နဂါးဖြူတပ်ရင်းမှ ရဲဘော် (၃) ဦး၏ အမိန့်ပြန်တမ်း

RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။
 
ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာရှိ စစ်ကောင်စီ၏ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသော နဂါးဖြူတပ်ရင်းမှ တပ်စုမှူး ရဲဘော်ပေါ်မဲ (ခ) ရဲထက်အောင်၊ ရဲဘော် ကောင်းခန့်လင်း (ခ) ပဲခူးသား၊ ရဲဘော်ကျော်မင်းထက်တို့ မေလ (၈) ရက်နေ့ တိုက်ပွဲအတွင်း ကျဆုံးခဲ့ရသည့်အတွက် အမိန့်ပြန်တမ်းနှင့် ရက်လည်ဆွမ်းကပ် မှတ်တမ်းဖြစ်သည်။

 
မခရ – ၅၉၈ တိုက်ပွဲအတွင်း အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ ဗျူဟာ (၂၇)မှ နဂါးဖြူတပ်ရင်း၊ တောင်ညိုတပ်ရင်း၊ ၇၈၀၅ တပ်ရင်း၊ ၇၈၀၁ တပ်ရင်း၊ ဒေါနတပ်ရင်း၊ Southern Eagle တပ်ရင်း၊ SOG တပ်ရင်း၊ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Cloudwings ဒရုန်းအထူးတပ်ဖွဲ့၊ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့များ၊ မွန်ပကဖ တိုက်ခိုက်ရေးအဖွဲ့များစသည်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
By RNA Editor