အခြေခံစစ်ပညာသင်တန်းကာလအတွင်း အခြေခံနိုင်ငံရေးသိပ္ပံနှင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်များကိုပါ ထည့်သွင်းသင်ကြားနေ

RNA_အောက်တိုဘာ(၇)၊၂၀၂၄ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း (N.S.S.A.A) ၏ အပတ်စဉ် (၄) အခြေခံစစ်ပညာသင်တန်းကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ သိထားသင့်သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်များ၊ အခြေခံနိုင်ငံရေးသိပ္ပံပညာနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း၏ ဖွဲ့စည်းပုံမူဝါဒစသည်တို့ကို ထည့်သွင်းသင်ကြားပေးနေကြောင်း သိရသည်။

N.S.S.A.A၏ အခြေခံစစ်ပညာသင်တန်း၊ သင်တန်းအပတ်စဉ် (၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်များ၊ အခြေခံနိုင်ငံရေးသိပ္ပံပညာစသည်တို့ကို ထည့်သွင်းသင်ကြားပေးနေကြောင်းနှင့် သင်တန်းအတွက် လိုအပ်သော စာအုပ်စာပေများနှင့်တကွ လှူဒါန်းလိုသော ပစ္စည်းများလဲ လှူဒါန်းနိုင်ပါသည်ဟု ရှမ်းပြည်နယ်မြောက်ပိုင်းမဟာမိတ်တပ်ရင်း သင်တန်းကော်မတီရုံးအုပ်က ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

#RedNewsAgency #RNA

By Editor