၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့်ကွယ်လွန်

RNA_ဇူလိုင်(၇)၊၂၀၂၄ ခုနှစ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ မိခင် ဒေါ်အမာညွန့် အသက် (၇၈) နှစ်သည် ဇူလိုင် (၆) ရက်နေ့က ကွယ်လွန်ခဲ့ပြီး ဇူလိုင် (၈) ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မြို့တမြို့၌ င်္သဂြိုလ်မည်ဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့က ကြိုးပေးကွပ်မျက်ခဲ့သည်ကို ဇူလိုင် ၂၅ ရက်နေ့က ကြေညာခဲ့ပြီးနောက် ဇူလိုင် (၇) ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ လူတစုက ဒေါ်အမာညွန့်နေအိမ်ကို ဝိုင်းဝန်းဆဲဆို ခဲပေါက် အကြမ်းဖက်ခဲ့သည့်အတွက် ထိုင်း -မြန်မာ နယ်စပ် မြို့တမြို့မှာ ရွေ့ပြောင်း နေထိုင်ခဲ့ခြင်းဖြစ်သည်။

#RedNewsAgency

By RNA Editor