Red News Agency

Independent Journalism for Justice and Human Rights.

Author: Editor

  • PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

    PDF (၃) ဖွဲ့ ပူးပေါင်း တင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်

    RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်းအတွင်း၊ စစ်ကောင်စီတပ်ကို လက်နက်ကိုင်တော်လှန်နေသည့် ညီနောင် မဟာမိတ် PDF (၃) ဖွဲ့ ဖြစ်သည့် Golden Eagle Defence Force – GEDF၊ Myin Mu Defence Force – MMDF၊ Just Fighter Force ရဲဘော်များ ပူးပေါင်းတင်ဆက်ထားသည့် တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများအတွက် တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=-KAkVplHWK0[/embedyt]

    #RedNewsAgency

  • ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

    ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့်စစ်ကောင်စီတပ်ကို တိုက်ခိုက်

    ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန်သည့်အနေဖြင့် ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲနေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်
     
    RNA_ဧပြီ(၁၆)၊၂၀၂၃ ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ အစုလိုက်အပြုံလိုက် သတ်ခံရမှုအတွက် လက်တုန့်ပြန်သည့်အနေဖြင့် မြင်းမူမြို့နယ်၊ ဘုန်းမကြီးကင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် အင်အား (၈၅) ဦးခန့်ပါ စစ်ကြောင်းကို ယနေ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လက်လုပ် ၈၀ မမဖြင့် (၈) ကြိမ်၊ ၆၀ မမ ဖြင့် (၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Dog Killers People’s Defence Force Myinmu ကယနေ့ ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=NgLYdnoSY6k[/embedyt]
     
    “ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကိုလေကြောင်း ဖြင့်လူမျိုးတုံးသက်ဖြတ်မှုကို မလိုလား၍ ပဇီကြီးကျေးရွာအတွက် လက်တုန့်ပြန့်သောအနေဖြင့် မြင်းမူမြို့နယ် ဘုန်းမကြီးကင်းကျေးရွာတွင် အင်အား ၈၅ဦးခန့် အထိုင်ချနေသော စစ်ခွေးများအား ၈၀မမ ဖြင့် ၈ကြိမ်၊ ၆၀ မမ ဖြင့် ၂ ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မှုကြောင့် စစ်ခွေး၈ကောင်သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားနိုင်ကြောင်း သတင်းရရှိပါသည်။ စစ်ခွေးများဘက်မှလက်နက်ကြီး လက်နက်ငယ်ဖြင့် ပြန်လှန်ပစ်ခတ်မှု့ကြောင့်တော်လှန်ရေးရဲဘော်များဘက်မှ တစ်ဦးထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • အကြတ်နေ့လည်း ရပ်ကွက်များအတွင်း ရေကစားပျော်ပါးသူ နည်းပါးပြီး တိတ်ဆိတ်နေ

    အကြတ်နေ့လည်း ရပ်ကွက်များအတွင်း ရေကစားပျော်ပါးသူ နည်းပါးပြီး တိတ်ဆိတ်နေ

    RNA_ဧပြီ(၁၅)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်တိုင်းအတွင်း မြို့နယ်များမှ ပြည်သူများသည် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်အကြတ်နေ့ ယနေ့ နံနက်ပိုင်းတွင် ရေကစား ပျော်ပါးသူနည်းပါးပြီး တိတ်ဆိတ်နေကြောင်း တွေ့ရှိရသည်။
    သင်္ကြန်အကြတ်နေ့ ရောက်ပြီဖြစ်သော်လည်း ရန်ကုန်ရှိ မြို့နယ်ရပ်ကွက်များထဲတွင် ရေကစားသူနည်းပါးပြီး စစ်ကောင်စီကို ဆန့်ကျင်နေကြကြောင်း မြို့ခံများက ပြောသည်။

    (more…)

  • စစ်ကောင်စီပြုလုပ်သည့် ပြည်သူ့ရင်ပြင် သင်္ကြန် စည်ကားရေး လာရောက်သူများကို ဒံပေါက်ဝေ

    စစ်ကောင်စီပြုလုပ်သည့် ပြည်သူ့ရင်ပြင် သင်္ကြန် စည်ကားရေး လာရောက်သူများကို ဒံပေါက်ဝေ

    RNA_ဧပြီ(၁၅)၊၂၀၂၃ ခုနှစ်။
     
    ပြည်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်၊ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီးနေသည့် စစ်ကောင်စီပြုလုပ် သင်္ကြန်တွင် ပြည်သူများ ပူးဆောင်ဆောင်ရွက်မှုမရှိသည့်အတွက် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင် သင်္ကြန်ပွဲ လူများလာရောက် စည်ကားစေရေး ဒံပေါက်ဝေပေး‌နေရကြောင်း သိရသည်။
     
    ပြည်သူရင်ပြင် ညာဘက် အဝင်ဘက်ခြမ်းတွင် စစ်ကောင်စီတပ်သားများနှင့် ရဲများက လာရောက်သူများ၏ ဖုန်း၊ စီးကရက်ဘူး၊ အိတ်တို့ကို စစ်ဆေးမှုများ အထူးတင်းကြပ်လုပ်ဆောင်နေပြီး၊ ကားများကိုလည်းတစ်စီးချင်း အစစ်အဆေးကြမ်းလျက်ရှိကြောင်း၊ ပစ်ခတ်သတ်ဖြတ်ရန် အသင့်အနေအထား လုပ်ဆောင်ထားသည်။

    (more…)

  • သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

    သဲဖြူကျေးရွာ အထိုင်ချနေသည့် စစ်ကောင်စီတပ် တိုက်ပွဲအတွင်း (၂၀) ကျော်သေဆုံးနိုင်ဟု ခန့်မှန်း 

    RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။

    တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သဲဖြူကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၂၀) ကျော်သေဆုံးနိုင်ကြောင်း People Defense Wrganization – Tanintharyi Division က ခန့်မှန်းထားသည်။

    စစ်ကောင်စီတပ်သည် သဲဖြူကျေးရွာသို့မတ်လ (၂၈) ရက်နေ့က စတင်ပြီး စစ်ကြောင်းထိုးရောက်ရှိကာ ယာယီတပ်စွဲနေထိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်း မဟာမိတ်တပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဧပြီလ (၁၂)ရက်နေ့တွင် စစ်ကောင်စီတပ်သားများ ပြန်လည်ဆုတ်ခွါသွားကြောင်း၊ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းတချို့နှင့် အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်း သိရသည်။

    (more…)

  • ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

    ပြည်သူတဦးကို ခေါ်ယူရိုက်နှက် သတ်ဖြတ်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို မြို့ပြပြောက်ကျားတပ်ဖွဲ့ လက်တုန့်ပြန်မည်

    RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်တွင်နေထိုင်သည့် အမျိုးသားတဦးကို ခေါ်ယူဆုံးမသည်ဟုဆိုကာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ရိုက်နှက်ရာမှ သေဆုံးသွားခဲ့ရသည့်ကိစ္စအတွက် ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့မှ လက်တုန့်ပြန်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
     
    မြောက်ဥက္ကလာပမြို့နယ်၊ (ဌ) ရပ်ကွက်အတွင်းနေထိုင်သည့် ကိုဖိုးအောင် (ခ) ကိုအောင်ဖြိုးဝေအား ဧပြီလ (၇) ရက်နေ့ နေ့လည်က ဌ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဇနီးဖြစ်သူက တိုင်ထားသည့်အတွက်ဟုဆိုကာ လာခေါ်ပြီး ရိုက်နှက်ကြကြောင်း၊ စစ်ကောင်စီလက်အောက်ခံ (ဌ) ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၏ ရိုက်နှက်မှုကြောင့် ကိုဖိုးအောင်သည် ဧပြီလ ၁၃ ရက်နေ့ ညနေ (၅) နာရီ (၁၀) မိနစ်ခန့်က ကွယ်လွန်ခဲ့ရသည့်အတွက် ယနေ့ (ဧပြီ ၁၄ ရက်) ညနေ (၃) နာရီတွင် ရေဝေသုဿာန်တွင် မီးသင်္ဂြိုဟ်မည်ဖြစ်ကြောင်းသိရသည်။

    (more…)

  • သင်္ကြန်အကျနေ့ ရန်ကုန်မြို့ နံနက်ပိုင်းမြင်ကွင်း

    သင်္ကြန်အကျနေ့ ရန်ကုန်မြို့ နံနက်ပိုင်းမြင်ကွင်း

    RNA_ဧပြီ(၁၄)၊၂၀၂၃ ခုနှစ်။
     
    ရန်ကုန်မြို့လယ်တဝိုက်တွင် နှစ်စဉ်နှစ်တိုင်း သင်္ကြန် စည်ကားနေသည့် နေရာများတွင် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်ကို ပြည်သူများမပူးပေါင်းသည့်အတွက် ယနေ့ (သင်္ကြန်အကျ) နံနက်ပိုင်း (၉) နာရီကျော်က လမ်းမပေါ်တွင် ရေကစားသူမရှိကြောင်း သိရသည်။
     
    စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုမရှိကြောင်း၊ စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် လေကြောင်းအသုံးပြုတိုက်ခိုက်ခြင်းနှင့် ကျေးရွာများကို မီးရှို့ဖျက်ဆီခြင်းများ ပြုလုပ်နေသည့်အတွက် ပြည်သူများက စစ်ကောင်စီကိုလက်မခံသည့်အတွက် စစ်ကောင်စီပြုလုပ်သည့် သင်္ကြန်တွင်လည်း ပူးပေါင်းပါဝင်မှုမရှိကြောင်း သိရသည်။

    (more…)

  • ပိုင်တံခွန်၊ G-Fatt တို့ စစ်ကောင်စီ ကြည်း၊ရေ၊လေ ဘီယာစတုဒီသာ သင်္ကြန်မဏ္ဍပ်တွင်ပြန်ပေါ်လာ

    ပိုင်တံခွန်၊ G-Fatt တို့ စစ်ကောင်စီ ကြည်း၊ရေ၊လေ ဘီယာစတုဒီသာ သင်္ကြန်မဏ္ဍပ်တွင်ပြန်ပေါ်လာ

    RNA_ဧပြီ(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည့် သရုပ်ဆောင်ပိုင်တံခွန်၊ တာချီလိတ်ဘက်တွင် ခံဝန်ထိုးပြီး ပြန်ဝင်လာသည့် အဆိုတော် G-Fatt တို့ ယနေ့ ဧပြီ (၁၃) ရက်နေ့တွင် စစ်ကောင်စီ၏ ကြည်း၊ရေ၊လေ ဘီယာစတုဒီသာ သင်္ကြန်မဏ္ဍပ်တွင် အဆိုတော် ယုန်လေးနှင့်အတူပြန်ပေါ်လာသည်ကို တွေ့ရသည်။

    #RedNewsAgency

  • အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

    အညာမီးလောင်ပြင်မှ တော်လှန်သင်္ကြန်သံချပ်

    RNA_ဧပြီ(၁၃)၊၂၀၂၃ ခုနှစ်။

    စစ်ကိုင်းတိုင်းအညာတွင် စစ်ကောင်စီတပ်၏ ရွာလုံးကျွတ်မီးရှို့ခံရမှုများမှာ တနိုင်ငံလုံး တကမ္ဘာလုံး သိပြီးဖြစ်သည့်အတိုင်း စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေကြသည်မှာလည်း နေ့စဉ်ဖြစ်သည့်ကြားက ၂၀၂၃ အညာမီးလောင်ပြင်မှ ရဲရဲတောက်သံချပ်ကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က တင်ဆက်ထားခြင်းဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=ocvOpQmnQDw[/embedyt]

    Red News Agency

  • သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

    သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲ တိုက်မည်

    RNA_ဧပြီ(၁၂)၊၂၀၂၃ ခုနှစ်။
    စစ်ကိုင်းတိုင်း၊ ကန့်ပလူမြို့နယ်၊ ပဇီကြီးကျေးရွာအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးသွားသူများ၏ ကျန်ရစ်သူမိသားစုများက ရရာလက်နက်ဆွဲတိုက်ခိုက်မည်ဟု ပြောနေကြကြောင်း၊ နောက်ဆုံးအခြေအနေများကို ယနေ့ နေ့လည်ပိုင်းက ဆက်သွယ်မေးမြန်းထားခြင်းဖြစ်သည်။
    [embedyt] https://www.youtube.com/watch?v=eKnfKB2u8b0[/embedyt]