
Tag: နွေဦးတော်လှန်ရေး
-

အင်းစိန်ထောင်မှ ဖမ်းဆီးခံထားရသူ (၅၀၀) ဝန်းကျင် သာယာဝတီထောင်နှင့်ဒိုက်ဦးထောင်ပြောင်းရွေ့
RNA_ဇန်နဝါရီ(၁၆)၊၂၀၂၃ ခုနှစ်။ရန်ကုန်မြို့၊ အင်စိန်အကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူ အမျိုးသမီး (၁၀၀) ဝန်းကျင်နှင့် အမျိုးသား (၄၀၀) ဝန်းကျင်ကို ကား ၄ စီးဖြင့် သာယာဝတီထောင်နှင့် ဒိုက်ဦးထောင်ကို ဇန်နဝါရီ (၁၄) ရက်နေ့ နံနက်ကိုင်းက ပြောင်းရွေ့ခဲ့ကြောင်း သိရသည်။
“ထောင်ပြောင်းသွားတာ အကုန် ၅၀၀ နီးပါးရှိတယ်လို့ ဒီနေ့ ရုံးထုတ်လာသူတွေဆီကနေသိရတယ်၊ အခုရက်ပိုင်းမှနော် အမျိုးသမီးက ၁၀၀ လောက်ပါတယ်၊ သာယာဝတီထောင်ကို အများဆုံးပြောင်းတယ်တဲ့ မိသားစုတွေကတော့ မသိရသေးဘူး ဘယ်သူတွေပြောင်းတဲ့အထဲပါလည်းဆိုတာလေ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတဦးကပြောသည်။ -

ရပ်/ကျေး NLD ပါတီ ရုံးဖွင့်ထားသူ မိသားစု(၈) ဦး အသတ်ခံရ
RNA_ဇန်နဝါရီ (၁၅)၊၂၀၂၃ ခုနှစ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- NLD ပါတီ ရပ်/ကျေးရုံး ဖွင့်လှစ်ထားသည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ရွာတွင် အသက် (၆) နှစ်အရွယ် ကလေးငယ် (၁) ဦးအပါအဝင် ဦးကျော်လှိုင်တို့ မိသားစု (၈) ဦး သတ်ခံရကြောင်း သိရသည်။

” ကျေးရွာနေ NLD ပါတီ ထောက်ခံသည့်မိသားစုများ ဖြစ်ကြသည့် ဦးကျော်လှိုင်နှင့် ဒေါ်မြညွှန့်တို့ နှစ်ဦးအပါ အဝင် မိသားစုဝင် ရှစ်ဦးအား ဓားဖြင့် မွှမ်းထားသည့် ဒဏ်ရာများအပြင် လည်လှီးထားသည့်ပုံစံများဖြင့် ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်” ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် က ယနေ့ ထုတ်ပြန်ထားသည်။
-

စစ်ကိုင်းတိုင်းက “စစ်ခွေးနိဂုံး 2023” ကြွေးကြော်သံ
“စစ်ခွေးနိဂုံး ၂၀၂၃” ၊ “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ”
RNA_ ဇန်နဝါရီ (၁၄)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်းနှင့် စစ်ကိုင်းတိုင်းအတွင်းကျေးရွာများအထိရောက်ရှိပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဒေသခံစစ်ဘေးရှောင်များ ကူညီရေးနှင့် ဒေသခံ PDF များဖြင့် ပူးပေါင်း ဆန္ဒပြပွဲများ ဖော်ဆောင်နေသည့် အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဆန္ဒပြပွဲရုပ်သံများကို ဖော်ပြလိုက်ပါသည်။
[embedyt] https://www.youtube.com/watch?v=cxm5MZSeOEQ[/embedyt]
မုံရွာမြို့နယ်တဝိုက်မှာ “စစ်ခွေးနိဂုံး ၂၀၂၃” “ဆိတ်ခေါင်းချိ်တ်ပြီး ခွေးသားရောင်းတဲ့ ရွေးကောက်ပွဲ” စသည့် စာတန်းများ ကြွေးကြော်သံများဖြင့် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆန္ဒပြခဲ့ကြသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများ ဝင်ရောက်နေသလို လမ်းမထက်က ဆန္ဒပြပွဲများမှာလည်း ယနေ့အချိန်ထိအားကောင်းနေပြီး စစ်ကောင်စီတပ်ကလည်း စစ်ကြောင်းများထိုးကာ ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို နေ့စဉ်ဖျက်ဆီးနေသည်။
Red News Agency
-

တိုက်ပွဲပြန် PDF များကို အိုးစည်ဒိုးပတ် အကများဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို
စစ်ကောင်စီတပ်သား (၅၀) ကျော်သေဆုံးသည့် တိုက်ပွဲအပြန် PDF များကို အိုးစည်ဒိုးပတ် အကအခုန်များဖြင့် ပြည်သူများက ဝမ်းသာအားရ ကြိုဆို
RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက် ကုန်းကြောင်း၊ ရေကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသခံမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်က (၅၀) ဝန်းကျင်သေဆုံးသည့် တိုက်ပွဲအပြန် PDF ရဲဘော်များကို ဒေသခံပြည်သူများက အိုးစည်ဒိုးပတ် အကအကုန်များ အစားအသောက်များဖြင့် အားရဝမ်းသာစွာ များဖြင့် ကြိုဆိုကြောင်း သိရသည်။
“ ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၅၀ကျော် ကျဆုံးပြီး၊ စစ်ကောင်စီတပ်သားများထံမှ လက်နက်ကြီး၊ငယ်များ၊လည်း သိမ်းဆည်းရမိကြသည်။ စစ်ကောင်စီတပ်များ အရှုံးနှင့်ပြန်ဆုတ်သွားပြီးနောက် အောင်ပွဲဖြင့်ပြန်လာကြသည့် တော်လှန်ရေးတပ်ဖွဲ့များကို ကနီမြို့နယ်အတွင်းရှိ ကျေးရွာ ၂၀နီးပါးမှ ပြည်သူ ထောင်ချီဟာ စုရပ် (၇)ခုမှာ စုဝေးကာ အောင်သပြေပန်းများ၊ အိုးစည်ဒိုးပတ် အကအခုန်များစွာဖြင့် သောင်းသောင်းဖြဖြကြိုဆိုကြပြီး၊ အစားအသောက်များ ဧည့်ခံ ကျွေးမွေးခြင်းနှင့်တော်လှန်ရေးထောက်ပံ့ငွေများလည်း လှူဒါန်းကြပါသည်” ဟု Myanmar Defense Force – MDF-ဗဟိုပြန်ကြားရေးကော်မတီက ယမန်နေ့က ထုတ်ပြန်ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=IIGZZbDQovU[/embedyt]
အာဏာသိမ်းစစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် Myanmar Defense Force နှင့် ရွှေဘိုခရိုင်တပ်ရင်း ၂၆၊ ခရိုင် တပ်ရင်း ၁၊၂၊ ကျောင်းသားလက်ရုံးတပ်၊ KPDF၊ ဒေသခံပကဖများ၊ ပြည်သူ့ကာကွယ်ရေတပ်ဖွဲ့စသည်တို့က တိုက်ခိုက်ခဲ့ကြပြီးအပြန် ပြည်သူထောင်ချီပြီး ဆိုကြိုခဲ့ကြသည်ဟု သိရသည်။
Red News Agency
-

“တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ”
RNA_ဇန်နဝါရီ (၁၃)၊၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေး မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက “တရားမဝင်သည့် အတုယောင်ရွေးကောက်ပွဲ လူထုအားနဲ့ တိုက်ဖျက်ကြ” ကြွေးကြော်သံဖြင့် စစ်ကောင်စီပြုလုပ်မည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူများကို အသိပေး ပြောကြားထားခြင်းဖြစ်သည်။
[embedyt] https://www.youtube.com/watch?v=Kd-35WhzEEI[/embedyt]
#RedNewsAgency
-

ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀)ရွာမှပြည်သူ (၇၀၀၀)ကျော် စစ်ဘေးရှောင်နေရ
RNA_ဇန်နဝါရီ (၁၂)၊၂၀၂၃ ခုနှစ်။
စစ်ကောင်စီတပ် စစ်ကြောင်းက ကျေးရွာများအတွင်း ပစ်ခတ်ဝင်ရောက် မီးရှိုါဖျက်ဆီးနေသည့်မတွက် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်(မြောက်ခြမ်း) ကျေးရွာ (၁၀) ရွာမှ ပြည်သူ (၇၀၀၀) ကျော် စစ်ဘေးရှောင်နေရသည်။

Photo : Aung Khant Zaw အင်အား၇၀ခန့်ပါသည့် စစ်ကာင်စီတပ်စစ်ကြောင်းက ယနေ့ နံနက်ပိုင်းက ပိုင်းတောင်ကြီးကျေးရွာနှင့် ကျောက်မှော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ နေ့လည်ပိုင်းမှာ ဖောင်ကထာကျေးရွာရှိ နေအိမ်များကို ထပ်မံမီးရှို့ ဖျက်ဆီးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
-

ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးတို့ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်မည်
RNA_ဇန်နဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။
Lion Battalion Commando-ဗျူဟာစစ်ကြောင်းဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့မဟာမိတ်အဖြစ်တွေ့ဆုံပေါင်းစည်းပြီး မြို့ပြတိုက်ပွဲများကိုယခင်ကထက် အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=DqMncMPzPuA[/embedyt]
ဗျူဟာမှူး ကျော့အယ်စေးဝါးနှင့် ရေးဘီလူးအဖွဲ့ခေါင်းဆောင် ရေးဘီလူးတို့ ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ဆုံပြီးနောက် ” Lion Battalion Commando- ဗျူဟာစစ်ကြောင်းနှင့် ရေးဘီလူးအဖွဲ့တို့ပူးပေါင်း၍ မြို့ပြတိုက်ပွဲများကို ယခင်ကထက် အရှိန်မြှင့်တင်၍ တိုက်ပွဲဝင်သွားမှာဖြစ်ပါသည်။ ပိုမိုပြင်းထန်လာသောတိုက်ပွဲအရှိန်အဟုန်သည် ပြည်တွင်းပြည်ပရှိ ထောက်ပို့ရဲဘော်များ၏ ထောက်ပံ့မှုများနှင့် တိုက်ရိုက်အချိုးကျလျက်ရှိရာ အင်တိုက်အားတိုက် ပါဝင်ကူညီပေးကြဖို့ကိုလည်း တောင်းဆိုအပ်ပါသည်” ဟု Lion Battalion Commando-ဗျူဟာစစ်ကြောင်းက ယမန်နေ့က ထုတ်ပြန်ထားသည်။
-

ကျိန်စာသင့်နေသော ကျောက်စိမ်းမှော်
RNA_ဇန်နဝါရီ (၁၁)၊၂၀၂၃ ခုနှစ်။စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ကျောက်စိမ်းမှော်တွင်းတွေမှာ နေ့ ညမပျက် ကျောက်စိမ်းတူဖော်မှုတွေကတော့ ရှိနေပါတယ်။ ဖားကန့်မှော်တခွင်မှာ စစ်ကောင်စီတပ်နဲ့ KIA တပ်မဟာ (၉) တပ်ရင်း(၆) တို့က ကြီးစိုးထားတာဖြစ်ပါတယ်။လက်နက်ရှိသူတွေနဲ့ ခရိုနီတွေကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်မှာ အင်တိုက်အားတိုက် ကျောက်စိမ်းထုတ်လုပ်မှုတွေ တရားမဝင် ငွေကြေးကောက်ခံမှုတွေ အမျိုးမျိုးနဲ့ ဖားကန့်နယ်တဝိုက်မှာ လူစည်းကား မပျက်ခဲ့ပါဘူး။ သုဿာန်မြေ၊ လမ်းမြေ၊ ဘာသာရေးမြေ ( ဘာသာရေးမြေဟု ခြံခတ်ပြီး ကျောက်စိမ်းတူးနေမှု) တွေကစပြီး မြေလွတ်မှန်သမျှမကျန်အောင် ကျောက်စိမ်း တူးဖော်နေကြပါတယ်။ -

ပြည်သူကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု NUG သမ္မတပြော
RNA_ဇန်နဝါရီ (၁၀)၊၂၀၂၃ ခုနှစ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြည်သူ လူထုကို လက်တွေ့ရလဒ်နှင့် သက်သေပြချင်သည်ဟု ယနေ့ ကျင်းပသည့် NUG ၏ (၈၂) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့သည်။၂၀၂၃ ခုနှစ်ထဲတွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်သလို ပြည်သူ လူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း၊ NUG အစိုးရအနေဖြင့် အတိတ်က ဖြစ်ခဲ့သည့် နိုင်ငံရေး အမှားများကို သင်ခန်းစာယူရမည်ဟု ယာယီသမ္မတက တိုက်တွန်းခဲ့သေးသည်။ -

ပုသိမ်ထောင်မှာ စစ်ကောင်စီလက်အောက်ခံများပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား (၂) ဦးသေဆုံး
RNA_ဒီဇင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ဧရာဝတီတိုင်း၊ ပုသိမ်မြို့ အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ၏ တောင်းဆိုဆန္ဒပြမှုကို စစ်ကောင်စီတပ်လက်အောက်ခံ ရဲနှင့်တပ်က ပစ်ခတ်သည့်အတွက် နိုင်ငံရေးအကျဉ်းသား ကိုဝင်းမင်းထက်နှင့် ကိုဝေယံဖြိုးတို့ သေဆုံးခဲ့ရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း တဦးသာ အတည်ပြုထားနိုင်သေးကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီပေးနေသူများထံမှ သိရသည်။