RNA- ဩဂုတ် ၂၀ ရက်။ ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော် ( KNDF) က အာဏာသိမ်းစစ်ကောင်စီတပ်က ထွက်လာမည့် ပြည်သူ့ စစ်သားများကို လုံခြုံရေးအာမခံပြီး အတူပူးပေါင်း လက်ခံမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်ဟားများကို KNDF နှင့် အတူ ပူးပေါင်းကြိုဆိုမည့်ကိစ္စကို ယနေ့ ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆွေးနွေးအတည်ပြုကြပြီး၊ ပြည်သူ့ရင်ခွင် ဝင်ရောက်လာမည့် စစ်သားများအတွက် လုံခြုံရေး အာမခံသည့်အပြင် ဆုငွေများပါ ချီးမြင့်မည်ဖြစ်ကြောင်း KNDF က ယနေ့တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့ရက်ပိုင်းကလည်း အာဏာသိမ်း စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့မှ ပြည်သူ့ရင်ခွင် ဝင်ရောက်လာသူ များရှိကြောင်း၊ NUG နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နွေဦးတော်လှန်ရေးက ပေါ်ပေါက်လာသည့် PDF များနှင့် ပြည်သူ့စစ်သားများ အတူပူးပေါင်းကာ ဒီမိုကရေစီရေးအတွက် စစ်အာဏာရှင်ကို တိုက်ထုတ်ရန် ပြင်ဆင်နေကြကြောင်း သိရသည်။ Red News Agency

RNA- ဩဂုတ် ၁၉ ရက်။

ယောဒေသရာကွယ်ရေး တပ်ဖွဲ့က ဂန့်ဂေါမြို့ မြောက်ဘက် ဖိုးမော်ကြီးကွေ့အနီးတွင် စစ်ကောင်စီယာဉ်တန်းကို ယနေ့ ( ဩဂုတ်လ ၁၉ ရက်) ညနေ ၄ နာရီခွဲ ဝန်းကျင်က မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၂ စီးမိုင်းထိကာ ၂၀ ကျော်သေဆုံးပြီး၊ ၁၀ ယောက်ဝန်းကျင် ဒဏ်ရာရရှိသွားသည်ဟု ယောဒေသကာကွယ်ရေးတပ်ဖွဲ့ ( YDF) ကထုတ်ပြန်ထားသည်။

ဂန့်ဂေါမှ ကလေးဘက်သို့ ယနေ့ ထွက်လာသည့် စစ်ကားတန်း အစီး ၄၀ ဝန်ကျင်ရှိကြောင်း၊ လမ်းတလျှောက်မှ ဒေသခံများ၏ ဆိုင်ကယ် အစီး၂၀ ကျော်ကို လုယူကြကြောင်း၊ YDF က မိုင်းထောင်ပြီး ကြားဖြတ်တိုက်ခိုက်ခြင်း ဖြစ်ကောင်း သိရသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *