RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။
ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့အသီးအသီးမှ ဗိုလ်လောင်း (၂၃) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့သည့် (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်သည်။
KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးသွားရသည့် ဗိုလ်လောင်းများမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (SLF/TNLA) မှ (၁၁) ဦး၊ အာရက္ခတပ်တော် -AA မှ (၈) ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF မှ (၂) ဦး၊ ချင်းအမျိုးသားတပ်ဦး -CNF မှ (၂) ဦး ကျဆုံးခဲ့ရသည်။
ဦးသိန်းစိန်အစိုးရလက်ထက်၊ စစ်တပ်ကို မင်းအောင်လှိုင်ဦးဆောင်နေသော စစ်တပ် ခြေမြန်တပ်ရင်း (၃၈၉) မှ (၁၀၅) မမဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က KIA ဗိုလ်သင်တန်းကျောင်းကို တိုက်ခိုက်ခဲ့သည့်အတွက် ဗိုလ်လောင်း (၂၃) ဦးကျဆုံးခဲ့ရပြီး (၂၀) ဦးဒဏ်ရာရရှိခဲ့သည်။
#RedNewsAgency #RNA #REDNEWS