြင့်  ကလေး ၆၀ ကျော် ဆေးရုံများသို့ ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။

    [embedyt] https://www.youtube.com/watch?v=Ggu_pZQy7DU[/embedyt]

    “ဒီနေ့ ကျောင်းတစ်ကျောင်းမှာ ကလေးတွေ အစာအဆိပ်သင့်မှု ဖြစ်လို့ ရန်ကင်းကလေးဆေးဆုံမှာ လူတွေများနေတယ်လို့ အဲဒီနေရာရောက်နေတဲ့ ဘော်ဒါ Taxi သမားတစိယောက်က လှမ်း​ပြောတယ်။ အဲဒီကို သွားပြီး ခရီသည်အော်ဒါ လာရှာဖို့ လှမ်းပြောတယ် ” ဟု အငှားယာဥ် မောင်းတစ်ဦးက ပြောသည်။

    (more…)

  • စစ်ကောင်စီတပ်နှင့်AAတို့ ဖြစ်ပွားနေသည့်တိုက်ပွဲ (၅) ရက်မှာ စစ်ကောင်စီဘက်က (၂၄) ဦးသေဆုံး

    စစ်ကောင်စီတပ်နှင့်AAတို့ ဖြစ်ပွားနေသည့်တိုက်ပွဲ (၅) ရက်မှာ စစ်ကောင်စီဘက်က (၂၄) ဦးသေဆုံး

    RNA_နိုဝင်ဘာ (၂)၊၂၀၂၂ ခုနှစ်။
     
    ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ကျောက်တော်မြို့နယ်၊ မောင်တောမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် – AA နှင့် အောက်တိုဘာလ ၂၆ ၊ ၂၇၊ ၂၉၊ ၃၁ ရက်တို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၂၄) ဦးသေဆုံးကာ ဒဏ်ရာရရှိသူများပြားခဲ့ကြောင်း သိရသည်။

    (more…)

  • PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

    PDF အနေဖြင့် ABSDFအပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူသည်ဟု NUG ကာကွယ်ရေးဝန်ကြီးပြော

    RNA_နိုဝင်ဘာ ၁၊ ၂၀၂၂ ခုနှစ် ။
     
    ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အနေဖြင့်ဆိုရင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ကျောင်းသားတပ်မတော်အပေါ် ညီနောင် ရဲဘော်ရဲဘက်များအဖြစ် မှတ်ယူပြီး ဖြစ်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောကြားထားသည်။
     
    ၂၀၂၂ ခုနှစ် မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦးတည်ထောင်ခြင်း (၃၄) နှစ်ပြည့်သို့ ဒီနေ့(နိုဝင်ဘာလ ၁) NUG ၊ကာကွယ်ရေးဝန်ကြီးက ပေးပို့သော သဝဏ်လွှာတွင် ဖော်ပြထားသည်။
    Photo : ABSDF

    (more…)

  • မန္တလေးတွင် ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ၍ ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွား

    မန္တလေးတွင် ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ၍ ရဲမေနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွား

    RNA_နိုဝင်ဘာ (၁)၊ ၂၀၂၂ ခုနှစ် ။
    မန္တလေးမြို့၊ ၇၈လမ်းနှင့် ၄၂ ခုံးကျော်တံတားအနီးရှိ မီးပွိုင့်တစ်ခုတွင် ယနေ့(နိုဝင်ဘာ ၁)နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ရဲအချုပ်ကားတစ်စီး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရသဖြင့် ရဲမေနှစ်ဦး ထိခိုက် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
    Photo : CJ
    ဖြစ်စဥ်မှာ အမှတ် (၁၁) နယ်မြေရဲစခန်းအနီးတွင် အိုးဘိုထောင်မှ အချုပ် သားများအားတင်ဆောင်လာသော ရဲအချုပ်ကားသည် ချမ်းမြသာစည်မြို့နယ်တရားရုံးမှ တရားရုံးထုတ်စစ်ဆေးမှုအပြီးအပြန်တွင် မီးပွိုင့်မိနေစဉ် မြောက်မှ တောင်သို့ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးပေါ်ရှိ အမည်မသိ လူနှစ်ဦးက အချုပ်ကား ဝဲဘက်ဘေး ယာဉ်မောင်းဘက်တံခါးပေါက်မှ တစ်ဆင့် ကားခေါင်းခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်ပြီး ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မောင်း ဘေးတွင်လိုက်ပါစီးနင်းလာသည့် ရဲမေ ၂ ဦး ထိခိုက်ဒဏ်ရာရှိသွားခြင်း ဖြစ်သည်။
    အဆိုပါ ဒဏ်ရာရရှိသွားသော ရဲမေ ၂ ဦး အား လူမှုကူညီရေးအသင်းကားဖြင့် နန်းတွင်း စစ်ဆေးရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည် ။
    Red News Agency

  • MOD နှင့် PRA-Magway တို့ ကြားကာလအုပ်ချုပ်ရေး၊စစ်ရေးတို့ကိုလက်တွဲဆောင်ရွက်မည်

    RNA_နိုဝင်ဘာ(၁)၊၂၀၂၂ ခုနှစ်။
     
    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာ – MOD နှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) တို့ နိုင်ငံရေးဆိုင်ရာမူဝါဒ၊စစ်ရေးဆိုင်ရာမူဝါဒနှင့် မဟာမိတ်ဆိုင်ရာမူဝါဒများအရ စစ်ရေး၊ နိုင်ငံရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
     
    PRA-Magway အနေဖြင့် MODမှ ချမှတ်ထားသော စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (COC)ကိုလေးစားလိုက်နာမှုနှင့် အမိန့်ပေးကွပ်ကွဲမှုကွင်းဆက် ( Chain of Command) တွင် ပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ဒေသတွင်း စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်နှင့် ကြားကာလ ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းအကောင်အထည်ဖော်ရာတွင် ပါဝင်ကူညီရန် သဘောတူခဲ့ကြသည်ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
    Red News Agency

  • မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား မြင်ကွင်း 

    မြဝတီမင်းကြီးဆရာတော်၏ အန္တိမအဂ္ဂိဈာပန အခမ်းအနား မြင်ကွင်း 

    RNA_အောက်တိုဘာ(၃၁)၊၂၀၂၂ခုနှစ်။

    မြဝတီမင်းကြီးဆရာတော် ဘဒ္ဒန္တအရိယာဘိဝံသ သည် ထိုင်းနိုင်ငံမဲဆောက်မြို့၌ အောက်တိုဘာလ (၂၇) ရက်နေ့ ည ၁၀ နာရီ ကျော်ခန့်တွင်နှလုံးရောဂါဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး ယနေ့ နေ့လည် ၁ နာရီမှ ၃ နာရီအထိ အန္တိမအဂ္ဂိဈာပနအခမ်းအနားကို ထိုင်း မြန်မာနယ်စပ် တစ်နေရာတွင် ပြုလုပ်ခဲ့သည်။

    [embedyt] https://www.youtube.com/watch?v=G4_j3_l7Hvg[/embedyt]

    Red News Agency

  • ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

    ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမည့် အညာ

    “အညာဒေသဟာ ပထမဆုံး လွတ်မြောက်နယ်မြေဖြစ်လာမယ်ဆိုတာ ကောလဟလမဟုတ်ဘူး တစ်ကယ်ပါ”
     
     RNA_အောက်တိုဘာ(၂၈)၊၂၀၂၂ ခုနှစ်။
     
    ” လောလောဆယ် ကျွန်တော်တို့ လက်နက်ကိုင်တွေ စိုးမိုးထားတဲ့အခြေအနေက ကျေးရွာတွေအားလုံးကို အညာဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေ အားလုံးနီးပါးကို ထိန်းချုပ်ထားနိုင်ပြီ PDF တွေစိုးမိုးထားနိုင်ပြီ၊ ကျေးရွာတွေရဲ့ နောက်တဆင့်ဖြစ်တဲ့ တိုက်နယ်တွေပေါ့နော် ကျေးရွာတွေစုပေါင်းထားတဲ့တိုက်နယ်တွေ အဲတိုက်နယ်တွေလည်း စိုးမိုးထားနိုင်ပြီ၊ တိုက်နယ်ကနေတဆင့် မြို့တွေပေါ့နော် အဲဒီမြို့တွေ အကုန်လုံးနီးပါးကို အဲဒီ မြို့တကွက်လေးပေါ့ဗျာ မြို့တကွက်လေး ကွက်ကွက်လေးတခုသာပဲ ဒီကောင်တွေက ထိုင်နိုင်တယ်၊ ကျန်တဲ့ဟာ သူတို့ မထိုင်နိုင်တော့ပါဘူး” ဟု စသဖြင့် 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်က Red News Agency ကို ပြောသည်။
    [embedyt] https://www.youtube.com/watch?v=0KEmerY0w7A[/embedyt]
    အညာပြည်သူများ တော်လှန်ရေးနှင့်ပတ်သက်ပြီး စိတ်အားထက်သန်မှု အညာပြည်သူတို့၏ ရဲဝံ့မှု၊ အညာမြေ စစ်ရေးအခြေအနေမှာ PDF တွေစိုးမိုးထားမှုများ အခြေအနေများ၊ အညာမြေကို 96 Solders-PDF ဘာ့ကြောင့် ရွေးချယ်ခဲ့သလဲဆိုသည့် အကြောင်းအရာတွေကို Red News Agecny က 96 Solders – PDF တာဝန်ခံ ကိုဇေယျာလွင်ကို ဆက်သွယ်မေးမြန်းထားသည်။
     
    Red News Agency