
Tag: Red News Agency
-

၈၈ မျိုးဆက်( ငြိမ်း/ပွင့်) မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို ထောင်ဒဏ် ၁၅ နှစ်စီချမှတ်
RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မနုနုအောင်၊ မခက်ခက်အောင်၊ ကိုမြတ်သူတို့ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ကျိုက်မရောထောင်တွင်းတရားရုံးမှ ယနေ့ ထောင်ဒဏ် (၁၅) နှစ်စီချမှတ်လိုက်ကြောင်း သိရသည်။
၈၈ မျိုးဆက် (ငြိမ်း/ပွင့်) မှ တောင်သူ လယ်သမားရေးရာဌာနမှ မနုနုအောင်၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနမှ မခက်ခက်အောင်နှင့် မခက်ခက်အောင်၏ သားဖြစ်သူ ကိုမြတ်သူတို့ကို ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ ၅၁ (ဂ) ဖြင့် ထောင်ဒဏ် ၅ နှစ် စုစုပေါင်းထောင်ဒဏ် (၁၅) နှစ်ချမှတ်ခံခဲ့ခြင်း ဖြစ်သည်။ -

ရေစကြိုမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိ
RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၂ ခုနှစ်။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောကျေးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သား အင်အား ၁၀၀ ကျော်စစ်ကြောင်းကို ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များစုပေါင်းပြီး တိုက်ခိုက်ခဲ့ကြသည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံး ဒဏ်ရာရရှိမှုရှိကြောင်း Southern YSO PDF က ထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=73R9_6ucrdo[/embedyt]
စစ်ကောင်စီတပ် အင်အား ၁၀၀ ကျော်ဝင်ရောက်လာသည့် စစ်ကြောင်းကို Southern YSO PDF အပါအဝင် ရေစကြိုမြို့နယ်တွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ မြိုင်မြို့နယ်မှ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၉ ရက်နေ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သား ၄ ဦးသေပြီး ၅ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
#RedNewsAgency
-

တိုက်ပွဲဝင်နေသည့် Justice-PDF (JPDF) တပ်ဖွဲ့၏ လှူပ်ရှားမှု ပုံရိပ်များ
RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၂ခုနှစ်။ကရင်နီပြည်တွင် ကရင်နီတော်လှန်ရေး တပ်ပေါင်းစု K.R.U ညီနောင် တပ်ဖွဲ့ဝင်များနှင့်အတူ တိုက်ပွဲဝင်နေသည့် Justice-PDF (JPDF)၏ လှုပ်ရှားမှု ဓာတ်ပုံများကို ယနေ့ ဖော်ပြထားသည်။
Justice-PDF (JPDF) အနေဖြင့် သေနတ်၇လက် ရရှိရေး Justice Gun ရက်၂၀ Campaign အတွက် မိဘပြည်သူများ၏ ထောက်ပို့တပ်ဖွဲ့များ အလှူရှင်များ https://www.facebook.com/tvoy21 Page သို့ လာရောက်လှူဒါန်းပေးကြရန် ဖိတ်ခေါ်ထားသည်။

-

မကွေးတိုင်း ကမ္မမြို့ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ (၂) ဦးသေဆုံး
RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ရဲစခန်းကို Pakokku People Defense Force-PPDF အဖွဲ့က ယနေ့ နံနက် (၈) နာရီ ၃၀ မိနစ်ဝန်းကျင်က ကားပေါ်မှနေ၍ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးပြီး Pakokku People Defense Force-PPDF တပ်ဖွဲ့မှ ရဲဘော်တဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။[embedyt] https://www.youtube.com/watch?v=XmuRaExkIhc[/embedyt] -

ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး
RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ဦးကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။
GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းက မည်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးသော်လည်း GZ Special Task Force-Watlet မဟာမိတ်ရဲဘော်တဦးကတော့ ဆားတောင်ကျေးရွာမှာ အခြေချနေထိုင်သည် GZ Special Task Force-Watlet အဖွဲ့ကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ (၃) ရက်အတွင်း ပြောင်းရွေ့ရန် ဒီဇင်ဘာ ၁၅ ရက်နေ့က ခေါ်ပြောခဲ့ကြောင်း မီဒီယာတွင် ပြောကြားထားသည်။
-

ကိုင်းလယ်တိုက်ပွဲအပြီး စစ်ဘေးရှောင်များကို ပွင့်ဖြူ PDF ဆေးကုသမှုများပြုလုပ်ခဲ့
RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၂ ခုနှစ်။မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကိုင်းလယ်ကျေးရွာရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်လက်အောက်ခံများနှင့်လေယာဉ်သုံးပစ်ခတ်မှုများအပြီီး ရှောင်တိမ်းနေကြရသည့် ဒေသခံစစ်ဘေးရှောင်ပြည်သူများကို ပွင့်ဖြူပြည်သူ့ကာကွယ်ရေးတပ် – People’s Defence Force Pwintbyu က စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကိုယ်လယ်ကျေးရွာ ရဲစခန်းကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်များက နိုဝင်ဘာလ ၂၂ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီလက်အောက်ခံများ ကျဆုံးမှုများရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူယူခဲ့သည့်အတွက် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ -

တိုက်ပွဲတွင်း စစ်ကောင်စီဘက်က အကျအဆုံးများပြီး ကျားဖြူစစ်ကြောင်းမှ ရဲဘော်တဦးကျ
RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တံတားကျိုးကျေးရှိ စစ်ကောင်စီတပ် တပ်ရင်းအ ကျားဖြူစစ်ကြောင်းမှဦးဆောင်ပြီး ပူးပေါင်းတပိဖွဲ့များဖြင့် ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီဘက်အကျအဆုံးများပြီး ကျားဖြူတပ်ခွဲမှ ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း သိရသည်။
-

ရပ်ကွက်နေပြည်သူများ ကြားရသည့်ပေါက်ကွဲသံသည် စကစ ယာဉ်တန်း တိုက်ခိုက်ခံရမှုဖြစ်
RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ ခုနှစ်။
ဒီဇင်ဘာလ ၁၄ ရက်နေ့ညပိုင်းက မြောက်ဒဂုံမြို့နယ်နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းထိ ကြားခဲ့ရသည့် ပေါက်ကွဲသံသည် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရမှုဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့၊ အရှေ့ဒဂုံမြို့နယ်၊ အမှတ် (၂)လမ်းမကြီးနှင့် ကျန်စစ်သားလမ်းဆုံမီးပွိုင့်အရောက် ကင်းလှည့်နေသည့် စစ်ကောင်စီယာဉ်တန်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်က Generation Z Defense Force & Supply Army (GZDF) မှ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။
[embedyt] https://www.youtube.com/watch?v=ycQFwAoPRHY[/embedyt]
ရန်ကုန်မြို့ရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့များသည် အခွင့်ရတိုင်း စစ်ကောင်စီတပ်သားများနှင့်လက်အောက်ခံများကို တိုက်ခိုက်မှုများရှိကြောင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများကလည်း လမ်းမထွက်ပြီး ဆန္ဒပြမှုများရှိကြောင်း သိရသည်။
-

“အမေ့ရင်တွေ ကျိုးပါပြီ” PDF သူရဲကောင်း မိခင်
RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။
စစ်ကောင်စီတပ်၏ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရသည့် ယင်းမာပင်ခရိုင် တပ်ရင်း၂၈ တွေ့ရာသင်္ချိုင်းဓါးမဆိုင်းတပ်မတော်မှ ရဲဘော် မောင်အောင်ပိုင်စိုး (ကိုယ်ပိုင်အမှတ် -P13028 073) ၏ ဈာပနတွင် မိခင်ဖြစ်သူမှာ ရင်ကွဲမတက် ခံစားငိုကြွေးခဲ့ရသည်။
” သား အမေ့ရင်တွေ ကျိုးပါပြီ ငါ့သားရယ်” ဟု စသဖြင့် တမ်းတမ်းတတ ပြောဆို ငိုကြွေးနေခဲ့သည်။
[embedyt] https://www.youtube.com/watch?v=4tp5EgIVkwo[/embedyt]
-

ကလေး PDF အမျိုးသမီးနေအိမ် ချိပ်ပိတ်လာသည့် စစ်ကောင်စီလက်အောက်ခံများ မိုင်းခွဲတိုက်ခိုက်ခံရ
RNA_ဒီဇင်ဘာ(၈)၊၂၀၂၂ ခုနှစ်။အာဏာသိမ်းစစ်ကောင်စီတပ်ကို လက်နက်ကိုင်တိုက်ခိုက်နေသည့် ကလေးခရိုင် အမှတ် (၆) PDF တပ်ရင်းမှ မချောစုအောင်၏ ကလေးမြို့မှ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံများက ချိပ်ပိတ်သိမ်းဆည်းရန် လာသည့် ယမန်နေ့( ဒီဇင်ဘာလ ၇ ရက်)က မိုင်းခွဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံများ သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။မချောစုအောင် PDF တပ်ဖွဲ့ဝင်ဖြစ်ကြောင်း စစ်ကောင်စီဘက်က သိရှိပြီးနောက် အိမ်ချိပ်ပိတ်နိုင်ရေး ဆောင်ရွက်နေစဉ်အတွင်း မချောစုအောင်က “ အိမ်မီးရှို့ခံရမဲ့ အတူတူမိုင်းထောင်လိုက်မယ်” ဟုဆုံးဖြတ်ကာ အိမ်မှာ မိုင်းထောင်ခိုင်းထားပြီး လာချိပ်ပိတ်ချိန် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ချိပ်ပိတ်လာသည့် စစ်ကောင်စီဘက်တော်သားများ သေဆုံးအရေတွက်ကို ကလေး PDF ဌာနချုပ် ထုတ်ပြန်မှသာ အတည်ပြုနိုင်မည်ဟု မချောစုအောင်၏ အမျိုးသား PDF ရဲဘော် ကိုဂျပန်ကြီးက ပြောသည်။
“ကျနော်အမျိုးသမီးရဲ့စွန်လွှတ်ရဲတဲ့သတ္တိကိုတော့ လေးစားတယ်၊ ဒီတိုင်းပြည်အတွက် သူအကုန်စွန်လွှတ်ထားတယ်ဆိုတာကို ပြည်သူလူထုကို သက်သေချပြလိုက်တာဘဲ” ဟု PDF ရဲဘော် မချောစုအောင်၏ အမျိုးသား ကိုဂျပန်ကြီးက Red News Agency ကိုပြောသည်။