Tag: နွေဦးတော်လှန်ရေး

  • စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

    စစ်ကောင်စီတပ်အထိနာပြီး တိုက်ပွဲအတွင်း လေယာဉ်သုံးပစ်ခတ်၊ စစ်ကောင်စီတပ်က ၁၅ ဦးဝန်းကျင်သေဆုံး

    RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။

    မကွေးတိုင်း၊ ပေါက်မြို့နယ်၊ တောင်မြင့်ရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ တိုက်ခိုက်မှုဖြစ်ကြရာ စစ်ကောင်စီတပ်က (၁၅) ဦးဝန်းကျင်သေဆုံးသည့်အတွက် လေယာဉ်ပစ်ကူယူကာ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဓာတ်ပုံ : ဇူလိုင် ၂၈ ရက်နေ့ ညနေက တောင်မြင့်ရွာဘက် တက်လာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး အသေအဆုံးများသည့်အတွက် လေယာဉ်ပစ်ကူယူပြီး ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် ကျည်ခွံများဖြစ်သည်ဟု PDF Pauk တပ်ရင်း- ၄မှ ယနေ့ ထုတ်ပြန်ထားသည်။

    ပေါက်မြို့နယ်၊ ကျားပစ်ကန်ကျေးရွာကို မီးရှို့အပြီး ဇူလိုင်လ ၂၈ ရက်နေ့က တောင်မြင့်ရွာဘက် အသွား စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပေါက်တောင်ပိုင်း ပျောက်ကြားတပ်ဖွဲ့ – SPGF၊ PDF Pauk တပ်ရင်း- ၄၊ PDF Pauk တပ်ရင်း – ၆၊ Pauk Revolution Front – PRF၊ Knight Commander PDF၊ King Fighter – SGF၊Young Revolution Front – YRFတို့နှင့် တိုက်ပွဲ (၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)

  • မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

    မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး စစ်ကြောရေးမှာ ကျဆုံး 

    RNA_ဇူလိုင်၂၆၊၂၀၂၂ခုနှစ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မြို့နယ်အလုပ်အမှု​ဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူး ဖမ်းဆီးခံရပြီး စစ်ကောင်စီတပ် စစ်ကြောရေးမှာ (၂၄) နာရီအတွင်း ကျဆုံးခဲ့ကြောင်း သိရသည်။

    မင်္ဂလာတောင်ညွန့် မြို့နယ်၊ တောင်ညွန့်ကြီးရပ်ကွက်၊ သစ္စာလမ်း​နေအိမ်မှာ ဇူလိုင် ၂၃ ရက်နေ့ည (၁၁) နာရီ (၃၀) မိနစ်ဝန်းကျင်က ရန်ကုန်တိုင်း စရဖနှင့် သိပ်ဖြူကွင်းအထိုင်ချ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၂၄ ရက်‌ ‌နံနက် (၁၁) နာရီဝန်းကျင် စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရသည်။

    ” ညအဖမ်းခံရပြီး နောက်နေ့ သေသွားတယ်ဗျာ၊ က​လေးကအစ ​ခွေးက အဆုံး လှထူးဆို ချစ်ကြတယ်၊ တကယ်ကြီး စိတ်​ကောင်းရှိပြီး လူသားဆန်တယ်၊ လူ​တွေကို ကူညီတက်တဲ့ ပရဟိတစိတ်ရှိတဲ့လူပါ၊ ကျွန်တော်တို့ အတော်စိတ်မကောင်းဖြစ်ရတယ်၊ မိသားစုက သေတယ်ဆိုတာပဲသိရတာ အလောင်းတောင်မမြင်လိုက်ရဘူး ကြားတယ် ” ဟု မင်္ဂလာတောင်ညွန့် မြို့နယ်နေ ပြည်သူ တဦးက ပြောသည်။

    မင်္ဂလာတောင်ညွန့် မြို့နယ် NLD အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်း ကိုလှထူးမှာ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး ကြီးမားသောရောဂါမရှိကြောင်း၊ ကိုလှထူး၏ ရုပ်အလောင်းကို မိသားစုက တွေ့မြင်ခွင့်မရရှိလိုက်ရကြောင်း၊ စစ်ကောင်စီတပ်က သင်္ဂြိလ်လိုက်ပြီဟု မိသားစုကိုပြောထားကြောင်း သိရသည်။

    Red News Agency

  • ကျဆုံးသူရဲကောင်းများအတွက် မြန်မာနှင့်ထိုင်း ပူးပေါင်းဆန္ဒပြ

    ကျဆုံးသူရဲကောင်းများအတွက် မြန်မာနှင့်ထိုင်း ပူးပေါင်းဆန္ဒပြ

    RNA_ဇူလိုင်၂၆၊၂၀၂၂ခုနှစ်။

    စစ်အာဏာရှင်တို့၏ လူမဆန်သည့် ရက်စက်ယုတ်မာမှုကြောင့် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားခဲ့ရသည့် ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်တို့အပါအဝင် သူရဲကောင်းများအတွက် ရည်ရွယ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ယနေ့ နေ့လည်ပိုင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ Thaphae ဂိတ်မှာ မြန်မာနိုင်ငံသားနှင့်ထိုင်းနိုင်ငံသားတို့ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။

    [embedyt] https://www.youtube.com/watch?v=C_QwMiUYrxM[/embedyt]

    Red News Agency

  • “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့

    “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ ကိုဂျင်မီက နောက်ဆုံးပြောကြားခဲ့

    RNA_ဇူလိုင်၂၅၊၂၀၂၂ ခုနှစ်။
    ကိုဂျင်မီ၊ ကိုဖြိုးဇေယျာ်သော် ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော် တို့ကို ​သေဒဏ်ကျခံထားရပြီး အာဏာသိမ်းစစ်ကောင်စီက ကြိုးမိန့်ပေး သေဒဏ်ပေးဖို့ ပြင်ဆင်နေတာဖြစ်ပြီး ယနေ့ ( ဇူလိုင်၂၄ ရက်စွဲနှင့်) မှာတော့ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးပြီလို့ စစ်ကောင်စီသတင်းစာက ထုတ်ပြန်လာပြီဖြစ်ပါတယ်။
    စစ်အာဏာရှင် လက်ပါးစေတွေက ကိုဂျင်မီကို ကြိုးမိန့်မပေးခင်မှာ သရဏဂုံတင်ခိုင်းပါတယ်၊ Red News Agency သတင်းရင်းမြစ်ကနေကြားသိရတာက “ တော်လှန်ရေးအတွက် လုပ်နေတာ ငါတို့သရဏဂုံ မတင်နိုင်ဘူး” လို့ နောက်ဆုံးကဂျင်မီက ပြောခဲ့ကြောင်း၊ ကိုဂျင်မီကို ကြိုးမိန့်ပေးရာတွင် တော်တော်နှင့် မပြီးတဲ့အတွက် (၁၂) မိနစ်ကြာမြင့်ခဲ့သည်ဟု ဇူလိုင်လ ၂၃ ရက်နေ့ကတည်းက စုံစမ်းသိရှိထားသည်။
    မိသားစုနှင့် အင်းစိန်ထောင်မှာ အွန်လိုင်းက တစ်ဆင့် Zoom နှင့် မိနစ်(၂၀) ပေးတွေ့ခဲ့ ပြီးနောက် ဇူလိုင် ၂၃ ရက်နေ့ နံနက်စောစောမှာ ကိုဂျင်မီနှင့်ကိုဇေယျာသော်ကို ကြိုးပေးမှုကို ပြုလုပ်ခဲ့ကြကြောင်း၊ ဇူလိုင် (၂၄)ရက်နံနက်စောစောက ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို ကြိုးမိန့်ပေး စီရင်ခဲ့သည်ဟု Red News Agency ၏ သတင်းရင်းမြစ််ထံမှသိရသည်။
    “ လူဆိုးတွေကိုတော့ ငါတို့ ဝါတွင်းလည်း သတ်ရမှာပဲ၊ ငါတို့တရားတယ်၊ ဒီကောင်တွေက လူသတ်ကောင်တွေ ငါတို့ဝိနည်းနဲ့ညီတယ်” ဆိုတာမျိုးထိ ထောင်ဝန်ထမ်းတွေက ပြောကြားပြီး ကြိုးမိန့်ပေးခဲ့သည်ဟု စုံစမ်းသိရှိရသည်။
    ယခုရက်ပိုင်း အင်းစိန်ထောင်မှာ ဗျူဟာမှူးအဆင့်က ဦးဆောင်ပြီး စစ်ကောင်စီတပ်သားတွေနဲ့ ရဲတပ်ရင်းအလိုက် ရောက်ရှိနေတယ်ဆိုသည့် သတင်းကို Red News Agency ကတင်ပြခဲ့သည့် ဇူလိုင်၂၃ ရက်နေ့ကတည်းက သေဒဏ်စတင်စီရင်ကြောင်း သိခဲ့ရသော်လည်း သက်သေအထောက်အထားနှင့်တကွ မရရှိသည့်အတွက် တင်ပြနိုင်ခြင်းမရှိခဲ့ပါ။
    ယနေ့အထိ ဒေသဏ်စီရင်ခံရသူများ၏ ရုပ်အလောင်းကို မိသားစုကိုလည်း ထုတ်မပေးသလို ကြိုးမိန့်စီရင်လိုက်ပြီဟုလည်း တိတိကျကျထုတ်ပြန်ထားခြင်းမရှိသေးကြောင်း၊ မိသားစုက အင်းစိန်ထောင် သွားရောက်စုံစမ်းရာတွင်လည်း သတင်းစာတွင် ကြေညာထားသည့်အတိုင်း သေဒဏ်ကျခံရမည့် အကျဉ်းသား (၄) ဦးအား ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြစ်ဒဏ်စီရင်ဆောင်ရွက်ပြီးစီးကြောင်း၊ သတင်းစာမှာပါသည့်အတိုင်းဟုသာ ပြောကြားခဲ့သည်ဟု သိရသည်။
    Red News Agency

  • မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

    မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေ

    မြို့ပြစစ်ဆင်ရေးတွေမှာ ဘာအခက်အခဲတွေ ရှိခဲ့လဲ၊ မြို့ပြစစ်ဆင်ရေးဘာကြောင့် စွန့်ခွါခဲ့ရလဲ၊ နယ်မြေသိမ်းတိုက်ပွဲတွေနှင့် မြို့သိမ်းတိုက်ပွဲတွေအတွက် ပြင်ဆင်နေသည်ဟု မြေပြင်အခြေအနေများကို တပ်ခွဲမှူးကိုဝေလင်း​က ပြောပြထားသည်။

    ” ကျွန်တော်တို့အားလုံး အတူတူစခဲ့ကြတယ် ဒီဟာက၊ ကျွန်တော်တို့ တဖွဲ့တည်းက စခဲ့တာလည်းမဟုတ်ဘူး၊ ကျွန်တော်တို့ သမဂ္ဂကတဖွဲ့တည်းက စခဲ့လို့ ဖြစ်တာလည်း မဟုတ်ဘူး၊ ဘယ်သူစခဲ့လို့ ဖြစ်ခဲ့တာလည်းမဟုတ်ဘူး၊ အားလုံးက ဒီလမ်းကို မတရားမှုကို တွန်းလှန်မယ်ဆိုပြီး ရွေးချယ်ခဲ့ကြတဲ့ လမ်းဖြစ်တယ်၊ စခဲ့ပြီးမှတော့ အားလုံးအဆုံးထိ ပါဝင်စေချင်ပါတယ်” ဟု NPRF တပ်ခွဲမှူး ကိုဝေလင်းက ပြည်သူများကို အမှာစကားပါးထားသည်။

    [embedyt] https://www.youtube.com/watch?v=1jIEtmGrA6U[/embedyt]

    ” ကျွန်တော်တို့အနေနဲ့ စွန့်လွှတ်ခဲ့တယ်၊ ကျွန်တော်တို့ရဲ့ အလုပ်တွေ ကျွန်တော်တို့ရဲ့ ကျောင်းတွေ ဒါတွေကို စွန့်လွှတ်ခဲ့တယ်၊ ဒီကိစ္စတွေကို ငါစွန့်လွှတ်ခဲ့ရတာကွ ဆိုတဲ့ စိတ်တော့ မဝင်စေချင်ဘူး။ ငါတို့ စွန့်လွှတ်ခဲ့ရလို့ ငါတို့ ပိုလုပ်ရလို့ အနစ်နာခံခဲ့ရလို့ ဆိုတဲ့ စိတ်တွေဝင်ခဲ့ရင် ကျွန်တော်တို့အားလုံးဟာ တဖြည်း​ဖြည်း တဖြည်းဖြည်းနဲ့ ခွေးမသား မင်းအောင်လှိုင်နဲ့ တူလာလိမ့်မယ်” NPRF တပ်ခွဲမှူး ကိုဝေလင်းက PDF တွေကိုလည်း ပြောထားသည်။

    Red News Agency အနေဖြင့် မုံရွာခရိုင်အခြေစိုက် မုံရွာခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၃) အနောက်မြောက်လွင်ပြင် တော်လှန်ရေးအင်အားစု NPRF-တပ်ခွဲမှူး ကိုဝေလင်းကို မြေပြင်အခြေအနေတွေ ကြုံတွေ့နေရတာတွေနှင့် ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

    Red News Agency

  • အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

    အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

    RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။

    ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး သာမန်အကျဉ်းသားများထားသည့် အဆောင်တွင်နေထိုင်ရသည့် နိုင်ငံရေးအကျဉ်သားများ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။

    အင်းစိန်အကျဉ်းထောင် (၂) ဆောင်၊ (၃) ဆောင်၊ (၄) ဆောင်၊ (၅) ဆောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ၏ လက်ပါးစေ စည်းကမ်းထိန်း၊ အဆောင်မှူးနှင့် ထောင်ဝန်ထမ်းများက အပြစ်မရှိအပြစ်ရှာကာ ရိုက်နှက်ခံနေကြရသည်။

    ဇူလိုင် ၁၈ ရက်နေ့က ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံထားရသည့် ကိုခန့်သူအောင်ကို နေ့လည်တန်းပိတ်ချိန် တန်စီသည့်အခါ မညီမညာဖြစ်သည်ဟု ရည်ရွယ်ချက်ရှိရှိ ပြစ်ချက်ရှာကာ ထောင်ဝန်ထမ်းများလက်အောက်ခံ စည်းကမ်းထိန်းက ရိုက်နှက်ခဲ့ကြောင်း၊ ကိုခန့်သူအောင်ကို ထောင်ဝန်ထမ်းများကလည်း အပြစ်မရှိ အပြစ်ရှာစောင့်ကြည့်နေကြောင်း ရန်ကုန်စီးပွား‌ရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တဦးက Red News Agencyကို ပြောကြားထားသည်။

    အင်းစိန်အကျဉ်းထောင် ထောင်ပိုင်သည် စစ်တပ်မှ တိုက်ရိုက်ခန့်ထားသူဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို နည်းမျိုးစုံဖြင့် နှိပ်ကွပ်ရန်လက်အောက်ငယ်သား ဝန်ထမ်းများကို အမြဲပြောလေ့ရှိကြောင်း၊ အင်းစိန်ထောင် (၃) ဆောင်တွင် လူ(၅) ဦးထက်ပိုမစုရန် အမိန့်ထုတ်ထားပြီး၊ တန်းပိတ်အိပ်ချိန်တွင် ထမထိုင်ရ၊ နိုင်ငံရေးအကျဉ်းသားများ အခန်းကူးသွားလာမှုများမလုပ်ရ စသည့် မတရားသည့် အမိန့်များထုတ်ထားသည်။

    (more…)

  • ကော်သူးလေတပ်မတော်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ဗိုလ်ချုပ်နယ်ဒါးမြပြောကြား

    ကော်သူးလေတပ်မတော်သည် စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ဗိုလ်ချုပ်နယ်ဒါးမြပြောကြား

    RNA_ဇူလိုင်၂၁၊၂၀၂၂ခုနှစ်။

    ကော်သူးလေတပ်မတော် (ကီဂ်သူလူၤသုးမုဒိဉ်(KAW THOO LEI ARMY)သည် NCA စာချုပ်လွှမ်းမိုးမှုမရှိသော  တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး စစ်ကောင်စီအား အမြန်ဆုံးတိုက်ထုတ်ချေမှုန်မည်ဟု ယနေ့ ဗိုလ်ချုပ်နယ်ဒါးမြက ထုတ်ပြန်ထားသည်။

    KNLA သည် KNU အဖွဲ့အစည်း၏ နိုင်ငံရေးဦးဆောင်မှုအပေါ်  NCA စာချုပ်ဖြင့် စစ်ရေးအရချုပ်နှောင်ခံထားရသဖြင့် စစ်ကောင်စီတပ်ကို ပြတ်ပြတ်သားသားတုန့်ပြန်ရန် အကျပ်အတည်းဖြစ်နေသည်ဟု ရှုမြင်ကြောင်း၊ လက်ရှိအချိန်တွင် စစ်အာဏာရှင်စနစ်ကျဆုံးရေးနှင့် အကြမ်းဖက်စစ်ကောင်စီအား အမြစ်ပြတ်တိုက်ထုတ်ရန် အချိန်ကောင်းဖြစ်သည်ဟု ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

    ကော်သူးလေတပ်မတော် (KAW THOO LEI ARMY)သည် စစ်ကောင်စီတပ်ကို လက်နက်ကိုင် တိုက်ခိုက်နေသည့် ကရင့်လက်နက်ကိုင်အဖွဲ့များသာမက နယ်မြေဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းသွားမည်ဟု သိရသည်။

    ကော်သူးလေတပ်မတော် (KAW THOO LEI ARMY) ၂ဝ၂၂ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့က ဗိုလ်ချုပ် စောနယ်ဒါးမှ စစ်ဦးစီးချုပ်အဖြစ် လက်မှတ်ရေးထိုးပြီးဖွဲ့စည်းလိုက်သည့်အပေါ်  ဇူလိုင်လ ၂၀ ရက်နေ့က KNU မှ စောနယ်ဒါးမြကိုထုတ်ပယ်ကြောင်း ကြေညာခဲ့ပြီး၊ KNLAနှင့် KNDO တို့ကလည်း KAW THOO LEI ARMY ကို အသိအမှတ်မပြု လက်မခံကြောင်း ထုတ်ပြန်ခဲ့ကြသည်။

    Red News Agency

  • ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

    ကိုစိုင်းဘုန်းမင်းသန့်ကို အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုသည့်အတွက် မိခင်က ကြေကွဲစွာ ထပ်ဆင့်ဂုဏ်ပြု

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    ကရင်နီပြည်မှာကျဆုံးခဲ့သည့် ကိုစိုင်းဘုန်းမင်းသန့်ကို ယနေ့ကျရောက်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့မှာ ကရင်နီPDFက အာဇာနည်သူရဲကောင်းအဖြစ်ထည့်သွင်းဂုဏ်ပြုသည့်အတွက် မိခင်ဖြစ်သူက ကြေကွဲစွာနှင့်ထပ်ဆင့်ဂုဏ်ပြုကြောင်း လူမှုကွန်ယက်တွင် ရေးသားထားသည်။

    ကရင်နီပြည် တိုက်ပွဲတနေရာ၌ အသက် (၂၂) နှစ်အရွယ် ကိုစိုင်းဘုန်းမင်းသန့်သည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့က ကျဆုံးခဲ့သည့်အတွက် ဇူလိုင်လ (၂၀) ရက်နေ့ရောက်ပါက ကျဆုံးခြင်း (၉) လပြည့်ပြီဖြစ် ကြောင်း သိရသည်။

    ကိုစိုင်းဘုန်းမင်းသန့် မိခင်သည့် KPDF က ယနေ့ပြုလုပ်သည့် (၇၅) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား မှတ်တမ်းကို ပြန်လည်မျှဝေရာတွင် ” အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုခြင်း…တဲ့ သားစိုင်းဘုန်းမင်းသန့်ရေ..အမေကလဲ ကြေကွဲစွာနဲ့ ထပ်ဆင့်ဂုဏ်ပြုပါတယ်” ဟု လုမှုကွန်ယက်တွင် ရေးသားထားသည်။

    (more…)

  • တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

    တော်လှန်ရေးအောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေး

    RNA_ဇူလိုင်၁၉၊၂၀၂၂ခုနှစ်။

    နွေဦးတော်လှန်ရေးကို ပြည်သူတစ်ရပ်လုံးနှင့်အတူ တော်လှန်ရေး အောင်မြင်သည်အထိ ကြိုးစားတိုက်ပွဲဝင်မည်ဟု ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၇၅ နှစ်မြောက် အာဇာနည်နေ့ အောက်မေ့ဖွယ်အခမ်း အနားမှာ ကတိပြုပြောကြားလိုက်သည်။

    ” ရဟန်းရှင်လူ၊ ကျောင်းသား၊လူငယ်တွေအပါအဝင် တိုင်းရင်းသားပြည်သူတစ် ရပ်လုံးဟာ မိမိတို့ရဲ့လွတ်လပ်စွာရွေး ချယ်နိုင်ခွင့်နဲ့ အခွင့်အရေးတွေကိုပြည့်ဝစွာကျင့် သုံးပိုင်ဆိုင်နိုင်စေဖို့ စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး၊ ဖက်ဒရယ်ဒီမိုကရေ စီစနစ် ထွန်းကားရှင်သန်မှသာဖြစ်နိုင်မယ်ဆိုတာကို ထပ်လောင်းပြောကြားလိုပါတယ်။ ဒါ့ကြောင့် ကျနော်တို့ ယခုဆင်နွှဲ နေတဲ့ နွေဦးတော်လှန်ရေးကိုပြည်သူတရပ်လုံးနဲ့အတူ အောင်မြင်သည်အထိကြိုး စားတိုက်ပွဲဝင်မည်ဆိုတဲ့ကတိကို လည်းပြောကြားလိုပါတယ်” ဟု မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

    ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် တိုင်းရင်းသားခေါင်း ဆောင်များ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးရှုံးခဲ့ရသူအာဇာနည်များနှင့်တကွ ယခုနွေဦးတော်လှန်ရေးကာလတွင် စစ်အာဏာရှင်စနစ်ကို ခုခံဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အသက်စွန့်ခဲ့ကြတဲ့ပြည်သူ့သားကောင်းအာဇာနည်အပေါင်းတို့၏ ကျေးဇူးတရားကို အောက်မေ့ဂုဏ်ပြုရင်း ဦးညွတ်အလေးပြုလိုက်ကြောင်း စသည်တို့ကို ပြောကြားထားသည်။

    Red News Agency

  • KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

    KPDF ဝန်းရံခဲ့သည့် လုံးခင်းအုပ်စု အာဇာနည်နေ့ လမ်းလျှောက်ချီတက်ပွဲ

    RNA_ဇူလိုင် ၁၉၊၂၀၂၂ ခုနှစ်။

    ဖားကန့်မြိုနယ်၊ လုံးခင်းအုပ်စု သပိတ်စစ်ကြောင်းမှ ယနေ့ ကျရောက်သည့် ၇၅ နှစ်မြောက် အာဇာနည်နေ့ ချီတက်အလေးပြုခဲ့ကြသည့် အခမ်းအနားတွင် KPDF များက ပြည်သူများနှင့်အတူ ဝန်းရံချီတက်ခဲ့ကြကြောင်း သိရသည်။

    [embedyt] https://www.youtube.com/watch?v=PcVpFH-xryc[/embedyt]

    Red News Agency