RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။
မကွေးတိုင်းအတွင်း စစ်ရေးစီမံချက်များကို ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော်နှင့် NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့များ တာဝန်ခွဲဝေကာ စစ်ဆင်ရေးလုပ်ငန်းစဉ်များကို လက်တွေ့ကျကျအကောင်အထည်ဖော်ဆောင်ရွကနိုင်ရေး သဘောတူထားပြီဖြစ်ကြောင်း သိရသည်။

ကျောင်းသားတပ်ဦး/ကျောင်းသားလက်ရုံးတပ်တော် ဗဟိုဦးဆောင်ကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်တော်စုဝန်ကြီး ဦးရည်မွန်တို့ ဇွန်လ ၂၉ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျောင်းသားလက်ရုံးတပ်တော် အခြေစိုက် ဒေသများရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးဖလှယ်ခဲ့ကြပြီး သဘောတူညီမှုများရရှိခဲ့သည်ဟု ကျောင်းသာလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။
မကွေးတိုင်းအတွင်း စစ်ရေးအခြေအနေပူးပေါင်းဆောင်ရွက်မှုအပါအဝင် ဘဏ္ဍာရေးဆိုင်ရာ အရင်းအမြစ်များကို မျှဝေအသုံးပြုန်နိုင်ရန် ပူးပေါင်းဆောင်ရွက်ရေးနှင့် မကွေးတိုင်းစစ်ဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြေပြင်လုပ်ငန်းစဉ်များကို အတူတကွ အကောင်အထည်ဖော်ဆောင်ရွက်ရေးတို့ကိုလည်း သဘောတူညီခဲ့ကြသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA