Red News Agency

Independent Journalism for Justice and Human Rights.

ပေးဆပ်စရာ အသက်ပဲရှိတော့ဟု ကျဆုံးသူများနှင့်ပတ်သက်ပြီး ဗိုလ်မိုက်ခဲပြော

RNA_ဧပြီ(၁၀)၊၂၀၂၅ခုနှစ်။
 
ဖလမ်းတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲဘော် (၇) ဦးနှင့် ပတ်သက်ပြီး Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရဲဘော်များအနေဖြင့် ပေးဆပ်စရာ အသက်ပဲ ရှိတော့သည်ဟု ပြောသည်။
 
“ကျွန်တော်တို့မှာ ဆုံးရှုံးစရာလည်း ဘာမှမရှိတော့ဘူး ပေးဆပ်စရာလဲ ဘာမှမရှိတော့ဘူး ကျွန်တော်တို့အသက်ပဲ နောက်ဆုံးမှာရှိတော့တာပေါ့။ ကျွန်တော်တို့ အသက်ရှိစဉ်ကာလအတွင်း အသက်မသေမချင်း ခံယူချက်အတိုင်းကျွန်တော်တို့ပြည်သူ ကျွန်တော်တို့တိုင်းပြည် ကျွန်တော်တို့နောင်လာမဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ်အတွက် အကောင်းဆုံးလုပ်သွားမှာပါ။ အခုလည်း ရဲဘော်တွေ အကောင်းဆုံး မြင့်မြတ်စွာ ကျဆုံးခြင်းပါ။ သူတို့တာဝန်ကျေခဲ့ပါပြီ ကျန်ရှိနေတဲ့ တာဝန်ကို ကျွန်တော်တို့ ဆက်လက်ပြီးတော့ ထမ်းဆောင်သွားမှာပါ” ဟု ဗိုလ်မိုက်ခဲက ပြောကြားထားသည်။

ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း Myingyan Black Tiger တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ၏ ညီတစ်ဝမ်းကွဲတစ်ဦးလည်း ကျဆုံးခဲ့ကြောင်း၊ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသော ရဲဘော် (၃) လည်းရှိကြောင်း၊ ယခုဖော်ပြပါ ရုပ်သံသည် မြို့သိမ်းတိုက်ပွဲအတွင်း ပစ်ခတ်မှုမြင်ကွင်းအချို့နှင့် မြို့တွင်းလှည့်လည်အောင်ပွဲခံနေသော မြင်ကွင်းဖြစ်သည်။
 
[embedyt] https://www.youtube.com/watch?v=ucYWDDvOGuQ[/embedyt]
 
#RedNewsAgency #REDNEWS #RNA #AhNyar #PDF