Author: Editor
-

ဒီပဲယင်းမြို့နယ်ညောင်လှကျေးရွာ တတိယအကြိမ်မီးရှို့ခံရမှု မြင်ကွင်း
RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဇန်နဝါရီလ ၂၄ ရက် (၂၅) ရက်နေ့တို့က တတိယအကြိမ်အဖြစ် တရွာလုံးနီးပါးကို မီးရှို့ဖျက်ဆိးခဲ့ကြောင်း မှတ်တမ်းနှင့်တကွ ဒီပဲယင်းမြို့နယ် စစ်ရှောင် ထောက်ပံ့ရေးအဖွဲ့က တင်ပြထားသည်။[embedyt] https://www.youtube.com/watch?v=b6j5MY0T_CM[/embedyt]Red News Agency -

မင်းအောင်လှိုင်ကို ဘာပြောချင်လဲ ?
မင်းအောင်လှိုင်ကို ဘာပြောချင်လဲ? NUG ကိုလာပြောချင်လဲ ?
စစ်အာဏာရှင်ကို လုံးဝအုပ်ချုပ်ခွင့် မရစေရဆိုတဲ့ သန္ဓိဌာန်နဲ့ မြန်မာပြည်သူလူထုတစ်ရပ်လုံးရဲ့ တော်လှန်စိတ်၊ တော်လှန်မာန်တွေဟာ တော်လှန်ရေး (၂)နှစ်ပြည့်ချိန်ထိ ပြင်းထန်အားကောင်းနေဆဲ ဖြစ်ပါတယ်။ အာဏာရှင်တွေ ဘယ်လောက် သက်ဆိုးရှည်ရှည် လူထုကတော့ စက္ကန်နဲ့အမျှ ဆန့်ကျင်နေဖို့ တွေးတောကြံဆနေဆဲ၊ ဆန္ဒရှိနေဆဲဖြစ်ပါတယ်။
[embedyt] https://www.youtube.com/watch?v=0hUI1Fanz2U[/embedyt]
စစ်အာဏာရှင်များအနေဖြင့် အယုတ်မာဆုံး နည်းလမ်းများနဲ့ လူထုကို နှိပ်စက်ညှင်းပမ်းလေ လူထုဆီက ခါးသီးတဲ့ အမုန်းတွေနဲ့ တော်လှန်ပုန်ကန်လိုစိတ်ကိုရလေပါပဲ။ လူထုဟာ စစ်အာဏာရှင် လှမ်းလာမဲ့ တရားမဝင် အတုအယောင် နိုင်ငံရေးလမ်းကြောင်းမှန်သမျှ၊ ခြေလှမ်းမှန်သမျှကိုလည်း နည်းနည်လေးမှ ‘မသတီ’လျက်ရှိနေပါတယ်။ ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ဆန့်ကျင်နိုင်မဲ့ အခွင့်အရေးသာ ရမည်ဆိုပါက လူထုရဲ့ ဒေါသသံတွေအောက်မှာ စစ်ကောင်စီတစ်ခုလုံး လောင်ကျွမ်းပြာကျသွားပါလိမ့်မယ်။
-

တိုက်ခိုက်ရေး အနီးကပ်ညွှန်ကြားနေသည့် ဗိုလ်အယ်စေးဝါး
RNA_ဇန်နဝါရီ(၂၆)၊၂၀၂၃ ခုနှစ်။
ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando – ဗျူဟာစစ်ကြောင်း ဗျူဟာမှူးဗိုလ်အယ်စေးဝါး ဦးဆောင်းသည့် ရဲဘော်များနှင့် မဟာမိတ်များစုပေါင်းကာ အာဏာသိမ်းစစ်ကောင်စီတပ်အထိုင်ချသည့် မြို့ပြများကိုပါဝင်ရောက်တိုက်ခိုက်နေသည်။
[embedyt] https://www.youtube.com/watch?v=tYGBdI_8vsc[/embedyt]
ယနေ့အချိန်ထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးအထိ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲတွင်ပါဝင်ပြီး တိုက်ခိုက်နေသည့် ဗိုလ်အယ်စေးဝါးဦးဆောင်ညွှန်ကြားနေသည့်ရုပ်သံကို Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
Red News Agency
-

ဖားကန့် မှော်စီစာရဲကင်း တိုက်ခိုက်ခံရ
RNA_ဖားကန့်၊ ဇန်နဝါရီ (၂၆)၊၂၀၂၃ ခုနှစ်။ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာရှိ စစ်ကောင်စီ၏ ရဲကင်းစခန်းအား KIA/PDF ပူးပေါင်းအဖွဲ့က ယမန်နေ့ည ၈ နာရီကျော်ခန့်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ရဲကင်းစခန်းမီးလောင်သွားခဲ့သည်။ရဲကင်းစခန်းတိုက်ခိုက်ခံရချိန်တွင် မှော်စီစာဘုရားကုန်းတွင်တပ်စွဲထားသောစစ်ကောင်စီတပ်နှင့် လုံးခင်းလယ်ပြင်ရှိ စစ်ကောင်စီ၏ ယမ်းချက်စက်ရုံတို့မှ လက်နက်ကြီးပစ်ကူ အချက်(၃၀)ထက်မနည်း ပစ်ကူပေးခဲ့ကြရပြီး KIA/PDF မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ -

ကျဆုံးခဲ့ရသည့် တပ်ရင်းမှူးအပါအဝင် ရဲဘော် (၄) ဦး ရုပ်အလောင်းမရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရ
RNA_ဇန်နဝါရီ(၂၅)၊၂၀၂၃ ခုနှစ်။ရှမ်းပြည်နယ် (တောင်ပိုင်း)၊ အင်းလေးဒေသ၊ ညောင်ရွှေမြို့နယ်၊ သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာများအနီးဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က (၅) ဦးကျဆုံးခဲ့ရာတွင် အင်းလေးပြည်သူ့ကာကွယ်ရေးတပ်မှ တပ်ရင်းမှူးပါအဝင် (၄) ဦးမှာ ရုပ်အလောင်းပြန်မရဘဲ ဂူသွင်းသင်္ဂြိုလ်ခဲ့ရကြောင်း သိရသည်။
ညီညွတ်သောရှမ်းတောင်ဖက်ဒရယ်တပ်ပေါင်းစု နှင့်ညီနောင်တပ်ရင်းများနှင့် စစ်ကောင်စီတပ်၊ အင်းပျူစောထီးနှင့် PNO(ပြည်သူ့စစ်)တို့ ဇန်နဝါရီလ (၃) ရက်နေ့က သန်းတောင်ကျေးရွာနှင့် ဘုရားနီကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ (၃၀) ကျော်သေဆုံးခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် အမှတ် (၁၀၀၇)တပ်ရင်း(မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်၂ )မှ ရဲဘော် ရဲဘော်မိုး၊ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -IPDF ၏ တပ်ရင်းမှူး ရဲဘော် သခွားသီး၊ သင်တန်းမှူး ရဲဘော် အယ်ကျော်၊ တပ်စိတ်မှူး ရဲဘော်မြတ်သူနှင့် ရဲဘော် ဖြိုးသန့်အောင် (ခ) ကတုံးတို့ ကျဆုံးခဲ့ရသည်။ -

စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီ ယာယီအထိုင်ရုံး ဗုံးကြဲခံရ
RNA_ဇန်နဝါရီ(၁၅)၊၂၀၂၃ ခုနှစ်။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်းများစီမံခန့်ခွဲမှုကော်မတီယာယီအထိုင်ရုံးပြုလုပ်ထားသည့် ပလိပ်ထွီ ဘုန်းတော်ကြီးကျောင်းအဆောက် အဦပေါ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဇန်နဝါရီလ ၂၃ ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“လေယာဥ်ဗုံးကြောင့် တစ်ဖွဲ့လုံးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြပါတယ် အဖွဲ့၀င် နှစ်ယောက်မှာ ပြင်းထန်ဒဏ်ရာ မစိုးရိမ်ရ အခြေအနေပါ။ ငွေသားသိန်းသုံးဆယ်၊ ရုံးသုံး Computer တစ်လုံး၊ Solar သုံးချပ်၊ Hymon Jeep ကား တစ်စီး ၊ Battery လေးလုံး၊ ဖုန်းနှစ်လုံး၊ Printer တစ်လုံး ၊ ဆိုင်ကယ် နှစ်စီး ၊ ခြုံစောင်များ နှင့် အခြားလူသုံးကုန်ပစ္စည်း အားလုံးနီပါး စုတ်ပြတ်ပျက်စီးသွားခဲ့ပါတယ်” ဟု Mindat Township IDPs Camp Management Committee က ယနေ့ ထုတ်ပြန်ထားသည်။ -

အလယ်ရှိုကျေးရွာ မီးရှို့ဖျက်ဆီးခံရမှုအတွင်း အရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရ
RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ အလယ်ရှိုကျေးရွာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများပါအဝင်သည့် အင်အား ၁၀၀ ကျော်ဝန်းကျင်က ပစ်ခတ်ဝင်ရောက်စီးနင်းမှုအတွင်း အိမ်ခြေ ၁၀၀ ကျော််မီးရှို့ဖျက်ဆီးခံရပြီးအရပ်သား ပြည်သူ (၉) ဦးသေဆုံးခဲ့ရသည်ဟု NUG လူ့အခွင့်အရေးဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
” ရွှေဘိုလေ့ကျင့်ရေး အမှတ် (၈) တပ်၊ ဇီးကုန်းသကြားစက်အတွင်း တပ်စွဲထားသည့် တပ်နှင့် ပျူစောထီး ပူးပေါင်းအင်အား ၁၀၀ကျော်သည် အလယ်ရှိုကျေးရွာကို လက်နက်ကြီး လက်နက်ငယ်များဖြင့် အကြမ်းဖက်ဝင်ရောက်ပိတ်ဆို့ခဲ့ပြီး ထွက်မပြေးနိုင်သည့်ရွာသားများကို လူသားဒိုင်းအဖြစ်အသုံးပြုကာ ကျေးရွာအတွင်းရှိ ရွာသူ ရွာသားများအား အကြမ်းဖက်သတ်ဖြတ်ခဲ့သည်။ အဆိုပါ အကြမ်းဖက်မှုကြောင့် အရပ်သားပြည်သူ (၉)ဦး အသက်ဆုံးရှုံးခဲ့ပြီး အိမ်ခြေ (၁၀၀) နီးပါး မီးရှို့ဖျက်စီးခံခဲ့ရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-

ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ်က (၂၂) ဦးသေဆုံးဟု ထုတ်ပြန်ထား
RNA_ဇန်နဝါရီ(၂၄) ၂၀၂၃ ခုနှစ်။ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာသို့ ပိတ်ဆို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄) ပါအဝင် ရေနီလေ့ကျင့်ရေး(၅) တပ်နှင့် နေပြည်တော် တပ်ပေါင်းစု စစ်ကြောင်းမှတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၂၂) ဦး သေဆုံးပြီး ၁၅ ဦးအပြင်းအထန်ဒဏ်ရာရရှိသွားသည်ဟု Northern Thandaung Defence Force (Special Region) က ထုတ်ပြန်ထားသည်။ဇန်နဝါရီလ(၁၆-၁၇)ရက်နေ့က Northern Thandaung Defence Force(Special Region) ၏ လက်အောက်တွင် ခေတ္တခိုလှုံသည့်တပ်ရင်းဖြစ်သော တောင်ငူခရိုင်၊ရေတာရှည် PDF တပ်ရင်း ( ၃၅၀၁) တပ်ခွဲ(၄) ကို နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်ကို မဟာမိတ်များပူးပေါင်းကာ ဇန်နဝါရီလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။” Northern Thandaung Defence Force (Special Region) နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ၏ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်များမှ စစ်ကောင်စီ တပ်သား (၂၂) ဦး သေဆုံး ခဲ့ပြီး (၁၅) ဦး အပြင်းအထန် ဒဏ်ရာဖြင့် ၄င်းတို့ တပ်စွဲထားသော ပဲခူးတိုင်း၊ရေတာရှည်မြို့နယ်၊ နဂျပ်ကျေးရွာမှ ဆုတ်ခွာသွားပါသည်” ဟု Northern Thandaung Defence Force (Special Region ) ကထုတ်ပြန်ထားသည်။တိုက်ပွဲအတွင်း Northern Thandaung Defence Force (Special Region) ရဲဘော်တဦး ကျဆုံးခဲ့ရပြီး၊ ရဲဘော်တဦးမှာ မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့ များက စစ်ဆင်ရေးကို ကောင်းမွန်စွာ ဆင်နွှဲနိုင်ခဲ့ကြောင်း၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းသည် နယ်မြေကို Northern Thandaung Defence Force (Special Region) က ထိန်းချုပ်ထားသည့်အတွက် စစ်ကောင်စီတပ် နယ်မြေကျူးကျော်လာပါက အချိန်မရွေးတိုက်ပွဲဖြစ်ပွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ -

ခုခံတော်လှန်စစ် ဒီထက်အောင်မြင်အောင် ကြိုးပမ်းရမည်ဟု NUG ယာယီသမ္မတပြော
RNA_ဇန်နဝါရီ(၂၄)၊၂၀၂၃ ခုနှစ်။
နွေဦးတော်လှန်ရေး ခုခံစစ်ကို ဒီထက်အောင်မြင်အောင် ကြိုးပမ်းကြရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ -NUG ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့ ပြုလုပ်သည့် NUG (၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ပြောကြားခဲ့သည်။

” ခုခံတော်လှန်စစ်ကို ဒီထက်အောင်မြင်အောင်လည်း ကြိုးပမ်းလုပ်ဆောင်ရမယ်၊ အဆုံးသတ် အဖြစ်နဲ့ အပြုတ်တိုက်ရမယ့် တိုက်ပွဲအတွက်လည်း အစစအရာရာ စနစ်တကျ ပြင်ဆင်ထားရမယ်၊ တော်လှန်ရေး သက်လုံတွေ မြှင့်ထားရမယ်၊ အဆုံးသတ် တိုက်ပွဲကို ဦးတည်နိုင်မှ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို မျှော်လင့်နိုင်မယ်” ဟု ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။
-

ရဲဘော်သာဒင် ကျဆုံးခဲ့ရသည့်အတွက် ငွေတောင်စားသောက်ဆိုင်အသိုက်အဝန်းအား တိုက်ခိုက်ခြေမှုန်းမည်
RNA_ဇန်နဝါရီ(၂၃)၊၂၀၂၃ ခုနှစ်။
ငွေတောင်စားသောက်ဆိုင်ဝန်ထမ်းများနှင့် အပေါင်းအပါများက ဝိုင်းဝန်းရိုက်နှက် ဖမ်းဆီးပေးခဲ့သည့် Freelance Attack Force – FLA ရဲဘော် ချောကလက် (ခ ) ရဲဘော်သာဒင်မှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ကျဆုံးခဲ့ရကြောင်း FLAက ယနေ့ ထုတ်ပြန်ထားသည်။

“အဆိုပါဖြစ်ရပ်ကြောင့် မိမိတို့ Freelance Attack Force – FLAမှ များစွာ ဝမ်းနည်း ယူကြုံးမရဖြစ်ရပြီး မိမိတို့၏ ရဲဘော် ချောကလက် (ခ ) သာဒင်၏ သွေးကြွေးအဖြစ် ငွေတောင်စားသောက်ဆိုင် အသိုက် အဝန်းအား တိုက်ခိုက်ခြေမှုန်းသွားဖြစ်ပါကြောင်း အသိပေးထုတ်ပြန် ကြေညာလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။