စာသင်ကျောင်း

စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

စိုးမိုးနယ်မြေအတွင်းမှ ကျောင်းဆရာ/ဆရာမများအား နှောက်ယှက်သူများကို အရေးယူမည်

RNA_မေ(၁၉)၊၂၀၂၅ခုနှစ်။ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန်ဒေသ စစ်ဆင်ရေးလှုပ်ရှားနယ်မြေနှင့် ထိစပ်သောနယ်မြေများနှင့် စိုးမိုးဒေသအတွင်း ကျောင်းနေအရွယ်ကလေးသူငယ်များ ပညာသင်ကြားရန်လိုအပ်သည့်အတွက် တာဝန်ထမ်းဆောင်နေသော ကျောင်း ဆရာ/ဆရာမများအား နှောက်ယှက်ဟန့်တားခြင်းနှင့် ဖမ်းဆီးထိန်းသိမ်းခြင်းစသည့်တို့ကို ပြုလုပ်သူများအား အရေးယူမည်ဟု ချင်းကာကွယ်ရေးတပ် - အရှိုမှ ထုတ်ပြန်ထားသည်။ (more…)
Read More
အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဗုံးကြဲခံရမှု ကွယ်လွန်သူ (၂၄) ဦးထိရှိလာ

RNA_မေ(၁၄)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုအတွင်း နေရာတွင် ကွယ်လွန်သူ (၂၂) ဦးရှိသည့်အပြင် ဒဏ်ရာအပြင်းအထန်ရသူများထဲမှ ကလေးငယ် (၂) ဦးထပ်မံ ကွယ်လွန်ခဲ့သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီတပ်မှ မေလ ၁၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အကျော်က လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် နေရာတွင် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦး ကွယ်လွန်ခဲ့ရပြီး (၁၀၀) ကျော် ဒဏ်ရာရရှိခဲ့ပြီးနောက် (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တွင် အသက် (၈) နှစ်နှင့် အသက် (၁၁) နှစ်အရွယ် ကလေးငယ် (၂)…
Read More
လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသား (၂၀) နှင့် ဆရာမ (၂) ဦးတို့ သေဆုံး

RNA_မေ(၁၂)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကြောင်းကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်သွားသည့်အတွက် ကျောင်းသား (၂၀) ဦးနှင့် ဆရာမ (၂) ဦးသေဆုံးခဲ့ပြီး (၄၀) ခန့် ဒဏ်ရာရရိခဲ့သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ရသော ကျောင်းသူ ကျောင်းသားများမှာ မသက်ထားဝေ (G-11)၊ မမို့မို့ဝင်း (G-10)၊ မောင်မြတ်နိုးမောင်မောင် (G-9)၊ မလှအုံးမယ် (G-7)၊ မမို့မြင့်ဟန် (G-7)၊ မမြတ်နိုးဦး (G-7)၊ မောင်ဇေယျာဖြိုး (G-5)၊ မောင်ချမ်းမြေ့အောင် (G-4)၊ မထက်ရတီထွန်း (G-4)၊ မမွန်မီမီအောင် (G-4)၊ မမိုးဟေကျော် (G-4)၊ မောင်ဖိုးမိုးသွန်း (G-3)၊ မအေးခြင်းစံ…
Read More
မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးနေ

မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးနေ

RNA_စက်တင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် စီမံခန့်ခွဲမှုအမှားများဖြင့် တိုင်းပြည်ကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း CDM ကျောင်းဆရာ ဆရာဇောင်းက အညာဒေသတွင်း ပညာရေးအခြေအနေများနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် ထည့်သွင်းပြောကြားထားသည်။ Red News Agency
Read More
ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

ဆိပ်မူကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KIA/KPDFတို့အကြား စစ်ရေးတင်းမာနေသော်လည်း လုံးခင်းကျေးရွာအုပ်စုတွင် ကျောက်တူးဖော်ရေး မြေကွက်များလိုက်လံတိုင်းတာနေ

RNA_ဖားကန့်၊ စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။   ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ Lucky Man Hotel & KTV ၌ KIA/KPDF အချို့အား စစ်ကောင်စီစစ်ကြောင်းက ဖမ်းဆီးထားပြီး နှစ်ဖက် စစ်ရေးတင်းမာနေချိန်တွင် လုံးခင်းအုပ်စု၊ ဆန်ခါကျေးရွာတွင် ကျောက်မျက်တူးဖော်ရးအတွက် လုပ်ကွက်တိုင်းတာခြင်း၊ အိမ်ရာမြေကွက်များတိုင်းတာခြင်းများ ယခုရက်ပိုင်း လုပ်ဆောင်နေသည်။   ဆန်ခါကျေးရွာတွင် ရွာလမ်းမ၏ တစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု၊ အခြားတစ်ဖက်ခြမ်းအား ကုမ္ပဏီလုပ်ကွက်တစ်ခု တူးဖာ်မည်ဖြစ်ပြီး စုပေါင်းကုမ္ပဏီပုံစံသွားမည်ဖြစ်ကြောင်း၊ ဆန်ခါကျေးရွာရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျာင်း၊ ခရစ်ယာန်ဘုရားကျောင်းများပါမကျန် တူးဖော်ရန် KIA မြေတိုင်းတာရေးအဖွဲ့က လုပ်ကွက်ဆွဲထားပြီး အလားတူ တစ်ဆက်တည်းရှိနေသည့် မဇွပ်ယန်ကျေးရွာရှိ နေအိမ်အချို့နှင့်စာသင်ကျောင်းတို့ ပါဝင်သည်။ (more…)
Read More
စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

စစ်ကောင်စီ ကျောင်းများတွင် အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေ

RNA_ဖားကန့်၊ ဇွန် (၁၇)၊၂၀၂၄ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ စစ်ကောင်စီဖွင့် အခြေခံပညာကျောင်းများတွင် အသက်အရွယ်အလိုက် စာသင်နှစ်တစ်နှစ်အတွင်း အတန်းကျော်သည့် မှောင်ခိုဈေးကွက်ထွန်းကားနေကြောင်း ကျောင်းသား မိဘများထံမှ သိရသည်။ “ဖားကန့် ကျောင်းကြီးမှာက ကိုယ့်သားသမီးက အသက်ကြီးနေရင် ကျောင်းစအပ်တာနဲ့ တစ်တန်းတက်စေချင်ရင် သုံးသိန်းခွဲပဲ၊ တစ်နှစ်ထဲ နှစ်တန်းအထိတင်လို့ရတယ်၊ ခုနှစ်သိန်း ကျမှာပေါ့ နှစ်တန်းတင်ဆို၊ အတန်းကြီးတွေက တစ်တန်းတင်မယ်ဆို ငါးသိန်းဈေးပေါက်တယ်၊ ကျောင်းအုပ် ကတော့ မသိဘူး ဒါဆရာမတွေက လုပ်ပေးတာ ဆိုပြီးပြောနေတာပဲ”ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။ မြို့နယ်ပညာရေးမှူးသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်နောက်မှ ပြောင်းလာသည့် ဒေါ်အေးအေးနွယ်ဖြစ်ပြီး ဖားကန့်ကျောင်းအုပ်ကြီးသည် အာဏာမသိမ်းခင်ကတည်းက ကျောင်းအုပ် ဖြစ်သူ ဦးထွဲဝါဖြစ်သည်။ (more…)
Read More
ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…

"စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်" ရန်နိုင် -  Wiper  မိုးဦးရာသီနဲ့အပြိုင် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ တင့်တယ်နေပုံက မြန်မာနိုင်ငံအတွက် မရိုးနိုင်တဲ့အလှအပ တခုပဲ။ သားသမီးတွေကို ရင်အုပ်မကွာ ထားတတ်တဲ့ မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးတွေကို ပညာတတ်ဖို့ဆိုတဲ့စိတ်နဲ့ စာသင်ကျောင်းဆိုတဲ့နေရာကို မပို့ချင်ပေမယ့်လည်း ပို့ကြရတယ်။ စိတ်မချတတ်တဲ့ မိဘတွေက မူလတန်းအရွယ် ကလေးမဟုတ်ပဲ အထက်တန်းကျောင်းသားကြီးတွေဖြစ်နေရင်လဲ ကျောင်းပေါက်ဝထိ…
Read More
စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

စာသင်ကျောင်း တပ်စွဲထားသည့် စစ်ကောင်စီတပ် စီးနင်းပစ်ခတ်ခံရ

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၃ ခုနှစ်။ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ကြသည်။ စခန်းသိမ်းတိုက်ပွဲအဖြစ် ပန်းတိုင်ခြုံကျေးရွာ စာသင် ကျောင်းတပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ဖေဖော် ဝါရီလ (၁၃) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရည်ရွယ်တိုက်ခိုက်ခဲ့သော်လည်း (၁၅) မိနစ်ဝန်းကျင်သာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက် ထိခိုက်သေဆုံးမှုကို အတည်မပြုနိုင်သေးကြောင်း Young Force (UG)က ထုတ်ပြန်ထားသည်။ (more…)
Read More
ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

ကလေးငယ် (၁၁) ဦးအသတ်ခံရမှုကို Save the Children အနေဖြင့် ထိတ်လန့်တုန်လှုပ်မိဟု ထုတ်ပြန် 

RNA_စက်တင်ဘာ (၂၀)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် မကြမ်းဖက် တိုက်ခိုက် ပစ်ခတ်သည့်အတွက် ကလေးငယ် (၁၁) ဦး သေဆုံးခဲ့ရပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာရရှိမှုအပေါ် လွန်စွာထိတ်လန့် တုန်လှုပ် မိပါသည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

စာသင်ကျောင်းကို လေကြောင်းက တိုက်ခိုက်သည့်အတွက် ကလေးငယ် (၄) ဦးပါအဝင် သေဆုံးမှုများပြား 

RNA_စက်တင်ဘာ(၁၇)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း လက်ယက်ကုန်းကျေးရွာ စာသင်နေသည့် ဗုဒ္ဓယဉ်ကျေးမှုသင်တန်းကျောင်းကို ယမန့်နေ့ ( စက်တင်ဘာ ၁၆ ရက်) က အကြမ်းဖက်စစ်တပ်မှ ရဟတ်ယာဉ်များသုံးကာ ဝင်ရောက်ပစ်ခတ်စီးနင်းခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် ပြည်သူများ သေဆုံးခဲ့ရသည်ဟု သိရသည်။ (more…)
Read More