စခန်းသိမ်းတိုက်ပွဲ

စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

စိန်ခေါ်မှုများအတွင်း အခြေအနေမဟန်ရင် ထွက်ပြေးကြမယ့်ဗိုလ်ချုပ်များ

"တနိုင်ငံလုံးစစ်မျက်နှာ ဖွင့်ထားရတဲ့ စစ်ကောင်စီအနေနဲ့ တပ်တွင်း ပြုန်းတီးအင်အားတွေကြောင့် လက်နက်အင်အားသာရှိပြီး၊ စစ်တိုက်မယ့် လူအင်အားမရှိတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်အပေါ် ရင်ဆိုင်နိုင်စွမ်းမရှိတော့တာ အားလုံးအမြင်ပါ" မောင်ဝိ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေချိန်နောက်မှာတော့ စစ်တပ်ထံမှ တကြိမ်မှ မကြုံဖူး၊ မကြားဖူးခဲ့တဲ့ ထုတ်ပြန်ချက်တွေ၊ လုပ်ဆောင်ချက်ကို မြင်တွေ့လာရပါတယ်။ ဒီဇင်ဘာလ ၃ ရက်နေ့မှာ "နိုင်ငံတော်ကာကွယ်ရေး တာဝန်ပြန်လည်ထမ်းဆောင်ရန် ခွင့်မဲ့/စစ်ပြေး စစ်သည်များက ပြန်လည်ဆန္ဒပြုလာတာရှိလို့ သာမန်ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမယ်လို့" စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ စစ်တပ်ကနေ ထွက်လာတဲ့သူတွေမှာ အကြောင်းပြချက်မျိုးစုံရှိကြပါတယ်။ စစ်တပ်ရဲ့ မတရားမှုကို သိရှိလာပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေကို (CDM) အဖြစ် ပြည်သူလူထုက သတ်မှတ်ကြပါတယ်။ ဒါ့အပြင် (CDM) အဖြစ်မခံယူဘဲ…
Read More
မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်စခန်းတခုကို TNLA နှင့် MDY PDF တို့ အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၈)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းကုန်းတခုအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် TNLA ပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက်နေ့က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းကုန်းကို နံနက် ၈ နာရီတွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ရာ ၁၀ နာရီ ၃၀ မိနစ်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၁၃) လက်နှင့် ဆက်စပ်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်ကောင်စီ တပ််ဖွဲ့ဝင် (၄)ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေဆုံး ၁၅ လောင်းတွေ့ရှိရသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ထုတ်ပြန်ထားသည်။ (more…)
Read More
ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းကို AA အပြီးသတ်သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၂)၊၂၀၂၃ ခုနှစ်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက်၊ စစ်ကောင်စီ၏ ခထီးလှ တပ်စခန်းမှ စစ်ကောင်စီလက်အောက်ခံများ လက်နက်ချအညံ့မခံသည့်အတွက် နိုဝင်ဘာ ၁၈ ရက်နေ့ကစတင်တိုက်ခိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရက္ခိုင့်တပ်တော်-AA ရဲဘော်များက အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ညီနောင်မဟာမိတ်များဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းမြောက်တွင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် စတင်နိုင်ခဲ့သော်လည်း ရက္ခိုင်ဒေသစစ်မျက်နှာ၌ ၁၀၂၇ စစ်ဆင်ရေးကို နိုဝင်ဘာလ (၁၃) ရက်နေ့က စတင်ခဲ့သည့်အတွက် ယနေ့ ( နိုဝင်ဘာ ၂၂ ရက်) သည် ရက္ခိုင်ဒေသအတွင်း စစ်ဆင်ရေးကာလ (၁၀) ရက်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ (more…)
Read More
ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

ဟန်ချက်ညီပူးတွဲစစ်ဆင်ရေးများ တစ်နိုင်ငံလုံးအနှံ့ မကြာမီဆင်နွှဲမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ ကြေညာ

RNA_နိုဝင်ဘာ(၉)၊၂၀၂၃ ခုနှစ်။ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဟန်ချက်ညီပူးတွဲစစ်ဆေင်ရေးများကိုလည်း တစ်နိုင်ငံလုံးအနှံ့ မကြာမီ ဆင်နွှဲသွားမည်ဟု ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သည့် MNDAA + TNLA + AA တို့က ကြေညာထားသည်။ ၁၀၂၇ စစ်ဆင်ရေးကို အထောက်အကူဖြစ်စေရန် နိုဝင်ဘာလ (၇) ရက်နေ့တွင် (၁၁၀၇ စစ်ဆင်ရေး) ဟု အမည်ပေးပြီး ကရင်နီပြည်နယ်ထဲ၌ စစ်ဆင်ရေးကိုစတင်လိုက်သော KNDF အပြင် အခြားသော တော်လှန်ရေးအဖွဲ့များနှင့်ပါ တနိုင်ငံလုံးအနှံ့ စစ်ဆင်ရေးများဆင်နွှဲမည်ဖြစ်သည်။ (more…)
Read More
လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

လေကြောင်းပစ်ကူတောင်းချိန် Mi 35 တောင်မဟုတ် HK လာနေပြီဟုလိမ်ညာခဲ့သည့် စစ်ကောင်စီတပ်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခံနေရချိန် စစ်ကောင်စီလက်အောက်ခံငယ်သားက အကြိမ်ကြိမ် လေကြောင်းပစ်ကူတောင်းနေစဉ် Mi 35 တောင်မဟုတ် HK လာနေပြီဟု စစ်ကောင်စီတပ်အထက်လူကြီးများက လက်အောက်ခံငယ်သားကို ဖုန်းဖြင့် လိမ်ညာပြောကြားခဲ့သည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်ခံနေရချိန် စစ်ကောင်စီတပ်မှ ဖုန်းဖြင့် အချိန်ပြည့်ညွှန်ကြားခဲ့ကြောင်း၊ လေကြောင်းပစ်ကူတောင်းသော်လည်း စခန်းသိမ်းခံရသည်အထိ လေကြောင်းပစ်ကူ မလာခဲ့ကြောင်း၊တိုက်ပွဲကို ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။   #RedNewsAgency
Read More
“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

“သတ္တိရှိရင်တက်ခဲ့” ပြောသည့် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။   စစ်ကောင်စီလက်အောက်ခံများသည် စခန်းအတွင်းမှနေ၍ "သတ္တိရှိရင်တက်ခဲ့လို့" အော်ပြောခဲ့ကြပြီးနောက် ဒေသခံပူးပေါင်းတပ်ဖွဲ့တွေက စခန်းသိမ်းတိုက်ပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု တိုက်ပွဲအတွေ့အကြုံများနှင့် ပတ်သက်ပြီး စခန်းသိမ်းတိုက်ပွဲတွင်ပါဝင်ခဲ့သည့် ABSDF Column-3 ရဲဘော်များက ပြောပြထားသည်။   မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ဂန့်ဂေါခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၃ ရက်နေ့က တိုက်ခိုက််ခဲ့ကြခြင်းဖြစ်သည်။   #RedNewsAgency
Read More
၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ တော်လှန်ရေးအင်အားစု ကရင်နီပူးပေါင်းတပ်ဖွဲ့က ၁၁၀၇ စစ်ဆင်ရေးကို ယမန်နေ့က စတင်ခဲ့ပြီး ပထမနေ့အတွင်း မယ်စဲ့မြို့နယ်၊ ပန်တိန်းကျးရွာအနီးက တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်မှလည်း သေဆုံးမှုရှိကြောင်း၊ အဆိုပါ တိုက်ပွဲကို ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစု နှင့် KNPLF (ကလလတ) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီသတင်းအချက်အလက်စင်တာက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

၁၀၂၇ စစ်ဆင်ရေးအတွင်း တပ်မမှူး တဦးသေဆုံးခဲ့ပြီး တပ်စခန်းများ ဆက်တိုက်သိမ်းပိုက်ခံနေရ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် (၃) ဖွဲ့ ဆင်နွှဲနေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် သေဆုံးသူများထဲတွင် တပ်မမှူးတဦးပါရှိပြီး ယနေ့အထိ စစ်ကောင်စီစခန်းများ ဆက်လက်သိမ်းပိုက်ခံနေရကြောင်း၊ နမ့်ခမ်းမြို့ကိုလည်း TNLA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။ MNDAA၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များ ကိုးကန့်၊ မုံးကိုး နှင့် မူပန်(သိန္နီ) ဒေသများအတွင်း စစ်ကောင်စီတပ်စခန်း ယမန်နေ့က သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်မှ တပ်မမှူး လက်နက်ကြီးပေါက်ကွဲမှုအတွင်း သေဆုံးခဲ့ကြောင်း၊ သံလွင်မြစ်အနောက်ဘက်ခြမ်း ကွမ်းလုံဒေသရှိ စစ်ကောင်စီ၏ လက်နက်ကြီးစခန်းနှင့် ဗျူဟာကုန်းများကို ထိုးစစ်တိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းမှာ ဖော်ပြထားသည်။ (more…)
Read More
စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

စခန်းသိမ်းခံနေရစဉ် အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း မရခဲ့ကြ

RNA_နိုဝင်ဘာ(၇)၊၂၀၂၃ ခုနှစ်။   ရဲစခန်းသိမ်းတိုက်ပွဲဆင်နွှဲခံရချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ တပွင့်ဗိုလ်အေးမင်းစိုးနှင့် တပ်သားတဦးတို့ ၎င်းတို့ အဘများထံ လေကြောင်းပစ်ကူတောင်းခဲ့သော်လည်း လေယာဉ်လေထဲ တက်နေပြီ၊ ၁၅ မိနစ်အတွင်း ရောက်မည်ဟု ပြောကြားခဲ့သော်လည်း စခန်းတခုလုံး အသိမ်းခံရသည့်အချိန်ထိ လေယာဉ်ပစ်ကူ မရခဲ့ကြကြောင်း သိရသည်။   ဂန့်ဂေါမြို့နယ်၊ မင်းရွာရှိ ရဲစခန်းသိမ်းတိုက်ပွဲကို ခရိုင် PDF တပ်ခွဲဲများ၊ ABSDF၊ Hyper UAV Force၊ နယ်မြေခံ ပကဖပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ  ၃ ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဗိုလ်အေးမင်းစိုးအပါအဝင် (၆) ဦးသေဆုံးကြောင်း၊ (၁၁) ဦးလက်နက်ချ အညံ့ခံကာ ၄ ဦးထွက်ပြေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကာ…
Read More
ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

ABSDF ရဲဘော် မြေမြုပ်မိုင်း ရှင်းလင်းနေသည့်မြင်ကွင်း

RNA_နိုဝင်ဘာ(၆)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် တောင်ခင်ရန်း ရဲစခန်းတွင်းမှ စစ်ကောင်စီလက်အောက်ခံများ မြေမြုပ်မိုင်းများထောင်ပြီး ထွက်ပြေးသွားသည့်အတွက် ယနေ့ နယ်မြေရှင်းလင်းစဉ် မိုင်းကျွမ်းကျင်သူ ABSDF Column - 3 ရဲဘော်များ ရှင်းလင်းခဲ့ရကြောင်း သိရသည်။ တောင်ခင်ရန်း ရဲစခန်းကို ABSDF အမှတ် ၁၂ တပ်ရင်းနှင့် မဟာမိတ် PDF တပ်ရင်းများမှ ဝင်ရောက်ရှင်းလင်းစဉ် ABSDF အမှတ်(၃) စစ်ကြောင်း၊ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးကိုယ်တိုင် ဦးစီးခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ထောင်သွားသည့် မြေမြုပ်မိုင်း ၁၀ လုံးကျော် ရရှိကြောင်း ABSDF Column - 3 ပြန်ကြားရေးတာဝန်ခံ ထံမှ သိရသည်။ #RedNewsAgency
Read More