မကွေးလေတပ်စခန်းကို ၁၀၇ မမ ဒုံး ၄ လုံးနှင့် ပစ်ခတ်ခဲ့သည့် PRA အဖွဲ့က မကွေးတိုင်းတွင် စစ်အာဏာရှင် တော်လှန်‌ရေးကို မဟာဗျူဟာမြောက်ပူးပေါင်း လုပ်ဆောင်မည်

RNA- စက်တင်ဘာ ၇ ရက်။

မကွေးလေတပ်စခန်းကို ၁၀၇ မမ ဒုံး ၄လုံးနှင့် ပစ်ခတ်မှုပြုလုပ်ခဲ့သည့် လူထုတော်လှန်ရေး အင်အားစု (People’s Revolutionary Association – PRA) အဖွဲ့က စစ်အာဏာရှင်တော်လှန်ရေးအတွက် မကွေးတိုင်းအတွင်း စစ်အာဏာရှင် တော်လှန်ရေးကို မဟာဗျူဟာမြောက် လှုပ်ရှားနိုင်ရန် မြို့နယ်များနှင့် ချိတ်ဆက်ထားပြီးဖြစ်သည်ဟု ယနေ့ ( စက်တင်ဘာလ ၇ ရက်) တွင် ကြေညာထားသည်။

မကွေး လေတပ်စခန်းကို ဧပြီလ ၂၉ ရက်နေ့ နံနက်ပိုင်းက ၁၀၇ မမ ဒုံးများဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ လူထုတော်လှန်ရေး အင်အားစု ( PRA) အနေဖြင့် EAO များ၊ ဒေသတွင်း ပကဖ များ၊ PDF များ၊ STF များနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု သိရသည်။

PRA အဖွဲ့တွင် မကွေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ် အသီးသီးက ကျောင်းသား လူငယ်တွေ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ စုပေါင်ပြီး၂၀၂၁ ခုနှစ် မတ်လ ၂၈ ရက်က စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်အာဏာရှင် စနစ်ကို အမြစ်ဖြတ်သုတ်သင်ပြီး ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်ထွန်းလာစေရေး ဆောင်ရွက်နိုင်ဖို့ ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *