နှုတ်ထွက်စာတင်ခဲ့ပြီးနောက် တာဝန်ရှိသူများအား တောင်းပန်ကာ MOD တပ်ရင်းအဖြစ် ဆက်ရှိနေမည်

RNA_ဇူလိုင်(၂)၊၂၀၂၅ခုနှစ်။

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း (People Revolution Force Kyaukse) အနေဖြင့် NUG/MOD/PDF စစ်ရုံးချုပ်အောက်မှ နှုတ်ထွက်ကြောင်းတင်ပြခဲ့ပြီးနောက် တာဝန်ရှိသူများအား တောင်းပန်ကာ MOD တပ်ရင်းအဖြစ် ဆက်လက်တည်ရှိနေမည်ဟု ယနေ့ (ဇူလိုင် ၂ ရက်) အသိပေးထုတ်ပြန်ထားသည်။

ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်းအနေဖြင့် ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရေးရုံးချုပ်ထံ နှုတ်ထွက်ကြောင်း တင်ပြခဲ့ကြောင်း၊ ဧပြီလ ၂၄ ရက်နေ့တွင် ကျောက်ဆည်ခရိုင်တပ်ရင်းအမှတ် – ၂မှ တပ်ရင်းမှူးကိုစစ်နိုင်အား MOD စစ်ရုံးချုပ်မှဟုဆိုကာ ထိန်းသိမ်းခဲ့ပြီးနောက် ယနေ့ (ဇူလိုင် ၂ ရက်) MOD တပ်ရင်းအဖြစ် ဆက်လက်ရပ်တည်မည်ဟု ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA

By RNA Editor