အရပ်ဝတ်ဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ သတင်းလိုက်လံစုံစမ်းနေသော ရဲဒုတပ်ကြပ်နှစ်ဦီးပစ်ခတ်ခံရ

RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၄ခုနှစ်။

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်အတွင်း ကာကွယ်ရေးအဖွဲ့များ၏ သတင်းလိုက်လံထောက်လှမ်းနေသော လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲဒုတပ်ကြပ် အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်တို့သည် အရပ်ဝတ်ဖြင့် အသွင်ယူနေစဉ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ရဲဒုတပ်ကြပ်အောင်ဒင်နှင့် ဒုတပ်ကြပ်မြတ်စိုးနိုင်တို့နှစ်ဦးသည် အရပ်ဝတ်ဖြင့်အသွင်ယူကာ သတင်းလိုက်လံ စုံစမ်းနေစဉ် ဒီဇင်ဘာ ၁၁ ရက်နေ့ နံနက် (၁၁) နာရီခန့်တွင် ကာကွယ်ရေးအဖွဲ့များက သတင်းအရ ကြိုတင်စောင့်နေပြီး မကျည်းတိုင်း-ဖိုးကိုးလမ်းပေါ်တွင် ဖမ်းဆီးရာ ဆိုင်ကယ်မရပ်သည့်အပြင် လက်ပစ်ဗုံးဖြင့် ပြန်လည်ခုခံရန် လုပ်နေသည့်အတွက် နေရာတွင် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု ရေနံချောင် PDF ကယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

ရဲဒုတပ်ကြပ်နှစ်ဦီးကို စောင့်ဆိုင်းဖမ်းဆီးမှု ပြုလုပ်ရာတွင် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော People’s Defence Force -Yenangyaung၊ Tamar Myay Special Coloum နှင့် Midland Dolphin’s Coloum တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

#RedNewsAgency #RNA #REDNEWS #AhNyar

By RNA Editor