စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းများ ရုံးမတက်ကြရန် ကြပ်ကြပ်မတ်မတ် သတိပေး

RNA – စင်တင်ဘာ ၇ ရက်။

အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) က ခုခံစစ်စတင်ပြီဟု ယနေ့ကြေညာအပြီး ယနေ့မှစကာ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ ရုံးမတက်ကြရန် တမူး PDF – TSG က ကြေညာထားသည်။

TSG အနေဖြင့် တမူးမြို့နယ်အတွင်းရှိ စစ်အာဏာရှင် လက်ပါးစေများနှင့် အပေါင်းအပါများကို အပြီးသတ် ချေမှုန်းတော့မည်ဖြစ်ကြောင်း၊ ဒလန်များ၏ အသက်ကို အာမမခံကြောင်း၊ ပြည်သူများ မလိုအပ်ဘဲ ခရီးမထွက်ကြရန် ပြောကြားထားသည်။

NUG က ခုခံစစ်စတင် ဆင်နွှဲတော့မည် ဖြစ်သည့်အတွက် တမူးမြို့နယ် ပြည်သူများအနေဖြင့် စစ်တပ် ရဲကင်းနှင့်နီးသော အိမ်များ အဝေးသို့ ရှောင်ထွက်ရန်၊ ပျူစောထီးအပါအဝင် စစ်အာဏာရှင်ကို အားပေးအားမြှောက်ပြုလုပ်နေသည့် အဓမ္မသမားများကို ချေမှုန်းမည်ဖြစ်ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များ ပြည်သူ့ရင်ခွင် ခိုလှုံပူးပေါင်းလိုပါက လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ဖို့ ကြေညာကြောင်း TSG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *