လွှတ်တော်ကိုယ်စား လှယ်များမဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းရမည်ဟု NLD ပါတီက ‌ထုတ်ပြန်

ရန်ကုန်၊ ဇွန် ၁၀ ရက်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ရွေးကောက်ခံ အနိုင်ရရှိခဲ့သည့် ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများအပေါ် မဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ကြောင်း NLD ပါတီက ယနေ့ ( ဇွန်လ ၁၀ ရက်) တွင် ထုတ်ပြန်ကြေညာခဲ့သည်။

” ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်ကာ ပေးအပ်ထားသည့် တာဝန်များကို လွှတ်တော်ကိုယ် စားလှယ်များမှ မဖောက်မပြန် ဂုဏ်သိက္ခာနှင့်အညီ ရပ်တည်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါကြောင်း ထုတ်ပြန်လိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အာဏာသိမ်း စစ်ကောင်စီက လွှတ်တော်ကိုယ်စားလှယ်များကို CRPH ၊ NUG ၊ PDF တို့တွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖိအားပေးခြိမ်းခြောက် အတင်းအဓမ္မ ခံဝန်ကတိလက်မှတ်ရေးထိုး ခိုင်းခြင်းများကို ကိုယ်စားလှယ်များအနေဖြင့် လိုက်နာဆောင်ရွက်ရန် လုံးဝမလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *